ads bit

Pages

Showing posts with label Emergency. Show all posts
Showing posts with label Emergency. Show all posts

Monday, April 22, 2019

CPR လုပ်ရင် ဘာလို့ ရင်ဘတ်ကို ဖိတဲ့ Chest compression လုပ်တာလဲ…

CPR လုပ်ရင် ဘာလို့ ရင်ဘတ်ကို ဖိတဲ့ Chest compression လုပ်တာလဲ…No photo description available.
CPR လုပ်ရင် ဘာလို့ ရင်ဘတ်ကို ဖိတဲ့ Chest compression လုပ်တာလဲ…
.
.
.
.
.
.
.
.
.
.
.
.
များသောအားဖြင့် နှလုံးပြန်ခုန်အောင် Restart the heart beat လို့ ဆရာဝန်တွေ ထင်တတ်ကြတယ်။ တကယ်တော့ အဲလို မဟုတ်ဘူး။
Chest compression လုပ်ရင် Thoracic cage ရဲ့ negative pressure နဲ့ venouse blood တွေကို Suction လုပ်သလို ဖြစ်ပြီး နှလုံးထဲ ရောက်လာတယ်။
One-way valve တွေကြောင့် သွေးတွေက ရှေ့ကိုပဲ ဆက်သွားရတယ်။ ဒီ သွေးဟာ systolic arterial pressures of 60 to 80 mmHg or ¼ to 1/3 of normal cardiac output ဖြစ်စေတယ်။
ဒီလို Low level of circulation လေးနဲ့ Brain ကို အသက်ဆက်ထားချိန်မှာ Reversible causes (H’s and T’s) တွေကို ကုစားရတယ်။ VF or pulseless VT ဝင်နေရင် Defib shock ရိုက်ရတယ်။ တနည်းအားဖြင့် VF or pulseless VT မရှိဘဲ ECG flat တန်းနေတဲ့ လူနာတွေ၊ Pulseless electrical activity (PEA), also known as electromechanical dissociation ဖြစ်နေတဲ့ လူနာတွေမှာ Reversible causes (H’s and T’s) တွေကို စဉ်းစား ကုသကြည့်ရုံပါပဲ။
*******
အခါ တစ်ပါးဆီတုန်းကပေါ့။ ဆေးခန်းထဲ လမ်းလျှောက်ဝင်လာတုန်း ထိုင်စောင့်နေတဲ့ လူတွေထဲက ရိပ်ခနဲ လူတစ်ယောက် ရှေ့ကို ငိုက်ကျလာတယ်။ ကမန်းကတန်း ဆီးဖမ်းထားလိုက်ပြီး Pulse မရ အသက်မရှူတာ သတိထားမိလို့ CPR လို့ အော်လိုက်ပြီး ဝိုင်းလာတဲ့ ဝန်ထမ်းတွေ လက်ထဲအပ်လိုက်တယ်။ ပြီးမှ MO က ဆရာ့ဆီ Follow up လာတဲ့ လူနာလို့ ပြောတယ်။
ဒါနဲ့ CPR စလုပ်တယ်။ ECG ဆွဲပါလို့ သတိပေးမှ ဆွဲကြတယ်။ ဆွဲလိုက်တော့ VT (pulseless VT)။ ဒါနဲ့ Defib ရိုက်မယ်လို့ ပြောလိုက်တော့ MO တွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး Defib စက် မရှိဘူးလို့ ပြိုင်တူ ဖြေကြတယ်။ (ကျနော်တို့ဆီမှာ Defibrillator လို့ မခေါ်ကြဘူး။)
"ဟာ ရှိတာပေါ့။ ဆေးခန်းပိုင်ရှင်သားကို မေးဖူးတယ်။ ရှိတယ်လို့ ပြောတယ်။ မင်းတို့ မသိကြဘူးလား။"
ခေါင်းယမ်းကြတော့ အဲဒီပိုင်ရှင်သားကို ဖုန်းဆက်မေးရတယ်။
ရှိပါသတဲ့။ OT (ခွဲခန်း) ထောင့်လေးမှာ ပိတ်ဖြူစလေး အုပ်ထားသတဲ့။ ဒါနဲ့ အိုတီရှိတဲ့ အထပ်ကို ပြေးတက်ယူကြရတယ်။ (အဲဒီခေတ်က တော်သေးတယ်။ ဒီထက်စောတဲ့ ခေတ်တွေတုန်းက Defrillator တွေကို တမြတ်တနိုးနဲ့ မသုံးရက်ဘဲ ဌာနမှူး အခန်းထဲမှာ တစ်လုံးတည်းသော Defrillator ကို ခြင်ထောင်ချပြီး သိမ်းထားရတာ။ မှန်လုံဘူးလေး လုပ်ထားတယ်။ သော့ခတ် ထားတယ်။ အဲဒီသော့ကို Sister ကြီးက သိမ်းလေ့ ရှိတယ်။)
