ads bit

Pages

Saturday, April 27, 2019

pill-induced esophageal ulcers

 pill-induced esophageal ulcers Image may contain: one or more people and foodImage may contain: one or more peopleImage may contain: one or more people and closeupImage may contain: one or more people and closeup
အစာလည်းဆေး ဆေးလည်းအစာဆိုပေမဲ့

အသက် ၁၇ ၁၈ အရွယ် လူငယ် လေးတယောက်။ အစာစား ရေသောက်ရင် ရင်ညွန့်ရိုးအောက်နေရာ လောက်က နာတယ် အောင့်တယ် တစ်ဆို့ဆို့ဖြစ်တယ်။ အဲဒီလိုဖြစ်တာ တရက် လောက်ပဲရှိသေးတယ်။ ရုတ်တရက်ဖြစ်လာတာ။ အရင်က ဘာရောဂါမှ မရှိ။ ပြင်ပက စမ်းကြည့်တော့လည်းအကောင်းပဲ။ ဒါနဲ့ရာဇဝင်နဲနဲမေးကြည့်တော့ ဒီဟာမဖြစ်ခင်ဘာဆေးတွေသောက်သေးလဲ။ ဝက်ခြံအတွက် ဆရာဝန်ပေးတဲ့ Doxycycline သောက်ခဲ့တယ်။ ဒါဆိုရင် တော့ ရောဂါ နံမည်တပ်လို့ ရသွားပြီ။Doxycycline ဆေးတောင့် ကြောင့်ဖြစ်တဲ့ အစာပြွန်ရောင်ရမ်းခြင်း။ Doxycycline ရပ်ခိုင်းလိုက်တယ် ၅ ရက်စာ ဆေးပေးလိုက်တယ်။ ၅ ရက်နေတော့ပြန်ပြတယ်။ မသက်သာဘူး။ ဒါနဲ့ gastroscopy အစာအိမ်မှန်ပြောင်းကြည့်လိုက်တယ်။ အစာပြွန် အလည်လောက်မှာ ဆိုးဆိုးရွားရွား ထိခိုက်ထားတာတွေ့ ရတယ်။ အနာတွေ ဖြစ်နေတယ်။ ဒါကို pill-induced esophageal ulcers လို့ ခေါ်ကြတာပေါ့။ ဒီလို အဖြစ်အပျက် မျိုးတွေ မကြာ မကြာ တွေ့ရတတ်ပါတယ်။ အဖြစ်များတဲ့ ဆေးတွေ ကတော့ Doxycycline, Potassium Tablet နဲ့ Bisphosphonate တို့ပါပဲ။ အဲဒီဆေးတွေ လိုအပ်လို့ သောက်ရမယ်ဆိုရင် သတိထားဖို့လိုပါတယ်။

(၁) ရေများများနဲ့သောက်ပါ
(၂) ထိုင်ပြီးသောက်ပါ
(၃) တခါထဲနဲ့ဆေးတွေ အများကြီးမသောက်ပါနဲ့။ ဖြစ်နိုင်ရင်တလုံးချင်းသောက်ပါ
(၃) ဆေးသောက်ပြီး ချက်ချင်း မအိပ်ပါနဲ့ မလှဲပါနဲ့။ နာရီဝက်လောက်ထိုင်နေပါ

ဒါမှပဲ ဆေးကြောင့်ဖြစ်တဲ့အစာရေမျို အနာများမှ ကာကွယ်နိုင်မှာပါ။
ခုဒီလူငယ်လေးဆိုရင် အနာတွေ ကျက်ဖို့ တလ လောက်တော့ကြာပါလိမ့်မယ်။ မပျောက်မချင်း သူ့ခမျာ အစားကောင်းကောင်းစားနိုင်မှာ မဟုတ်ပါဘူး။

ဂရုစိုက်ဖို့နဲ့ ဆင်ခြင်ဖို့ပါ။
https://www.facebook.com/polunmdy/posts/10218896214537160

No comments:

Post a Comment