ads bit

Pages

Friday, May 24, 2019

Benign Breast Disease

Benign Breast Disease
Benign Breast Disease
No photo description available.No photo description available.
ဒီနေ့ တော့ BBD အကြောင်းပြောကြရအောင်။ Benign Breast Disease ပေါ့ ။

အရင်ဆုံး ပြောချင်တာက အမျိုးသမီးတွေဆီမှာရှိတဲ့  Breast က အမျိုးသမီးတွေလိုပဲ အပြောင်းအလဲ များတယ်ဗျ။ ဘဝတလျောက်လုံး ပုံမှန်ကို ပြောင်းလဲနေကြတာ။ အဲ့ လိုပြောင်းလဲနေတာကိုက သူ့အတွက် normal ပဲ။ မိန်းကလေးတွေ အတိုင်းပဲ အပြောင်းအလဲ များတယ်ပေါ့ လေ။ အဲ့ လိုပြောတာကလည်း မှတ်မိစေချင်လို့ ပါ။

အဲ့ တော့ ပြောင်းလဲတတ်တဲ့  သဘောသဘာဝ ရှိတဲ့  ပုံမှန်အခြေအနေကို စ လေ့လာကြည့်ရအောင်ပါ။

မွေးကာစ
မွေးပြီးကာစ တစ်ပါတ် နှစ်ပါတ် လောက်မှာ 60% of newborn babies တွေမှာ enlargement of breast လေးတွေ့ ရတတ်ပါတယ်။ ဒါဟာ ပုံမှန် ပါပဲ။ circulating maternal estrogen ကြောင့်ပါ။ ပြီးတာနဲ့  အရွယ်အစားက ပုံမှန်အတိုင်း ပြန်ကျသွားပါတယ်။ မကြီးတော့ပါဘူး။

Puberty မှာ onset of cyclical hormonal activity stimulate the growth စ ဖြစ်ပါတယ်။
အဲ့ အချိန်နောက်ပိုင်းမှာ ပြောင်းလဲမှု့ တွေကို အပိုင်း ၂ ပိုင်း ခွဲ ပြီး တွေ့ ရမှာပါ။
1. Dvelopment အပိုင်း
2. Involution အပိုင်း ဆိုပြီး ၂ ပိုင်းခွဲတွေ့ ရမှာပါ။

Development မှာမှ early reproductive life မှာ proliferation of ducts and ductules and lobule formation လေးတွေ စဖြစ်တယ်။ ပြီးတော့ mature reproductive life မှာ cyclical activity တွေ (cyclically ပြောင်းလဲမှု့ တွေ) ဖြစ်ကြပါတယ်။ cyclical လိုက်ပြီး ပြောင်းလဲမှုတွေကို အသေးစိတ်မပြောတော့ပါဘူး။

Involution အကြောင်း
Involution ဆိုတာက ဒီနေရာမှာ အသက်ကြီးလာလို့  ပျက်စီးသွားတဲ့ သဘောကို ဆောင်ပါတယ်။ progressive degenerative changes တွေ ဖြစ်လာတာပါ။ အဲလိုဖြစ်ကြတာလည်း ပုံမှန်ပါပဲ။ အသက် ၃၀ နောက်ပိုင်းမှာ breast involutional process တွေ စတွေ့ ရပါတယ်။ glandular tissue တွေ fibrous tissue တွေက atrophy ဖြစ်ကုန်ကြပါတယ်။ breast ကလည်း droopy ဖြစ်လာပါတယ်။

Microscopic changes တွေအနေနဲ့ တွေ့ ရမှာက
1. Fibrosis
2. Formation of small cysts (microcysts)
3. Focal increase in number of glandular elements (adenosis) အဲ့ ဒါတွေ တွေ့ ရမှာပါ။
အဲ့ လို changes တွေရှိပေမယ့် အမျိုးသမီး အများစုက ဘာလက္ခဏာ မှ ခံစားရလေ့ မရှိပါဘူး။ တစ်ချို့ တွေမှာတော့ pain, tenderness, lumpiness တွေ ရှိတတ်ပါတယ်။ အရင်တုန်းက အဲလို ခံစားရရင် microscopic changes တွေလည်းရှိတော့ fibrocystic disease or fibroadenosis လို့ ခေါ်ခဲ့ ကြပါတယ်။