ဒါနဲ့ စက်ရောက်လာတော့ လူနာနဲ့ ချိတ်ဆက် Shock ရိုက်မယ်လို့ လုပ်တော့ ပါဝါ မရှိဘူး။ ဘေးက ဆရာဝန် ကလေးတွေက မျက်နာပျက်တယ်။ ဘာမှ မဖြစ်ဘူး AC ကြိုးနဲ့ ရိုက်မယ်လို့ အားပေးလိုက်တယ်။ ဒါနဲ့ ကြိုးနဲ့ ဆက်ဖို့ စီစဉ်တော့ ကြိုး ပါမလာဘူး။
ဒါနဲ့ ဆေးခန်းပိုင်ရှင်သားဆီ ဖုန်းဆက်ရပြန်တယ်။ ကြိုးဘယ်မှာလဲ ဆိုတော့ ကြိုးက ပျောက်နေတာတဲ့။
အေးရောပဲ။
ဒါနဲ့ လူနာပြန်ကြည့်တော့ VT run နေတုန်း။ အဲဒီ Private hospital နဲ့ နီးတဲ့ Private hospital နောက်တစ်ခုမှာ ရှိနိုင်တယ်လို့ တွေးမိတယ်။ ဒါနဲ့ လှမ်းမေးကြည့်တော့ ရှိတယ်တဲ့။ ထုံးစံအတိုင်း OT ထဲမှာတဲ့။ လူနာကြီး ကားပေါ်တင် CPR ဆက်လုပ်ပြီး အဲဒီ Private hospital ပြေးကြတယ်။ ငါတို့ လာနေပြီဆိုပြီး လှမ်း တပ်လှန့်ထားရတယ်။
အဲဒီ Private hospital ရောက်တော့မှ Defrillator က ပျက်နေတာ ကြာပြီဖြစ်ကြောင်းကို အကြီးအကဲ ဝန်ထမ်း တချို့က စက်ကို သက်သေပြပြီး တောင်းပန်ကြတယ်။ လူနာ ပြန်ကြည့်တော့ VT ပဲ။ CPR ဆက်လုပ်နေကြတုန်း။
မဖြစ်ချေဘူးဆိုပြီး လူနာကြီးမပြီး ဆေးရုံကြီး အရေးပေါ်ကို ပြေးကြရတယ်။ ERC ရောက်တော့ VT run တုန်း။ ဒါနဲ့ လူနာကြီး ကြမ်းပြင်ပေါ် ပက်လက်ချ Defib ရိုက်ကွာလို့ ဘွဲ့လွန် ကျောင်းသားကို ပြောတော့ မရိုက်ဘူးဖူးလို့ တွန့်ဆုတ် တွန့်ဆုတ် ပြောတယ်။ ရိုက်သာရိုက် မင်းလူနာက သေလူပဲ လို့ အားပေးရပြန်တယ်။ ဖဲသမားစကားနဲ့ဆို အောက်ပြုတ်နဲ့ လိုက်ရတာကိုး။
ဒါနဲ့ Defib ရိုက်လိုက်တယ်။ ရိုက်ပြီးပြီးချင်း Sinus ပြန်ဖြစ်လို့ ပျော်လိုက်ရတာ။ ဒါပေမယ့် မိနစ်ပိုင်း မကြာဘူး။ VT က ပြန် run တာပဲ။ ဒါနဲ့ Shock ပြန်ရိုက်တယ်။ ပြန်ကောင်းတယ်။ Second ပိုင်းနေတော့ ပြန်ဖြစ်တယ်။ ပြန်ရိုက်တယ်။ ပြန်ကောင်းတယ်။ ဒါပေမယ့် လူကလည်း ဘယ်နှစ်ခါ ကောင်းနိုင်မှာလဲလေ။ နာရီဝက်ကျော်အောင် VT နဲ့ Cardiogenic shock ရနေတဲ့ အသက် ၇၀ ကျော် အသက် လူနာ။ ဒီလောက် ပြန်ကောင်းပြတာကိုပဲ ကျေးဇူးတင်ရမယ်။
ဒီစာကို ရေးဖြစ်ရတာလည်း ခေတ်မှီ Private hospital မှာ MO တွေက Basic life support ပဲ လုပ်နေကြတယ်။ ECG စစ်ဆေးဖို့ Defibrillator ယူဖို့ မစဉ်းစားကြတာကို မြင်လာတဲ့ လုပ်ဖေါ်ကိုင်ဖက် သမားတော် တစ်ယောက်က ဒီနေ့ ရင်ဖွင့်သွားလို့ပါ။ Defib နဲ့ ပြန်ကောင်းသွားပြီး ICU ရောက် ပြန်အသက်ရှင်သွားတဲ့ လူနာတွေ အများကြိးပါ။
တစ်ဆက်တည်း ဆက်ပြောရရင် CPR လုပ်ရင်းနဲ့ လက်လျှော့လိုက်ရပြီး သေဆုံးပြီ သတ်မှတ်ကာ ရေခဲတိုက်ထဲ ရောက်မှ အသက်ပြန်ရှင်လာသူတွေ ရှိဖူးသတဲ့။ ခရစ်တော်တန်ခိုးနဲ့ သေရွာက ပြန်လာတဲ့ တပည့်တော်ကြီး Lazarus ကို အစွဲပြုပြီးတော့ အဲလို ရင်ခွဲရုံက ပြန်လာတာကို Lazarus phenomenon လို့ ခေါ်သတဲ့။
Social Media မှာပဲ စာသင်ရတော့မှာပဲလေ။ စာသင်ခန်းထဲကို စာသင်သားမှ မလာကြတော့တာကိုး။
(အခုတော့ Emergency မှာ Defibrillator ထားလာကြပါပြီ။)
https://www.facebook.com/photo.php?fbid=10155802218276707&set=a.10150266764596707&type=3

