ads bit

Pages

Monday, April 22, 2019

CPR လုပ်ရင် ဘာလို့ ရင်ဘတ်ကို ဖိတဲ့ Chest compression လုပ်တာလဲ…

CPR လုပ်ရင် ဘာလို့ ရင်ဘတ်ကို ဖိတဲ့ Chest compression လုပ်တာလဲ…No photo description available.
CPR လုပ်ရင် ဘာလို့ ရင်ဘတ်ကို ဖိတဲ့ Chest compression လုပ်တာလဲ…
.
.
.
.
.
.
.
.
.
.
.
.
များသောအားဖြင့် နှလုံးပြန်ခုန်အောင် Restart the heart beat လို့ ဆရာဝန်တွေ ထင်တတ်ကြတယ်။ တကယ်တော့ အဲလို မဟုတ်ဘူး။
Chest compression လုပ်ရင် Thoracic cage ရဲ့ negative pressure နဲ့ venouse blood တွေကို Suction လုပ်သလို ဖြစ်ပြီး နှလုံးထဲ ရောက်လာတယ်။
One-way valve တွေကြောင့် သွေးတွေက ရှေ့ကိုပဲ ဆက်သွားရတယ်။ ဒီ သွေးဟာ systolic arterial pressures of 60 to 80 mmHg or ¼ to 1/3 of normal cardiac output ဖြစ်စေတယ်။
ဒီလို Low level of circulation လေးနဲ့ Brain ကို အသက်ဆက်ထားချိန်မှာ Reversible causes (H’s and T’s) တွေကို ကုစားရတယ်။ VF or pulseless VT ဝင်နေရင် Defib shock ရိုက်ရတယ်။ တနည်းအားဖြင့် VF or pulseless VT မရှိဘဲ ECG flat တန်းနေတဲ့ လူနာတွေ၊ Pulseless electrical activity (PEA), also known as electromechanical dissociation ဖြစ်နေတဲ့ လူနာတွေမှာ Reversible causes (H’s and T’s) တွေကို စဉ်းစား ကုသကြည့်ရုံပါပဲ။
*******
အခါ တစ်ပါးဆီတုန်းကပေါ့။ ဆေးခန်းထဲ လမ်းလျှောက်ဝင်လာတုန်း ထိုင်စောင့်နေတဲ့ လူတွေထဲက ရိပ်ခနဲ လူတစ်ယောက် ရှေ့ကို ငိုက်ကျလာတယ်။ ကမန်းကတန်း ဆီးဖမ်းထားလိုက်ပြီး Pulse မရ အသက်မရှူတာ သတိထားမိလို့ CPR လို့ အော်လိုက်ပြီး ဝိုင်းလာတဲ့ ဝန်ထမ်းတွေ လက်ထဲအပ်လိုက်တယ်။ ပြီးမှ MO က ဆရာ့ဆီ Follow up လာတဲ့ လူနာလို့ ပြောတယ်။
ဒါနဲ့ CPR စလုပ်တယ်။ ECG ဆွဲပါလို့ သတိပေးမှ ဆွဲကြတယ်။ ဆွဲလိုက်တော့ VT (pulseless VT)။ ဒါနဲ့ Defib ရိုက်မယ်လို့ ပြောလိုက်တော့ MO တွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး Defib စက် မရှိဘူးလို့ ပြိုင်တူ ဖြေကြတယ်။ (ကျနော်တို့ဆီမှာ Defibrillator လို့ မခေါ်ကြဘူး။)
"ဟာ ရှိတာပေါ့။ ဆေးခန်းပိုင်ရှင်သားကို မေးဖူးတယ်။ ရှိတယ်လို့ ပြောတယ်။ မင်းတို့ မသိကြဘူးလား။"
ခေါင်းယမ်းကြတော့ အဲဒီပိုင်ရှင်သားကို ဖုန်းဆက်မေးရတယ်။
ရှိပါသတဲ့။ OT (ခွဲခန်း) ထောင့်လေးမှာ ပိတ်ဖြူစလေး အုပ်ထားသတဲ့။ ဒါနဲ့ အိုတီရှိတဲ့ အထပ်ကို ပြေးတက်ယူကြရတယ်။ (အဲဒီခေတ်က တော်သေးတယ်။ ဒီထက်စောတဲ့ ခေတ်တွေတုန်းက Defrillator တွေကို တမြတ်တနိုးနဲ့ မသုံးရက်ဘဲ ဌာနမှူး အခန်းထဲမှာ တစ်လုံးတည်းသော Defrillator ကို ခြင်ထောင်ချပြီး သိမ်းထားရတာ။ မှန်လုံဘူးလေး လုပ်ထားတယ်။ သော့ခတ် ထားတယ်။ အဲဒီသော့ကို Sister ကြီးက သိမ်းလေ့ ရှိတယ်။)