တကယ်တော့ It should not be considered as disease. ပါ။ အဲ့ ကြောင့်မိုလို့  အခုကျတော့ fibrocystic disease လို့  မခေါ်တော့ပဲ fibrocystic changes တွေလို့ ပဲ ခေါ်ကြပါတော့တယ်။ ပြောရရင်တော့ normal breast aging ပဲပေါ့။ aging ဖြစ်လာလို့  ပြောင်းလဲမှု့ တွေကို disease လို့  မခေါ်ဘူးပေါ့ဗျာ။ အများစုက လက္ခဏာ မရှိပေမယ့် တချို့ မှာတော့ လက္ခဏာရှိနိုင်တယ်ပေါ့။

Fibrocystic changes ကြောင့်  လက္ခဏာတွေ ခံစားလာရရင် ဘာတွေလုပ်ပေးနိုင်သလဲဆိုတော့
1. Pain killers (acetaminophen or NSAIDs)
2. Life style care (firm support bra, soft bra during sleeping)
3. Limit or avoid caffeine
4. Apply warm water bottle
5. Alternative medicine (Evening primrose oil, Vitamin E)
အဲဒါတွေ လုပ်ပေးလို့ ရပါတယ်။

နောက်တခုပြောချင်တာက breast မှာ lobular unit ကနေ secretion တွေ ထုတ်ပေးပါတယ်။ watery fluid တွေပါ။ These fluid passes through the ductules and ducts. ဒါပေမယ့် nipple ကနေ အပြင်ကို ရောက်လာလေ့ မရှိပါဘူး။ ဘာလို့ လဲဆိုတော့ reabsorbed လုပ်လိုက်လို့ ရယ် nipple ducts ကို keratin နဲ့  block လုပ်ထားတာရယ်ကြောင့်ပါ။

တကယ်လို့  keratin က dislodged ဖြစ်သွားရင် nipple ရဲ့  surface မှာ secretion လေးတွေ တွေ့ ရနိုင်ပါတယ်။ အဲ့ ဒါသည် (အဲ့  nipple discharge သည်) normal physiological secretion ပါ။ သူ့ color သည် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ (white - green - yellow - blue - black) အမျိုးမျိုးဖြစ်နိုင်ပါတယ်။ 2/3 of non-pregnant women တွေမှာ gentle cleaning of nipple and massage of breast လုပ်ရုံနဲ့  တွေ့ နိုင်ပါတယ်။

အခုထိကို benign breast disease အကြောင်း စ မပြောရသေးပါဘူး။ အမျိုးမျိုးသော normal condition တွေအကြောင်းပဲ ပြောရသေးပါတယ်။

ဒါတောင် changes during pregnancy, at delivery, during sucking (sucked by baby) တွေအကြောင်းမပါသေးပါဘူး အဲ့ ဒါတွေလည်း ပုံမှန်ပြောင်းလဲမှု့ တွေပါပဲ။ အပြောင်းအလဲ များတဲ့  breast ပေါ့ဗျာ...။

breast ရဲ့  pathology ကို ပြောကြမယ်ဆိုရင်
1. ANDI
2. Benign neoplasm
3. Breast infection
4. Male breast (gynaecomastia, male breast cancer)
5. Carcinoma breast
ဆိုပြီး ပြောကြရမှာပါ။
အဲ့ ဒါလေးတွေထဲက malignancy မပါ တခြားဟာတွေ Benign Breast Disease (BBD) တွေကို အဆင်ပြေသလို ပြောကြရအောင်ပါ။
pathology of breast တစ်ခုခု ကို မကုခင် Triple assessment ကတော့ အရေးတကြီး ဂရုတစိုက် လုပ်ရမှာပါ။

ANDI (Aberration of Normal Development and Involution)

aberration ဆိုတာက deviation from usual condition or usual course ပါ။ အဲ့ တော့ normal development and Involution အတိုင်း မဟုတ်ဘဲ အဲ့ လမ်းကြောင်းကနေသွေဖည်ပြီး ပြောင်းလဲမှု့တွေကို ခေါ်တာပါ။ normal development and Involution ကနေ နည်းနည်း သွေဖည်တာလည်းဖြစ်နိုင်သလို များများကြီး သွေဖည်သွားတာလည်း ဖြစ်နိုင်ပါတယ်။ lobule, stroma, ducts တွေရဲ့  development and Involution, တွေကနေ သွေဖည်ပြီး ဖြစ်လာတဲ့  conditions တွေကတော့
1. Juvenile hypertrophy
2. Fibroadenoma
3. Cyclical mastalgia
4. Cyclical nodularity
5. Palpable cysts
6. Sclerosing lesion
7. Duct ectasia စသဖြင့် ရှိနိုင်ပါတယ်။

