ads bit

Pages

Tuesday, April 30, 2019

6 packs ကြီးနဲ့ Gay နေတယ် ဆိုပြီး တအံ့တသြ ဖြစ်နေကြသူတွေ တွေ့ရလို့ ဒါကို တင်လိုက်ပါတယ်။

6 packs ကြီးနဲ့ Gay နေတယ် ဆိုပြီး တအံ့တသြ ဖြစ်နေကြသူတွေ တွေ့ရလို့ ဒါကို တင်လိုက်ပါတယ်။

Sex & Gender ကို 4 dimensions နဲ့ ကြည့်ရပါတယ်။

၁။ မွေးတုန်းက ပါလာတဲ့ Sexual character ကို Biological Sex

၂။ လိင်ကွဲချစ်ခြင်း လိင်တူချစ်ခြင်းကို ပြတာက Sexual Orientation

၃။ ကျားကျားယားယား နေတာ ကနွဲ့ကယ နေတာက Gender Expression

၎။ ကျားဖြစ်နေလျက်နဲ့ ကိုယ့် ကျားအင်္ဂါကို ရွံမုန်းနေပြီး မ ဖြစ်ချင်နေတာ၊ မ ဖြစ်နေလျက်နဲ့ ကျားဖြစ်ချင်နေတာက Gender Orientation

6 packs ကြီး နဲ့ ခြောက်သူတွေကို ဥပမာ ကြည့် ကြည့်ရအောင်။

Biological Sex = male

Sexual Orientation = Homosexual

Gender Expression = male

Gender Orientation = male

မိန်းမလို ဝတ်ဆင်တဲ့ ယောကျာင်္း Gay တွေမှာ

Biological Sex = male

Sexual Orientation = Homosexual/ Bisexual (နှစ်ဖက်ချွန် = ယောကျာင်္းလည်း ချစ် မိန်းမလည်း ချစ်)/ Heterosexual (မိန်းမယူ)

Gender Expression = female (မိန်းမလို ဝတ်ဆင်နေ ထိုင်)

Gender Orientation = male or female (မိန်းမ ပုံစံ ဖြစ်အောင် ဆေးသောက် ခွဲစိတ်သော Transgender female)

Disclaimer - I am straight.

#LGBT
https://www.facebook.com/drmaungmaungoo/videos/10155816137561707/Image may contain: text

Saturday, April 27, 2019

pill-induced esophageal ulcers

 pill-induced esophageal ulcers Image may contain: one or more people and foodImage may contain: one or more peopleImage may contain: one or more people and closeupImage may contain: one or more people and closeup
အစာလည်းဆေး ဆေးလည်းအစာဆိုပေမဲ့

အသက် ၁၇ ၁၈ အရွယ် လူငယ် လေးတယောက်။ အစာစား ရေသောက်ရင် ရင်ညွန့်ရိုးအောက်နေရာ လောက်က နာတယ် အောင့်တယ် တစ်ဆို့ဆို့ဖြစ်တယ်။ အဲဒီလိုဖြစ်တာ တရက် လောက်ပဲရှိသေးတယ်။ ရုတ်တရက်ဖြစ်လာတာ။ အရင်က ဘာရောဂါမှ မရှိ။ ပြင်ပက စမ်းကြည့်တော့လည်းအကောင်းပဲ။ ဒါနဲ့ရာဇဝင်နဲနဲမေးကြည့်တော့ ဒီဟာမဖြစ်ခင်ဘာဆေးတွေသောက်သေးလဲ။ ဝက်ခြံအတွက် ဆရာဝန်ပေးတဲ့ Doxycycline သောက်ခဲ့တယ်။ ဒါဆိုရင် တော့ ရောဂါ နံမည်တပ်လို့ ရသွားပြီ။Doxycycline ဆေးတောင့် ကြောင့်ဖြစ်တဲ့ အစာပြွန်ရောင်ရမ်းခြင်း။ Doxycycline ရပ်ခိုင်းလိုက်တယ် ၅ ရက်စာ ဆေးပေးလိုက်တယ်။ ၅ ရက်နေတော့ပြန်ပြတယ်။ မသက်သာဘူး။ ဒါနဲ့ gastroscopy အစာအိမ်မှန်ပြောင်းကြည့်လိုက်တယ်။ အစာပြွန် အလည်လောက်မှာ ဆိုးဆိုးရွားရွား ထိခိုက်ထားတာတွေ့ ရတယ်။ အနာတွေ ဖြစ်နေတယ်။ ဒါကို pill-induced esophageal ulcers လို့ ခေါ်ကြတာပေါ့။ ဒီလို အဖြစ်အပျက် မျိုးတွေ မကြာ မကြာ တွေ့ရတတ်ပါတယ်။ အဖြစ်များတဲ့ ဆေးတွေ ကတော့ Doxycycline, Potassium Tablet နဲ့ Bisphosphonate တို့ပါပဲ။ အဲဒီဆေးတွေ လိုအပ်လို့ သောက်ရမယ်ဆိုရင် သတိထားဖို့လိုပါတယ်။