Sunday, April 14, 2019

အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက်

အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက်No photo description available.No photo description available.No photo description available.Image may contain: textImage may contain: textNo photo description available.Image may contain: text

" အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက် "

နွေရာသီတွင် ရာသီဥတုပူပြင်းမှုကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ်အတွင်းရှိရေနှင့် ဓာတ်ဆားဓာတ်များ ဆုံးရုံးမှုပိုမိုများပြားလာပါသည်။ အပူဒဏ်အန္တရာယ်ကြောင့် အပူဒဏ် ကြောင့် ဖောယောင်ခြင်း (Heat edema)၊ မိတ်နှင့် ယားနာများထွက်ခြင်း(Heat rashes)နှင့် ကြွက်တက်ခြင်း(Heat cramps) စသည့် ရောဂါဝေဒနာများအား ခံစားရရှိနိုင်ပါသည်။

ထို့အပြင် ရောဂါပိုမိုဆိုးရွားလာပါက အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat exhaustion)နှင့် မူးမေ့ခြင်း (Heat syncope)တို့ကိုပါ ခံစားရနိုင်ကာ ပိုမိုပြင်းထန် ဆိုးရွား လာပါက အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat stroke) အထိ ဖြစ်ပွားစေနိုင်ပါသည်။

အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat exhaustion) ခံစားရပါက အောက်ဖော်ပြပါ ရောဂါလက္ခဏာများအား ခံစားရနိုင်ပါသည်။
- ပျို့ခြင်း (သို့) ဂနာမငြိမ်ဖြစ်ခြင်း
- ခေါင်းမူးနောက်ခြင်း
- ကြွက်သားများ ကြွက်တက်ခြင်းနှင့် အားပျော့ခြင်း
- မူးမိုက်ခြင်း
- ခေါင်းကိုက်ခြင်း
- နုံးချိခြင်း
- ရေဆာခြင်း
- ချွေးအလွန်အကျွံထွက်ခြင်း
- ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း

ရောဂါပိုမိုပြင်းထန်ဆိုးရွားလာ၍ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ခံစားရပါက အောက် ဖော်ပြပါ ရောဂါလက္ခဏာများအား ခံစားရနိုင်ပါသည်။
- အရေပြား ပူ၍ခြောက်သွေ့ခြင်း (သို့) ချွေးအလွန်အကျွံထွက်ခြင်း
- စိတ်ရှုပ်ထွေးခြင်း
- သတိလစ်ခြင်း
- တက်ခြင်း
- ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်း တို့ဖြစ်ပါသည်

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် အောက်ပါအချက်များကို လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

၁။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုး ရောဂါအခံရှိသူများအနေဖြင့် နေ့လယ် နေ့ခင်းအချိန်တွင် အရိပ်ရအေးမြ၍ လေဝင်လေထွက် ကောင်းသော နေရာများတွင် နားနေပါ။
၂။ ပူပြင်းသည့်နေရောင်တွင် ပင်ပန်းစွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ် ခြင်းတို့ကို ရှောင်ကြဉ်ပါ။
၃။ ပူပြင်းသည့်နေရောင်အောက်တွင် သွားလာလှုပ်ရှားရန်၊ အလုပ်လုပ်ရန် လိုအပ်ပါက လည်း အရိပ်လုံလောက်စွာရနိုင်သည့် ထီး၊ ဦးထုပ်များဆောင်းသွားပါ။ အရိပ်ရအေးမြသည့် နေရာများတွင် ခေတ္တအနားယူခြင်းကိုလည်း မကြာခဏပြုလုပ်ပါ။
၎။ အလင်းပြန်သော အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့သော ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ။
၅။ နေပူထဲမှ ပြန်လာပြီးချက်ချင်း ရေချိုးခြင်းနှင့် မနက် (၁၀) နာရီမှ ညနေ (၅) နာရီအထိ လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်များ၌ အဝတ်လျှော်ဖွတ်ခြင်း၊ ရေချိုးခြင်းစသည် တို့ကို ရှောင်ကြဉ်ပါ။
၆။ အရက်သေစာသောက်သုံးခြင်းကြောင့် အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရစေနိုင်ပြီး ဖြစ်ပွားပါက ပိုမိုပြင်းထန်စွာ ခံစားရနိုင်သဖြင့် ရှောင်ကြဉ်ပါ။
၇။ ခန္ဓာကိုယ်အတွင်းရေနှင့် ဓာတ်ဆားဓာတ်များဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ရေနှင့် ဓာတ်ဆားရည်ကို လုံလောက်အောင် သောက်သုံးပါ။
၈။ မိတ်နှင့် ယားဖုများ ထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကို ပြုလုပ်ပါ။
၉။ အပူဒဏ်အန္တရာယ်ခံစားရသော လူနာအားအရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်း သော နေရာတွင် ထားရှိခြင်း၊ ရေနှင့်ဓာတ်ဆားရည်များ သောက်သုံးစေခြင်း၊ လူနာ၏ ခန္ဓာကိုယ် အပူချိန်အမြန်ကျဆင်းစေရန် နဖူး၊ လည်ပင်း၊ ချိုင်းကြား (၂) ဖက်နှင့် ပေါင်ခြံ (၂) ဖက်တို့အား ရေအေးပတ်တိုက်ပေးခြင်း စသည်တို့အား ဦးစွာဆောင်ရွက်၍ နီးစပ်ရာ ဆေးရုံ/ ဆေးခန်း/ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသ၍ ကုသမှုခံယူစေပါ။

crd -- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

ထက်ဆင့်ဖြန်ဝေပါသည်
https://www.facebook.com/doctorsonwheelsmobilehealthcareservices/posts/783334902031320?__xts__%5B0%5D=68.ARDWHmMuowUSF2PWHV0IaLsp8MT_Ki8YkrlIJJl_jyEwRFt16q9hIVhmfBqQRPAs2YIiCqxEoQtT3_AY9DDzrxy_a5tJ30j2J--9KmF-gCgEzW6TA77Vr1zWFNTag3dv95EFkcuFfCjKJxGfHhG4yWRcEukMQqaxIsDPHhg3Nv-y2kIPk9NsmFlvsE0xdqzTdcQ6lixSR6c4W6CeCmtPQ_dru_Mits7GNhJzidbG5HOqn7RpOMP4do20IRaLCw9sXmdCyDIB_wL3kJJN-lmYFy8W2RzGrp1g92veFkzD6D1y_Tv2EGq_n3RPtiG0_UfwE_dHWXGk9CHDdrY4dinjad8&__tn__=-R

Tuesday, December 11, 2018

Anaphylaxis shock treatment

Anaphylaxis shock treatment
Adrenaline im 13 to half ampule every 5 to 15 min ပါ။ (no dilution)
“မင်း ဒီအကြောင်းကို ဆရာဝန်တွေ သိအောင် လုပ်ပါဦး။”