နည်းနည်းလေးပိုရှင်းအောင် comment မှာ ပုံလေးပြထားပေးပါတယ်။ ANDI ထဲမှာ ဘာတွေပါလည်းဆိုတာ ရှင်းရှင်းလင်းလင်း ပိုသိရအောင်လို့ ပါ။ comment က ပုံလေးကို ကြည့်ပေးပါ။

FIROADENOMA
- benign overgrowth of one lobule of the breast, surrounded by well marked capsule (encapsulated), ကျွန်တော်တို့ က breast mouse လို့ တင်စားပြောကြတယ်ပေါ့လေ...
- Age ကတော့ 15 - 25 yr လောက်မှာ အဖြစ်များတယ်။ size က usually 2-3 cmလောက် ရှိကြတယ်။
- Giant Fibroadenoma ဆိုရင်တော့ >5 cm လောက် ရှိနိုင်တယ်။
- အဲ့ တော့ Fibroadenoma လို့ ထင်တဲ့  patient တစ်ယောက် တွေ့ ပြီ... လူနာက က မေးမယ် ဘယ်လိုကုရင် ကောင်းမလဲ။ ခွဲဖို့ လိုသလားဆိုရင် ဘယ်လိုဖြေကြမလဲပေါ့ ။
- Fibroadenoma တွေ အတွက်က surgical excision is usually not required. ပါ။ Triple assessment တော့လိုမယ်။
- ဘယ်အချိန်မှာ ခွဲမလဲဆိုရင်တာ့ suspicious cytology ဖြစ်ရင်၊ size က အရမ်းကြီးနေရင်၊ လူနာက ခွဲပြီး ဖယ်ချင်ရင် ပေါ့ ။

MASTALGIA

Mastalgia လို့ ပြောရင် cyclical mastalgia လား ဒါမှမဟုတ် non cyclical mastalgia ဆိုတာ အရင်ခွဲခြားရမှပါ။
Cyclical mastalgia ဘာဖြစ်လို့  ဖြစ်တာလဲဆိုရင် exaggerate response of breast tissue to a change in hormones during menstrual cycle, ကြောင့်ဖြစ်ရတာပါ။ Cyclical mastalgia patient တွေကို ဘယ်လို Mx လုပ်ကြမလဲ။
- နေ့ပိုင်းမှာ Appropriately fitting and supportive bra ဝတ်ထားရမယ်။ ညမှာ soft bra လေးတွေဝတ်ရမယ်။
- Caffeine drinks တွေ ရှောင်ရမယ်။
- Patient symptoms diary ရေးခိုင်ရမယ်။ (Cyclical ဖြစ် မဖြစ် သိအောင်လို့ ပါ)
- Evening primrose oil ပေးလို့ ရတယ်။ အသက် 40 yr ကျော်တဲ့ သူဆိုရင် ပို effective ဖြစ်တာတွေ့ ရတယ်။
- အဲ့ လိုတွေလုပ်ရဲ့ သားနဲ့  မသက်သာဘူးဆိုရင်တော့ anti gonadotropin (danazol) or prolactin inhibitor (bromocriptine) လေးတွေ ပေးပြီး ကြိုးစားကုကြည့်လို့ ရပါတယ်။
- Anti estrogen (tamoxifen) တို့  LHRH agonist တို့ ပေးဖို့ ကတော့ ရှားရှားပါးပါး လိုချင်မှ လိုပါလိမ့်မယ်။
Non-cyclical mastalgia ဆိုရင်တော့ extramammary cause ဟုတ်မဟုတ် အရင် ကြည့်ရမှာပါ။ extramammary cause ဆိုရင်တော့ သူ့ အတိုင်း ဆက်ကုရမှာပါ။ mammary origin ကလာတဲ့  Non-cyclical mastalgia ကတော့ post menopausal women တွေမှာ အဖြစ်များပါတယ်။ triple assessment နဲ့  malignancy ကို exclude လုပ်ပြီးရင်တော့ NSAIDs တို့  local anaesthetics တွေ ပေးလို့ ရပါတယ်။

NIPPLE DISCHARGE

Nipple discharge ရဲ့  causes တွေ တခုချင်း ဆက်ကြည့်ရအောင်ဗျာ။
ပထမဆုံးက physiological discharge ပါ။ အဲ့ ဒါက post အစပိုင်းမှာ ရေးပြီးပါပြီ။