ဒါနဲ့ စက်ရောက်လာတော့ လူနာနဲ့ ချိတ်ဆက် Shock ရိုက်မယ်လို့ လုပ်တော့ ပါဝါ မရှိဘူး။ ဘေးက ဆရာဝန် ကလေးတွေက မျက်နာပျက်တယ်။ ဘာမှ မဖြစ်ဘူး AC ကြိုးနဲ့ ရိုက်မယ်လို့ အားပေးလိုက်တယ်။ ဒါနဲ့ ကြိုးနဲ့ ဆက်ဖို့ စီစဉ်တော့ ကြိုး ပါမလာဘူး။
ဒါနဲ့ ဆေးခန်းပိုင်ရှင်သားဆီ ဖုန်းဆက်ရပြန်တယ်။ ကြိုးဘယ်မှာလဲ ဆိုတော့ ကြိုးက ပျောက်နေတာတဲ့။
အေးရောပဲ။
ဒါနဲ့ လူနာပြန်ကြည့်တော့ VT run နေတုန်း။ အဲဒီ Private hospital နဲ့ နီးတဲ့ Private hospital နောက်တစ်ခုမှာ ရှိနိုင်တယ်လို့ တွေးမိတယ်။ ဒါနဲ့ လှမ်းမေးကြည့်တော့ ရှိတယ်တဲ့။ ထုံးစံအတိုင်း OT ထဲမှာတဲ့။ လူနာကြီး ကားပေါ်တင် CPR ဆက်လုပ်ပြီး အဲဒီ Private hospital ပြေးကြတယ်။ ငါတို့ လာနေပြီဆိုပြီး လှမ်း တပ်လှန့်ထားရတယ်။
အဲဒီ Private hospital ရောက်တော့မှ Defrillator က ပျက်နေတာ ကြာပြီဖြစ်ကြောင်းကို အကြီးအကဲ ဝန်ထမ်း တချို့က စက်ကို သက်သေပြပြီး တောင်းပန်ကြတယ်။ လူနာ ပြန်ကြည့်တော့ VT ပဲ။ CPR ဆက်လုပ်နေကြတုန်း။
မဖြစ်ချေဘူးဆိုပြီး လူနာကြီးမပြီး ဆေးရုံကြီး အရေးပေါ်ကို ပြေးကြရတယ်။ ERC ရောက်တော့ VT run တုန်း။ ဒါနဲ့ လူနာကြီး ကြမ်းပြင်ပေါ် ပက်လက်ချ Defib ရိုက်ကွာလို့ ဘွဲ့လွန် ကျောင်းသားကို ပြောတော့ မရိုက်ဘူးဖူးလို့ တွန့်ဆုတ် တွန့်ဆုတ် ပြောတယ်။ ရိုက်သာရိုက် မင်းလူနာက သေလူပဲ လို့ အားပေးရပြန်တယ်။ ဖဲသမားစကားနဲ့ဆို အောက်ပြုတ်နဲ့ လိုက်ရတာကိုး။
ဒါနဲ့ Defib ရိုက်လိုက်တယ်။ ရိုက်ပြီးပြီးချင်း Sinus ပြန်ဖြစ်လို့ ပျော်လိုက်ရတာ။ ဒါပေမယ့် မိနစ်ပိုင်း မကြာဘူး။ VT က ပြန် run တာပဲ။ ဒါနဲ့ Shock ပြန်ရိုက်တယ်။ ပြန်ကောင်းတယ်။ Second ပိုင်းနေတော့ ပြန်ဖြစ်တယ်။ ပြန်ရိုက်တယ်။ ပြန်ကောင်းတယ်။ ဒါပေမယ့် လူကလည်း ဘယ်နှစ်ခါ ကောင်းနိုင်မှာလဲလေ။ နာရီဝက်ကျော်အောင် VT နဲ့ Cardiogenic shock ရနေတဲ့ အသက် ၇၀ ကျော် အသက် လူနာ။ ဒီလောက် ပြန်ကောင်းပြတာကိုပဲ ကျေးဇူးတင်ရမယ်။
ဒီစာကို ရေးဖြစ်ရတာလည်း ခေတ်မှီ Private hospital မှာ MO တွေက Basic life support ပဲ လုပ်နေကြတယ်။ ECG စစ်ဆေးဖို့ Defibrillator ယူဖို့ မစဉ်းစားကြတာကို မြင်လာတဲ့ လုပ်ဖေါ်ကိုင်ဖက် သမားတော် တစ်ယောက်က ဒီနေ့ ရင်ဖွင့်သွားလို့ပါ။ Defib နဲ့ ပြန်ကောင်းသွားပြီး ICU ရောက် ပြန်အသက်ရှင်သွားတဲ့ လူနာတွေ အများကြိးပါ။
တစ်ဆက်တည်း ဆက်ပြောရရင် CPR လုပ်ရင်းနဲ့ လက်လျှော့လိုက်ရပြီး သေဆုံးပြီ သတ်မှတ်ကာ ရေခဲတိုက်ထဲ ရောက်မှ အသက်ပြန်ရှင်လာသူတွေ ရှိဖူးသတဲ့။ ခရစ်တော်တန်ခိုးနဲ့ သေရွာက ပြန်လာတဲ့ တပည့်တော်ကြီး Lazarus ကို အစွဲပြုပြီးတော့ အဲလို ရင်ခွဲရုံက ပြန်လာတာကို Lazarus phenomenon လို့ ခေါ်သတဲ့။
Social Media မှာပဲ စာသင်ရတော့မှာပဲလေ။ စာသင်ခန်းထဲကို စာသင်သားမှ မလာကြတော့တာကိုး။
(အခုတော့ Emergency မှာ Defibrillator ထားလာကြပါပြီ။)
https://www.facebook.com/photo.php?fbid=10155802218276707&set=a.10150266764596707&type=3

No comments:

Post a Comment