“အေး.. ငါ ဟောပြောပွဲတွေမှာ ကြုံရင် ကြုံသလို ပြောနေတာပဲ။”

“ငါကတော့ ဖေ့ဘွတ်ထဲရေးမှ လို့ ထင်တာပဲ။ Anaphylaxis (ဆေးမတည့်ခြင်း) မှာ adrenaline dose ဘယ်လောက် လိုအပ်တယ်။ ဘယ်နှစ်ကြိမ် ထိုးရမယ် ဆိုတာကို ငါ့ဘေးက ဆရာဝန်တွေကို မေးကြည့်တာ သူတို့ မသိကြဘူး။”

“ဟုတ်တယ်။ Antibiotic ဆေးမတည့်လို့ သေကြတယ်ဆိုတာတွေထဲမှာ လိုအပ်တဲ့ adrenaline dose ကို ရမသွားလို့ သေကြရတယ်လို့ သံသယ ရှိတယ်။ ငါမေးကြည့်သမျှ ဆရာဝန်ကြီးငယ်တွေ Anaphylaxis ကို ဂဃနဏ မကုတတ်ကြဘူး။သွားဆရာဝန်တွေလည်း Oral amoxil ပေးကြရတာမို့ သိသင့်တယ်။"

သူပြောတာ ဟုတ်လည်း ဟုတ်နေတာကိုး။ တော်တော်များများက Hydrocortisone ကို အားထားနေကြတာ Hydrocortisone ဟာ Body ထဲ ရောက်ရင် အလုပ်စလုပ်ဖို့ (၆) နာရီလောက် စောင့်ရတယ် ဆိုတာ မသိကြတော့ Hydrocortisone ထိုးပြီး ထိုင်စောင့်နေတတ်ကြတယ်။ ဒါကြောင့် မသေ သင့်ဘဲ သေနိုင်တယ်။

ဒါဖြင့် (၆) နာရီလောက် စောင့်ရတဲ့ Hydrocortisone ကို ဘာလို့ ထိုးနေကြသေးလဲ လို့ တွေးစရာ။ တကယ်တော့ Anaphylaxis ဖြစ်ပြီးစ နောက် ၆ နာရီကျော်ကျော်မှာ ဒုတိယအကြိမ် Anaphylaxis ပြန်ဖြစ်တာကို တားချင်လို့
ထိုးတာလို့ နားမလည်ကြဘူး။ အဲဒါကို Biphasic shock လို့ ခေါ်ပြီး ၂၅% လောက်မှာ ဖြစ်လေ့ ရှိတာ။

######################

မနေ့က ဖြစ်ပုံက ဒီလို----

"ဟယ်လို- မောင်မောင်ဦး။ မင်းတို့ဆီ referral ပြထားတဲ့ လူနာက အရေးတကြီး ဖြစ်နေလို့။"

"အေးပြော။"

"ဒီနားက ဆေးရုံက လွှဲတာ။ ကိုယ်ဝန်ဆောင် အမျိုးသမီးက ရေမွှာရေယိုလို့ ဆိုပြီး ဆရာဝန်က Amoxil cap တိုက်လိုက်တာ။ သောက်ပြီး တစ်နာရီလောက်မှာ Anaphylaxis
ရတော့ ဆေးရုံပြန်သွားတယ်။ နောက်ဆရာဝန်ငယ်က Adrenaline Burmeton Hydrocortisone ထိုးပြီး မန်းလေး လွှတ်တော့ ငါ့ဆေးရုံ ရောက်လာလို့။ အခု Dobutamin Dopamin နဲ့ သွေးပေါင်က ၇၀ က မတက်လို့။"

"Adrenaline က ဘယ်လောက် ၀င်ပြီးသွားပြီတုန်း။"

စာရွက်လှန်ကြည့်ပြီး ပြန်ဖြေတယ်။

"၁ လုံး"

"ဟာ ၁ လုံးနဲ့ မရတတ်ဘူး။ Adrenalin im 0.3 to 0.5 mg (1/3 to ½ ampule) every 5 to 15 minute ကို သွေးပေါင် မတက်မချင်း ထိုင်ထိုးရတာ။ Maximum dose မရှိဘူး။ Angioneurotic oedema ကြောင့် အသက်ရှူ လမ်းကြောင်း မပိတ် မချင်း အိုင်စီယူ မတင်ရတတ်ဘူး။ အခု ချက်ခြင်း တစ်လုံးလုံး ထိုးကြည့်လိုက်။ ၅ မိနစ်နေတိုင်း နောက်တစ်ဝက် ထပ်ထိုး။ အဆင်မပြေရင် ပြန်ဆက်လိုက်။"

ပြောပြီးတော့ ကိုယ်ကတော့ မေ့မေ့လျော့လျော့။ ဒီနေ့ သူ့ တွေ့မှ သတိရတာ။ လူနာက ၂ လုံးလောက် ထပ်ထိုးရုံနဲ့ ကောင်းပေမယ့် ဗိုက်ထဲက ကလေးကတော့ မကောင်းတော့ပါတဲ့။ တကယ်ဆို စရောက်တဲ့ ဆေးရုံမှာထဲက လုံလောက်တဲ့ Adrenaline ကို ရခဲ့ရင် ကလေးပါ ရှင်နိုင်မှာ။ အဓိကကတော့ Anaphylaxis (ဆေးမတည့်ခြင်း) မှာ adrenaline ဘယ်လောက် အရေးကြီးပြီး ဘယ်လို ပေးရမယ်ဆိုတာကို မသိကြလို့။