နောက်တစ်ခုက Duct ectasia ပါ။ Duct ectasia က ANDI ထဲမှာပါပါတယ်။ သူက perimenopausal women (especially smoker တွေ) တွေမှာ အဖြစ်များပါတယ်။ Shortening and dilatation of sub-aerolar duct ကြောင့်ဖြစ်ပြီးတော့ nipple discharge, nipple retraction, sub-aerolar mass တွေနဲ့  present လုပ်နိုင်ပါတယ်။ discharge က cream in nature ဖြစ်ပြီး brown or green in color ဖြစ်နိုင်ပါတယ်။ အဲ့  discharge တွေက surrounding g tissue တွေကို irritant ဖြစ်ပြီး periductal mastitis ဖြစ်နိုင်ပါတယ်။ အဲ့ ကတဆင့် even abscess or fistula ထိ ဖြစ်နိုင်ပါတယ်။ Recurrent case တွေက smoking နဲ့  association ရှိတာကို တွေ့ ရပါတယ်။ Chronic case မှာ indurated mass (sub-aerolar) ဖြစ်သွားတတ်ပါတယ်။

ဘယ်လိုကုရမလဲဆိုတော့ triple assessment လုပ်၊ ဆေးလိပ်သောက်ရင် ဆေးလိပ်ဖြတ် ပြီးတော့ antibiotic therapy ပေးမလား စဉ်းစားရပါတယ်။ ကုရခက်တဲ့ အနေအထား or malignancy ကို exclude လုပ်ချင်ရင်တော့ Surgery လုပ်ဖို့  စဉ်းစားရပါမယ်။ Hadfield's operation (excision of all of major ducts) လုပ်ရတာပါ။

နောက် cause တစ်ခုက intraductal papilloma ပါ။
Single or multiple ဖြစ်နိုင်တယ်။ Serous or blood stained discharge နဲ့ လာနိုင်တယ်။ palpable lump below the nipple စမ်းမိနိုင်တယ်။ malignant potential နည်းနည်း ရှိတယ်။ triple assessment လုပ် ပြီးရင် Microdochectomy လုပ်ရပါတယ်။

နောက်တစ်ခုက Benign cause တော့မဟုတ်ဘူး။ intraductal carcinoma ပါ။

နောက်တစ်ခုက Epithelial hyperplasia (increase in number of epithelial cells lining the terminal ducto-lobular units) ပါ။ severity ကတော့ မျိုးစုံဖြစ်နိုင်ပါတယ်။ extensive epithelial hyperplasia ကတော့ malignant potential များပါတယ်။

နောက်တစ်ခုက galactorrhoea ပါ။ bilateral milk discharge နဲ့ လာပြီးတော့ pathology က prolactin hormone များလို့  ဖြစ်နိုင်ပြီး pituitary tumour (prolactinoma) ကို စဉ်းစားရပါမယ်။

LIPOMA
Benign tumour of adult fat cell သိပ်မပြောတော့ပါဘူး။

https://m.facebook.com/story.php?story_fbid=432386537117403&id=429883567367700

PHYLLOIDES TUMOUR
Fibro-epithelial neoplasm ပါ။ သူကတော့ rare တော့ ဖြစ်ပါတယ်။ အများစုက benign tumor ဖြစ်ပြီးတော့ အချို့ ကတော့ malignant behavior ဖြစ်နိုင်ပါတယ်။ အသက် 40 yr ကျော်တဲ့  patient တွေမှာ တွေ့ ရတတ်ပါတယ်။ usually large or may even massive in size ဖြစ်နိုင်ပါတယ်။ bosselated surface တွေ့ ရတာများတယ်။ တခါတလေ pressure necrosis ကြောင့် ulcerated surface တွေ တွေ့ ရတတ်ပါတယ်။ Rx အနေနဲ့ ကတော့ wide local excision လုပ်တယ်။ ဒါပေမယ့် tumour က အရမ်းကြီးနေရင်၊ recurrent ဖြစ်တဲ့ caseဖြစ်နေရင်၊ malignant potential များရင် mastectomy လိုနိုင်ပါတယ်။

BREAST ABSCESS

Lactating mothers တွေမှာ bacterial mastitis ဖြစ်နိုင်တယ်။ source of infection က S. aureus (nasopharynx of infant မှာနေတယ်) ကြောင့် ascending infection ရပါတယ်။ duct တွေ ပိတ်နိုင်တယ်။ stasis ရတယ်။ နောက်ပြီးတော့ ampula မှာ milk တွေ clot ဖြစ်ကုန်တယ်။ အဲ့ နေရာမှာ bacteria တွေ proliferate လုပ်ကြတယ်။

