ads bit

Pages

Saturday, May 4, 2019

Diclofenac induced shock

Image may contain: one or more people
အဖျားက ၁၀၂။ နေ့လည်က အကောင်းကြီး။ ၂ နာရီထိုးမှ ကောက်ဖျားလာတာ။ ဆေးခန်းက ဆေးထိုးပြီး ပြန်လာပြီးတော့ ချွေးတွေ အရမ်းထွက်တာပဲ။ အ၀တ်အစားတွေ ၄-၅ စုံလောက် လဲယူရတယ်။ အဲဒါပြီးတော့ တကိုယ်လုံးအေးစက်ပြီး မလှုပ်နိုင်တော့ဘူး။ ဆေးခန်းက ဆရာဝန်ပြန်သွားပင့်ပြီး ခေါ်ပြတော့ ဆေးရုံကို သွားဖို့ ပြောတယ်။ ဒါနဲ့ပဲ ဒီဆေးရုံရောက်လာတာ။

လူနာက အသက်ကြီးကြီး ၇၈။ သွေးပေါင်က တိုင်းမရ။ Palpable 70…
ထူးခြားတာက သွေးခုန်နှုန်း မြန်မလာဘူး။ ၇၆။
Diclofenac induced shock ပဲလို့ ဆေးကုရတယ်။ iv Fluid + im adrenalin + iv steroid
Anaphylaxis က ဒီလောက် ချွေးမထွက်ဘူး။

မနက်တော့ အခြေအနေပြန်ကောင်းလာတယ်။
တကယ်တော့ အသက် ၆၅ ကျော်ရင် NSAIDs တွေကို မပေးဖို့ Guideline တွေက တားပြီးသား။ ဆရာဝန်တော်တော်များများ မလိုက်နာကြ။ အဖျားက တကယ်ဆို မသေလောက်ဘဲနဲ့ Diclofenac ကြောင့် အစာအိမ်သွေးကြောပေါက် သို့ ကျောက်ကပ်ပျက်ပြီး ကြွေလွင့်ရသူတွေရှိခဲ့ဖူး။

တကယ်ဆို အဖျားအတွက် Paracetamol 2-3 g per day ပေးရုံသာ။ ခုတော့ မစို့မပို့နဲ့ Para 500 ၂ကြိမ်လောက်တာ ပေးနေကြတာ များနေ။ လောက်လောက်လားလားနဲ့ Para 750 mg tds ပေးကြည့်ပါလား။ အဖျားက ကျလိုက်သမှ လိုက်တောင်ဆွဲယူရဦးမယ်။

လူနာက တကယ်တော့ Diclofenac Allergy မရှိ။ ထူးခြားတာက Diclofenac shock ရသွားတဲ့ လူနာတွေအားလုံး အဖျားပြန်တက်တာ မတွေ့ရ။ ဒီလူနာမှာ Blood culture က E.coli တောင် ပေါက်သေးတာ။ အဖျားပြန်မတက်ဘူး။

လူနာတွေကလည်း ဆေးထိုးမှ ကြိုက်တော့ ခက်ပြီလေ။
https://www.facebook.com/photo.php?fbid=10154248332461707&set=a.10150266764596707&type=3





 

No comments:

Post a Comment