$$$$$$$$$$$$$

နောက် iv လား။ im လား မသဲကွဲကြဘူး။ စာသင်ခန်းထဲမှာဆို မှတ်မိအောင် ဒီလို ပြောသင်တယ်လေ။ Adrenalin ကို iv ထိုးမိလို့ ၂၀၀၉ လောက်က ဆရာဝန်လေး ဆမ ပြုတ်သွားတဲ့ အကြောင်း ပြောပြတယ်။ ဒီတော့ Adrenaline iv က ကြောက်ဖို့ ကောင်းတယ်။ လူ အရှင်တွေမှာ လုံးဝ မထိုးပါနဲ့လို့ တရားသေ လှေနံဓားထစ် သင်လိုက်တယ်။ လူအရှင် မထိုးနဲ့ ဆိုတော့ လူအသေမှာ ထိုးလို့လား မေးကြည့်တယ်။ မဖြေတတ်တော့မှ ထိုးတယ်လေ။ CPR မှာ ထိုးတယ်လို့ ညွှန်ပြရတယ်။ လူအသေ CPR လုပ်တာမှာတောင် Adrenaline iv ကို ကြောက်လွန်းလို့ ရေ ဆယ်ဆ ရော ထိုးရတယ်လို့ တခါတည်း ပြောသင်ရတယ်။

Anaphylaxis မှာက Adrenaline (1:1000 solution)
CPR မှာက Adrenaline (1:10000 solution)

im ထိုးတဲ့ နေရာလည်း မှတ်မိအောင် သင်ရတယ်။ တင်ပါး ထိုးလို့ မရဘူး။ မင်းတို့လူနာက မော်ဒယ် မင်းသမီး (ဇ သ ဇ ) ဖြစ်နေခဲ့ရင် မင်းထိုးလိုက်တဲ့ needle က သူ့အတွက် တိုလွန်းသွားလို့ Intramuscular မဖြစ်ဘဲ Intra-fat
ဖြစ်သွားတတ်တယ်။ Anaphylaxis လိုမျိုး သွေးမလျှောက်တဲ့ အချိန်ဆိုတော့ ပိုသေချာတဲ့ anterolateral thigh ကို ထိုးရတယ်လို့ တခါတည်း သင်တယ်။

Adrenaline im 1/3 to half ampule every 5 to 15 min ပါ။ (no dilution)

#Anaphylaxis
#medicine
https://www.facebook.com/photo.php?fbid=10155554025961707&set=a.10150266764596707&type=3

ဓါတ် မတည့်တာ  anaphylactic shock
ရိုးရိုးလူများ ပါ နားလည်စေ၇န် မြန်မာလို ရေးပေးလိုက်တယ်
=============================
အေ၇ပြားယား အသက်ရှူရခက်
ဝမ်းလျှော ဗိုက်နာ
လျှာ ထူ နုတ်ခမ်းထူ
လက်ခြေ ထုံကျင်
ခေါင်းမူး သတိမေ့ ရုတ်တရက် အသက်ရှူရခက်လာ  အားနည်းလာ
သွေးပေါင်းကျ ခြင်း တွေဖြစ်
ဘာကြောင့်ဖြစ် သလဲ 
--- အစားစာနဲ့ မတည့်တာ ပိုးကိုက်တာတို့ ဆေးနဲ့ မတည့်တာ condom latex ၇ာဘာနဲ့ မတည့်တာ
ဥနဲ့ မတည့်တာ  ပင်လယ်စာနဲ့ မတည့်တာ 
ရှားတာရှားတယ် တစ်ခါ တလေ အားကစားလုပ်ရင် ပြင်ပြင်းထန်ထန် လုပ်မိရင် သွေးပေါင်ကျပြီး shock ရတာမျိုးတွေ
ပိုဆိုးတဲ့ အချက် က ကိုယ်မှာ
ပန် နာ၇င်ကြပ် ရှိနေတာတို့ ဘာတို့ တစ်ခုခုနဲ့ ဓါတ် မတည့်တာမျိုးတွေရှိတတ်တယ်ဆို၇င် ပေါ့
သွေးပေါင်ကျ shock ရ ဆိုးကျိုးတွေ က ကျောက် ကပ် ပျက် ဆီး  ဦးနှောက်ပျက် ဆီး etc
ကုသနည်း
epinephrine -->Adrenalin im 0.3 to 0.5 mg (1/3 to ½ ampule) every 5 to 15 minute ကို သွေးပေါင် မတက်မချင်း ထိုင်ထိုးရတာ။ Maximum dose မရှိဘူး။
glucocorticoid -->Hydrocortisone  iv က ထိုးပြီး ၆ နာရီမှ အလုပ်စလုပ်တဲ့ အတွက်  ၆ နာ၇ီနောက်ပိုင်း ဖြစ်တဲ့ shock ကို ကာကွယ် ဖို့ အတွက်ထိုးတာ
antihistamine--> burmeton cetrizine desloratidine etc  shock ဖြစ်တဲ့ အချိန် ထွက်လာနဲ့ mediators တွေကို action ၇ပ်ဖို့ သုံးပေးတာ
vasodilation prevent
အဲ့လို လုပ် ပေးလိုက်ရင် အသက်ရှုရခက်တာ သက်သာသွားတယ် 
အချိန် မှီလုပ်ပေးနိုင်ရင် အသက်ရှင်တယ်
credit
https://www.healthline.com/health/anaphylactic-shock#outlook
https://www.facebook.com/photo.php?fbid=10155554025961707&set=a.10150266764596707&type=3

Tuesday, September 4, 2018

ကာတွန်းကားကနေပြီး လေ့လာထားတဲ့ ရှေးဦးသူနာပြုစုနည်းကို သုံးပြီး သူ့ရဲ့အတန်းဖော်ကို ကယ်တင်ခဲ့တဲ့ အော်တစ်စင် ကလေးငယ်