အဲ့ လိုတွေကြောင့် cellulitis ရတယ်။ ပိုဆိုးလာရင် breast abscess ဖြစ်သွားတယ်။

ဘာလုပ်မလဲဆိုတော့ Cellulitis stage လို့ ယူဆရင်တော့ Antibiotics, Analgesic, ပေးရမယ်။ local heat လေးတွေ ကပ်ပေးလို့ ရတယ်။ support of breast (bra) လိုမယ်။ အဆင်ပြေရင် ကလေးကို နို့ ဆက်တိုက်နိုင်ပါတယ်။

Pus ရှိနေတာကို antibiotic တွေပေးရင်တော့ antibioma ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် pus ရှိရင်ဘာလုပ်မလဲပေါ့။ Breast abscess ကို Incision and Drainage အရင်မလုပ်ပါဘူး။ ဘာလို့ လည်းဆိုတော့ Antibiotics + Aspiration (repetition လိုနိုင်ပါတယ်, USG guided ဆို ပိုကောင်းပါတယ်) နဲ့  အောင်မြင်စွာ ကုပေးနိုင်လို့ ပါ။ Aspirated pus ကို C and S ပို့ ပြီး လိုအပ်သလို Antibiotics ပေးရမှာပါ။

တကယ်လို့  overlying skin က အရမ်း thinning ဖြစ်နေတယ် ဆိုရင်တော့ I and D လုပ်ဖို့ လိုနိုင်ပါတယ်။ incision ကတော့ radial incision ကို သုံးပါတယ်။
Circumareolar incision ကတော့ adequate access ပိုရပေမယ့် cosmetic result မကောင်းပါဘူး။ အဲ့ တော့ မိန်းမတွေဆိုတာ လှချင်မှာဖြစ်လို့  မသုံးဘူးပေါ့။

Male breast enlargement ဖြစ်တဲ့  gynaecomastia ကတော့ သိပ်မပြောတော့ပါဘူး

ဒီလောက်ဆိုရင် benign breast disease တွေကိုတွေ့ ရင် စဉ်းစားရတာ အတိုင်းတာတစ်ခုထိ အထောက်အကူ ရမယ် ထင်ပါတယ်။ physiological nipple discharge ကို pathology တွေ အများကြီးစဉ်းစားပြီး စိတ်ရှုတ်ရတာမျိုးတော့ ဖြစ်မှာ မဟုတ်တော့ပါဘူး။ Phylloides tumour ကို malignancy ထင်ပြီး လူနာကို စိတ်သောကရောက်စေတာမျိုးတွေ မဖြစ်တော့ပါဘူး။ breast abscess ကို တခါတည်း အရင်ဆုံး I and D လုပ်မိတာတွေ ဖြစ်မှာမဟုတ်တော့ပါဘူး။ nipple discharge case တွေ ANDI အောက်က case တွေကို သေချာခွဲပြီး စဉ်းစားတတ်လာနိုင်ပါမယ်။

နောက်ဆုံးအနေနဲ့  triple assessment လေး ပြောကြရအောင်။

Triple ဆိုတဲ့ အတိုင်း 3 ခုပါပါတယ်။
1. Clinical assessment
2. Radiological assessment
3. Pathological assessment ဆိုပြီး ၃ ပိုင်းပါပါတယ်။

1. Clinical assessment
Proper history taking and physical examination လုပ်ရမှာပါ။

2. Radiological assessment

Mammography
Soft tissue radiograph of breast by placing it direct contact with ultrasensitive film, with the use of low voltage, high amperage X ray.
သူက radiation dose နည်းလို့  safe ဖြစ်ပါတယ်။ 2 views (oblique and craniocaudal view) ရိုက်ပါတယ်။ ပြီးတော့ အပြာကြီးတွေနဲ့  ညှပ်ရိုက်ရလို့  နည်းနည်း နာပါတယ်။ ပြီးတော့ အသက် 35 yr အောက် အမျိုးသမီးတွေရဲ့  breast က ralatively radiodense ပို ဖြစ်လို့ sensitivity သိပ်မကောင်းပါဘူး။ အသက်ကြီးတဲ့ သူတွေမှာတော့ (less radiodense ဖြစ်လို့ ) sensitivity ပိုကောင်းပါတယ်။

