ads bit

Pages

Monday, April 22, 2019

ရာသီဥတုကအရမ်းပူလာပြီနော်

ရာသီဥတုကအရမ်းပူလာပြီနော်
အပူရှပ်ခြင်း (Heat stroke) မဖြစ်အောင်ဂရုစိုက်ကြပါရှင့်

အပူရှပ် (Heat Stroke) ရဲ့ လက္ခဏာတွေက.......
ခန္ဓာကိုယ်အရမ်းပူလာမယ်/ အသားအရေတွေ ခြောက်သွေ့နီရဲလာမယ်/ ခေါင်းကိုက်မယ် အန်မယ်/ ချွေးမထွက်ဘဲ နှလုံးခုန်တာတွေ မြန်နေမယ်/ အရမ်းပြင်းထန်ရင် သတိလစ်ပြီးမေ့လဲတာတို့ ဖြစ်တတ်ပါတယ်
Heat Stroke ဖြစ်ပြီဆို
သတိလစ်တာ၊အဖျားကြီးပြီးတက်တာ၊
ဖျားပြီးဦးနှောက်အမြေးရောင်တာ၊
အူတွင်းသွေးကြောတွေ၊ဦးနှောက်သွေးကြောတွေပေါက်ထွက်တာတွေ
ဖြစ်ပြီးအသက်ဆုံးရှုံးနိုင်ပါတယ်တဲ့။

အဲ့လိုလက္ခဏာတွေဖြစ်ရင်.........

နေရိပ်ထဲမှာနေပါ / အဝတ်စားတွေကို ချောင်ချောင်ချိချိဝတ်ပါ (ချွတ်ပါ)
ရေအေးနဲ့ ရေပတ်တိုက်ပါ (ရေအေးနဲ့လောင်းချိုးပါ)
လေဝင်လေထွက်ကောင်းတဲ့နေရာမှာနေပါ /ပန်ကာ အဲကွန်းဖွင့်ထားပါ
ရေ (သို့) ဓာတ်ဆားရေတိုက်ပါ
နီးစပ်ရာဆေးရုံ/ဆေးခန်းအမြန်ဆုံးပို့ပါ

အပူဒဏ် ရှောင်နိုင်ဖို့ .....
နေပူထဲထွက်ရင် ထီး ဦးထုပ် လက်ရှည်များ ဝတ်ပါ
နေပူထဲက ပြန်လာချင်း ရေခဲရေ မသောက်ပါနဲ့
နေပူချိန် ရေချိုးဆင်ခြင်ပါ
အရမ်းပူတဲ့အချိန် လေ့ကျင့်ခန်းလုပ်ခြင်းများရှောင်ပါ
အရက်အလွန်အကျွံသောက်ခြင်းမပြု
နေပူထဲက ပြန်လာချင်း ရေချိုး /ရေလောင်း မလူပ်ရ

ကိုယ်သိသလောက် ပြန်လည်မျှဝေပါတယ်
ဂရုစိုက်ကြပါနော်
https://www.facebook.com/thuthu.htet.1422/posts/863565554007883

No comments:

Post a Comment