ကာတွန်းကားကနေပြီး လေ့လာထားတဲ့ ရှေးဦးသူနာပြုစုနည်းကို သုံးပြီး သူ့ရဲ့အတန်းဖော်ကို ကယ်တင်ခဲ့တဲ့ အော်တစ်စင် ကလေးငယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ
          နယူးယောက်မှာနေတဲ့ ၁၃ နှစ်သား အော်တစ်စင်ကလေးငယ်လေး Brandon Williams ဟာ Spongebob Squarepants လို့ခေါ်တဲ့ ကာတွန်းကားကို အရမ်းကိုနှစ်သက်တဲ့ ပရိသတ်တစ်ယောက် ဖြစ်ပါတယ်။
          ဒီကလေးက နေ့လယ်စာစားချိန်မှာ ပန်းသီးနင်နေတဲ့ အတန်းဖော်ကို အသက်ကယ်နိုင်ခဲ့ပါတယ်။ သူက Heimlich maneuver လို့ခေါ်တဲ့ အစာနင်ရင် ပြုလုပ်ရတဲ့ ရှေးဦးသူနာပြုစုနည်းကို သုံးခဲ့ပါတယ်။ သူ့ရဲ့သူငယ်ချင်းကို နောက်ကနေပြီး လက်နှစ်ဖက်နဲ့ ပွေ့ဖက်လိုက်ကာ ရင်ဝမ်းခြား ကန့်လန့်ကာ ကြွက်သားနေရာ (ရင်ညွန့်နား) ကနေပြီးတော့ အပေါ်ကို တွန်းတင်လိုက်တာနဲ့ လည်ပင်းမှာ နင်နေတဲ့ ပန်းသီးအပိုင်း ထွက်ကျလာပါတယ်။
          ကလေးက သူ့ရဲ့အဖေကို ဖြစ်စဉ်အကြောင်း ရှင်းပြခဲ့သလို သူ့သူငယ်ချင်းရဲ့ အသက်ကို ကယ်ဆယ်ခဲ့တဲ့နည်းလမ်းကို Spongebob Squarepants လို့ခေါ်တဲ့ ကာတွန်းကားထဲက သင်ယူခဲ့တယ်လို့ ဆိုပါတယ်။
          အင်တာဗျူးမှာ သူ့ရဲ့အဖေက ကျွန်ုပ်တို့အများစု သတိမထားမိဘဲ ကျော်သွားတဲ့အရာတွေကို သူက သေချာမှတ်ထားလေ့ရှိပြီးတော့ သူ့ရဲ့ဦးနှောက်ထဲမှာ သေချာသိမ်းဆည်းထားကာ လိုရင် ပြန်ထုတ်သုံးနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ကလေးက ဒီလိုလုပ်ရပ်မျိုးကို စွမ်းဆောင်နိုင်တာပါ။ ကလေးရဲ့လုပ်ရပ်အတွက် အရမ်းကို ဝမ်းမြောက်မိပါတယ်လို့ ဆိုပါတယ်။
Dr. Mya Myo Myo Swe

Monday, September 3, 2018

လူတိုင်း မှားလေ့ရှိတဲ့ ရှေးဦးသူနာပြုစုနည်း အမှား (12) ချက်

လူတိုင်း မှားလေ့ရှိတဲ့ ရှေးဦးသူနာပြုစုနည်း အမှား (12) ချက်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ
1.      နှာခေါင်းသွေးလျှံတဲ့အခါမှာ ခေါင်းနောက်ကို မော့ထားခြင်း
        ဒီလိုလုပ်တာက သွေးတွေကို လည်ချောင်းထဲကို ပြန်ကျသွားစေနိုင်တဲ့အတွက် ဒီလို ဘယ်တော့မှ မလုပ်ပါနဲ့။
          ဒီလိုလုပ်ပါ - ရှေ့ကို ကုန်းပြီးတော့ နှာခေါင်းရိုးကို လက်နဲ့ ဖိညှစ်ထားပါ။ ဓာတ်မတည့်ခြင်း (သို့) ခြောက်သွေ့တဲ့ရာသီဥတု စတဲ့ အကြောင်းတစ်ခုခုရဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်လေ့ရှိတဲ့ နှာခေါင်းသွေးလျှံခြင်းဆိုရင် ၁၀ မိနစ်အတွင်းမှာ ပြန်ကောင်းသွားတတ်ပါတယ်။ ဒီထက် ပိုကြာတယ် ဆိုရင်တော့လည်း တန်ပွန်ထည့်ပြီးတော့ အရေးပေါ်ဌာနကိုသာ သွားလိုက်ပါ။

2.      အပူလောင်တဲ့အပေါ်မှာ ရေခဲ (သို့) ထောပတ်တင်ခြင်း
          ဒီရှေးဟောင်းအကြံတွေက တကယ်ကို မကောင်းပါဘူး။ တစ်ခါတလေမှာဆိုရင် သွားတိုက်ဆေးတို့ ထောပတ်တို့တောင် အုံခိုင်းတာ ရှိပါသေးတယ်။ ဒီလို အိမ်တွင်းကုထုံးတွေကို သုံးလေ့ရှိကြပေမယ့်လည်းပဲ ဒီလိုလုပ်တာက အပူလောင်တဲ့အထဲမှာရှိတဲ့ အပူကို လှောင်ထားသလိုဖြစ်ပြီး ပိုပြီးတောင် ဆိုးသွားစေနိုင်ပါတယ်။ ရေခဲအုံတာကလည်း အကျိုးမရှိပါဘူး။
          ဒီလိုလုပ်ပါ - အပူလောင်သွားတဲ့အပေါ်ကို ရေပိုက်က အေးမြတဲ့ရေ (ရေခဲရေ မဟုတ်ပါ) ကို မိနစ်အတော်ကြာ ဖွင့်ချထားပါ။ ပြီးရင် သန့်ရှင်းခြောက်သွေ့တဲ့ ပတ်တီးစ (gauze) နဲ့ အုပ်ထားပြီးတော့ ဆေးကုသမှုခံပါ။ ဒါတွေက ကလေးတွေအတွက် အရေးကြီးတဲ့ ရှေးဦးပြုစုနည်းတွေပါ။