နောက်တခု အရေးကြီးတာက
Normal finding does not exclude the malignancy ပါ။

Mammogram result ကို BI-RADS (Breast Imaging, Reporting and Data System) အသုံးပြုပြီး အဖြေထွက်ပေးပါတယ်။
BI-RADS မှာ 0 to 6 ဆိုပြီး ရှိပါတယ်။
- [ ] BI-RADS 0. incomplete
BI-RADS 0 ဆိုတာက incomplete test ဖြစ်တယ်။ difficult to interpret ဖြစ်နေပါတယ်။
ဆိုတော့ နောက်ထပ်အခြားတစ်ခုခု ထပ်စစ်ဖို့  လိုပါလိမ့်မယ်။
- [ ] BI-RADS 1. negative
BI-RADS 1 ဆိုတာကကျတော့ good news ပေါ့လေ။ no malignancy ပါ။ breast tissue တွေက equal density ဖြစ်နေတာပါ။
Routine screening ဆက်လုပ်ရမှာပါ။
- [ ] BI-RADS 2. benign findings
BI-RADS 2 ကတော့ no indication of cancer ပါ။ သူမှာ benign lesion တစ်ခုခု တွေ့ နိုင်ပါတယ်။
Routine visit လိုအပ်ပါတယ်။
- [ ] BI-RADS 3. probably benign
BI-RADS 3 ကတော့ probably benign ပါ။ ဒါပေမယ့် cancer ဖြစ်နိုင်ချေ 2 % လောက်ရှိပါတယ်။
Result က improve မဖြစ်မချင်း Regular visit လိုအပ်ပါတယ်။ တကယ်လို့  cancer ဖြစ်နေအုံးတော့ early detection of malignancy ကို မိအောင်လို့ ပါ။
- [ ] BI-RADS 4. suspicious abnormality
BI-ARDS 4 ကတော့ chance of cancer က 20 - 35 % လောက်ရှိပါတယ်။
4A. Low suspicion for cancer
4B. Moderate suspicion for cancer
4C. High suspicion for cancer
Biopsy နဲ့  confirmation လုပ်ရမှာပါ။
- [ ] BI-RADS 5. highly suspicious of malignancy
BI-RADS 5 ကတော့ 95 % of malignancy ပါ။ biopsy နဲ့  confirm လုပ်ပြီးရင် Mx plan အတွက် board ထိုင်ရမှာပါ။
- [ ] BI-RADS 6. Known biopsy with proven malignancy
BI-RADS 6 ကိုတော့ biopsy မှာ malignancy ထွက်ပြီးသားမှာ သုံးရပါတယ်။

Ultrasound
Mammogram က interpret လုပ်ဖို့ ခက်တဲ့  အမျိုးသမီးတွေ (ဆိုလိုတာက အသက် ငယ်တဲ့  အမျိုးသမီးတွေဆိုရင်) Ultrasound က ပိုအသုံးဝင်ပါတယ်။ solid နဲ့  cystic lesion တွေခွဲနိုင်တယ်။ radiation hazard မရှိဘူး။ operator dependent ဖြစ်တယ်။ repetition လုပ်နိုင်တယ်။ ဒီလိုလေးတွေရှိပါတယ်။

ကျွန်တော့်သဘောအရဆိုရင် အခြေအနေပေးရင်၂ ခုစလုံး လုပ်လိုက်မှာပဲ။

MRI
Lobular carcinoma လို့  အဖြေထွက်ရင် MRI ရိုက်ရပါတယ်။ ဘာလို့ လဲဆိုတော့ multifocality and multicentericity ကို detect လုပ်ဖို့ ပါ။

https://m.facebook.com/story.php?story_fbid=438684353154288&id=429883567367700

3. Pathological assessment
FNAC နဲ့  Core biopsy ဆိုပြီး ၂ ခုရှိပါတယ်။
FNAC
Least invasive technique to get the cellular diagnosis if both surgeon and cytologist are experienced. False negative ဖြစ်နိုင်တယ်။ invasive လား insitu လား မခွဲခြားပေးနိုင်ဘူး။

Core biopsy ကတော့ definitive Dx ရတယ်။ insitu လား invasive လားပါ ခွဲခြား သိပါတယ်။

Thanks for all.
Please like and share if something benefits has gained.
https://www.facebook.com/labialletterwma/posts/770701126619274?_

No comments:

Post a Comment