3.      ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့သူကို ရွှေ့ပေးခြင်း
          ကားမှောက်မှု (သို့) အားကစားပွဲတစ်ခုခုမှာဖြစ်တဲ့ ပြင်းထန်တဲ့ဒဏ်ရာ ရတဲ့နေရာမှာ ကိုယ်က ပထမဆုံး မြင်တဲ့သူဆိုရင် ဒဏ်ရာရတဲ့သူကို အဆင်ပြေ၊ မပြေ သေချာဖို့အတွက် နေရာရွှေ့ဖို့ စိတ်ကူးမိပါလိမ့်မယ်။ သွားမရွှေ့ပါနဲ့။ ဒဏ်ရာရတဲ့သူတွေမှာ အာရုံကြောမကြီး ဒဏ်ရာရတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒီအချိန်မှာ သွားရွှေ့လိုက်ရင် ရာသက်ပန် ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်တာမျိုး ကိုယ်တစ်ခြမ်း သေသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ မီးလောင်နိုင်မှု၊ ပေါက်ကွဲနိုင်မှု၊ အဆောက်အဦးပြိုပြီးတော့ ပိနိုင်မှု စတဲ့ အန္တရာယ်တွေ ရှိတယ်ဆိုရင်တော့လည်း သတိထားပြီး ရွှေ့ပါ။
          ဒီလိုလုပ်ပါ - အရေးပေါ်ကို ခေါ်ပါ။ ဒဏ်ရာရတဲ့သူမှာ အာရုံကြောမကြီး ဒဏ်ရာရနိုင်ချေ ရှိတယ်ဆိုရင် ကျွမ်းကျင်တဲ့သူတွေ ရွှေ့တာ အကောင်းဆုံးပါပဲ။

4.      ပြတ်ရှနာကို သန့်ရှင်းသွားဖို့အတွက် အနာပေါ် တံတွေး ထွေးချခြင်း
          တံတွေးတွေက ပိုးတွေကို သန့်စင်ပေးနိုင်တယ်လို့ ကြားဖူးမှာပါ။ တကယ်တော့လည်း ဒါနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ပါးစပ်ထဲမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုးတွေ အပြည့်ရှိပြီးတော့ ဒါက အနာကို ပိုးဝင်စေနိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ အနာကို စမ်းချောင်း၊ မြစ်ထဲက ရေတွေနဲ့ ဆေးကြောခြင်းက ကပ်ပါးပိုး (သို့) ဘက်တီးရီးယားပိုး ဝင်ရောက်စေနိုင်ပါတယ်။
          ဒီလိုလုပ်ပါ - အနာကို ရေပိုက်က ရေ (သို့) ပိုးသန့်စင်ထားတဲ့ အငန်ပုလင်းကြီး (Saline water) နဲ့ သန့်စင်ပါ။

5.      ပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေအတွက် Benadryl ပေးခြင်း
          ဒါက သေစေနိုင်တဲ့ အမှားတစ်ခုပါ။ Benadry အလုပ်လုပ်ဖို့က 30-60 မိနစ်လောက် ကြာပြီးတော့ ဒါက ဓာတ်မတည့်ခြင်းကြောင့် သွေးလန့်နေတဲ့ လူနာတစ်ယောက်အတွက် အရမ်းကို ကြာပါတယ်။ ဒီလိုအသက်အန္တရာယ်ရှိတဲ့ အရေးပေါ်အခြေအနေမှာ epinephrine ပေးရပါမယ်။
          ဒီလိုလုပ်ပါ - အသက်ရှူရင် အသံတွေ မြည်လာတယ်၊ အသက်ရှူ မြန်လာတယ်၊ နှုတ်ခမ်းနဲ့ မျက်လုံးတစ်ဝိုက်မှာ ဖောင်းလာတယ်ဆိုရင် အရေးပေါ် အခြေအနေဖြစ်ပြီး တစ်စက္ကန့်မှ စောင့်နေလို့မရတဲ့ အခြေအနေပါ။ epinephrine ပေးပြီး အရေးပေါ်ဌာနကို ချက်ချင်း ခေါ်သွားပါ။ ကိုယ့်မှာ အဆိပ်၊ အစားအစာနဲ့ အခြားပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေ ဖြစ်တတ်တယ်ဆိုရင် epinephrine ကို အမြဲဆောင်ထားပါ။

6.      ကျိုးသွားတဲ့သွားကို ဆေးကြောခြင်း
          ကျွန်ုပ်တို့ အများစုက သွားကျိုးသွားရင် ဘာလုပ်ရမယ်ဆိုတာကို မသိကြပါဘူး။ ဒီသွားကို ဆေးကြောလိုက်တာက ကောင်းတယ်လို့ ထင်ပေမယ့်လည်း အမှန်တကယ်တော့ ဒီလိုလုပ်တာက သွားကို ထိခိုက်စေနိုင်ပါတယ်။
          ဒီလိုလုပ်ပါ - သွားကို နို့တစ်ခွက်ထဲထည့်ပြီး သွားဆရာဝန်ဆီ အမြန်သွားပြပါ။

7.      ဆရာဝန်ကို ပြဖို့အတွက် မွှားကို ဒီအတိုင်းထား,ထားခြင်း
          မွှားအကိုက်ခံရတဲ့အခါမှာ ဆရာဝန်ဆီရောက်ရင် ပြဖို့အတွက်ဆိုပြီးတော့ မွှားကို ဒီအတိုင်း ထား,ထားတာကို လက်မခံပါဘူး။ လူအများစုက မွှားကိုက်ရင် ပိုးသတ်ဆေးသောက်ဖို့ လိုတယ်လို့ ထင်ကြပေမယ့် ဒါက အရမ်းကို အတွင်းထဲထိ နက်နက်ကိုက်မှ၊ ၂၄ နာရီကျော် အသားမှာ တွယ်ကပ်နေမှသာ လိုတာပါ။
          ဒီလိုလုပ်ပါ - မွှားကို ဇာဂနာလေးနဲ့ တည့်တည့်ဆွဲထုတ်ပြီး ဖယ်ရှားလိုက်ပါ။ ဒီမွှားလေးကို ဖယ်ဖို့အတွက် petroleum jelly တွေ ဘယ်တော့မှ မသုံးပါနဲ့။ ပြီးရင် ဒဏ်ရာကို ဆရာဝန်နဲ့ပြပြီး ပိုးသတ်ဆေးသောက်ဖို့ လို၊ မလို မေးပါ။

8.      အဆစ် လည်သွားရင် (သို့) ကျိုးသွားတဲ့ နေရာပေါ်မှာ အပူကပ်ခြင်း
          ဒီလိုလုပ်တာက ရောင်ရမ်းခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ အပူက သွေးစီးဆင်းမှုကို ပိုကောင်းစေတဲ့အတွက် ရောင်တာကို ပိုဆိုးစေပါတယ်။
          ဒီလိုလုပ်ပါ - ဖြစ်စမှာဆိုရင် အမြဲတမ်း အအေးကပ်ပါ။

9.      ဒဏ်ရာရနေတဲ့မျက်လုံးက အညစ်အကြေးတွေကို ဖယ်ဖို့ ကြိုးစားခြင်း
          ထိခိုက်သွားတဲ့နေရာနားကို သွားကလိလိုက်တာက အနာကို ပိုဆိုးသွားစေပြီးတော့ ရာသက်ပန် ထိခိုက်မှုတွေကိုတောင်မှ ဖြစ်စေနိုင်ပါတယ်။
          ဒီလိုလုပ်ပါ - မျက်လုံးပေါ်မှာ အုပ်ပြီး ဘာမှမဝင်နိုင်အောင် ကာကွယ်ပါ။ ပြီးရင် ဆေးခန်းသွားပြပါ။

10.    သွေးထွက်နေတဲ့ အနာကနေပြီးတော့ ပတ်တီးစကို ဖယ်ထုတ်ခြင်း
          အနာပေါ်က ပတ်တီးစက စိုနေတယ်ဆိုရင် ဒါကို ဆွဲထုတ်ပြီး အစားမထိုးပါနဲ့။ သွေးတွေရဲ့ မျက်နှာပြင်မှာရှိတဲ့ သွေးခဲစေတဲ့အရာတွေက သွေးတိတ်သွားဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ဒီတော့ ပတ်တီးစအဟောင်းကို ဖယ်လိုက်တာက ဒီသွေးခဲစေတဲ့အရာတွေကို ဖယ်လိုက်သလို ဖြစ်သွားပြီးတော့ အနာက သွေးထပ်ပြီး ထွက်စေပါတယ်။
          ဒီလိုလုပ်ပါ - ပတ်တီးအဟောင်းကို ဖယ်မထုတ်ဘဲနဲ့ အသစ် ထပ်ကပ်ပါ။ ပတ်တီး ကွာထွက်လာတယ်ဆိုရင် သွေးထွက်ရပ်တဲ့အထိ ပတ်တီးကို ဖိထားပေးပါ။ ပြီးရင် အနာကို ရောဂါပိုး မဝင်စေဖို့ သေချာဆေးပါ။ ပိုးသတ်ဆေး လိမ်းပါ။ ပြီးရင် ပတ်တီး ပြန်ပတ်ထားပါ။

11.    ကားမတော်တဆမှုဖြစ်ပြီးရင် ဆေးကုသမှု မခံယူခြင်း
          မတော်တဆမှုဖြစ်ပြီးကာစမှာ ခန္ဓာကိုယ်ရဲ့ အရေးပေါ်တုံ့ပြန်မှုဖြစ်စဉ်တွေကြောင့် နာတာကို အုပ်ထားသလို ဖြစ်နေပါလိမ့်မယ်။ မတော်တဆဖြစ်ပြီးတော့ ၁၀ မိနစ်ကနေပြီး ၂ နာရီလောက်အထိ ဘာမှမခံစားရဘဲ နေတတ်ပါတယ်။
          ဒီလိုလုပ်ပါ - မတော်တဆမှုကြောင့် ကားပြင်းပြင်းထန်ထန် ထိခိုက်သွားတယ်ဆိုရင် လူက ဘာမှမဖြစ်ဘဲ ကောင်းနေတယ် ဆိုရင်တောင်မှ ဆေးရုံသွားပြီး စစ်ဆေးမှုခံယူဖို့တော့ လိုပါတယ်။

12.    အရေးပေါ်တစ်ခုခုဖြစ်ရင် မှန်ကန်စွာ ဆုံးဖြတ်ချက် မချနိုင်ခြင်း
          ပျားတုပ်ခံရလို့ ပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေဖြစ်ရင် ဘာကိုမှ စောင့်ဆိုင်းမနေပါနဲ့။ စားသောက်ဆိုင်မှာ အစာနင်တယ်ဆိုရင် တခြားသူတွေကို အားနာပြီးတော့ အိမ်သာကို ပြေးမသွားပါနဲ့။ အိမ်သာထဲမှာတင် အသက်ဆုံးရှုံးသွားနိုင်ပါတယ်။
          ဒီလိုလုပ်ပါ - ပြင်းပြင်းထန်ထန် ဒဏ်ရာရရင် (သို့) ဓာတ်မတည့်မှု ဖြစ်တယ်ဆိုရင် အရေးပေါ်ကိုသာ အရင်ခေါ်ပါ။
Dr. Mya Myo Myo Swe