(၁) ရေများများနဲ့သောက်ပါ
(၂) ထိုင်ပြီးသောက်ပါ
(၃) တခါထဲနဲ့ဆေးတွေ အများကြီးမသောက်ပါနဲ့။ ဖြစ်နိုင်ရင်တလုံးချင်းသောက်ပါ
(၃) ဆေးသောက်ပြီး ချက်ချင်း မအိပ်ပါနဲ့ မလှဲပါနဲ့။ နာရီဝက်လောက်ထိုင်နေပါ

ဒါမှပဲ ဆေးကြောင့်ဖြစ်တဲ့အစာရေမျို အနာများမှ ကာကွယ်နိုင်မှာပါ။
ခုဒီလူငယ်လေးဆိုရင် အနာတွေ ကျက်ဖို့ တလ လောက်တော့ကြာပါလိမ့်မယ်။ မပျောက်မချင်း သူ့ခမျာ အစားကောင်းကောင်းစားနိုင်မှာ မဟုတ်ပါဘူး။

ဂရုစိုက်ဖို့နဲ့ ဆင်ခြင်ဖို့ပါ။
https://www.facebook.com/polunmdy/posts/10218896214537160

Tuesday, April 23, 2019

ပညာရှင်တွေပါးစပ်ပိတ်နေကြတဲ့နိုင်ငံ

Image may contain: one or more people, people sitting and outdoor
 ပညာရှင်တွေပါးစပ်ပိတ်နေကြတဲ့နိုင်ငံ
" ပညာရှင်တွေပါးစပ်ပိတ်နေကြတဲ့နိုင်ငံ "

ကင်ဆာရောဂါအတွက်
ဘာအပင်ကို ဘယ်လိုပြုတ်သောက်ရင်ပျောက်တယ်
ဘာအပွင့်ကို ဘယ်လိုကြော်စားပေးရင်
ဘာရောဂါသက်သာတယ်ဆိုတဲ့ ပို့စ်တွေမြင်ရင်...
ဒီနိုင်ငံက တိုင်းရင်းဆေးသမားတော်တွေကို
အံ့ဩမိတယ်
ဒီဆေးနည်းတွေဟာ မှန်လို့ပဲငြိမ်နေတာလား?
မှားတယ် ဒါပေမယ့် ကိုယ်ဖြစ်ကိုယ်ခံဆိုပြီး
ဂရုမစိုက်ကြတာလား?
ကုချင်ရင်လာကု ကိုယ့်ဖာသာကိုယ်
fb ဆေးနည်းတွေနဲ့ကုနေတာ
မတက်နိုင်ဘူးဆိုပြီး လွှတ်ထားတာလား?
စဉ်းစားမရဘူး
Research မရှိတဲ့ဆေးနည်းတွေကို
မိမိဖာသာသောက်ရင်း ဒုက္ခရောက်သေဆုံးနေကြတာတွေမြင်တော့...
ပညာရှင်တွေပါးစပ်ပိတ်နေကြတဲ့နိုင်ငံအကြောင်း
တွေးမိတယ်..

ကော်ဖီမစ်တွေမှာ အုန်းသီးမှုန့်တွေပါသတဲ့...
ဘယ်ကော်ဖီမစ်ကိုမွှေးလွန်းလို့ ဘယ်မှာစစ်ကြည့်တော့ ဘာတွေပါသတဲ့....
ဒီလောက်ဟိုးလေးတကြော်ကြော်ဖြစ်နေကြတာ
ကော်ဖီတံဆိပ်က ဘာလဲ
ဓာတ်ခွဲစမ်းသပ်ကြည့်တော့ ဘာတွေတွေ့လဲ..
သိကြသလား?
နိုးပါ...
ပညာရှင်တွေပါးစပ်ပိတ်နေကြတယ်
တကယ်ဆို သေချာစစ်
ဘယ်တံဆိပ်မှာဘာပါတယ် ကြေငြာချက်ထုတ်
မီဒီယာတွေကကြေငြာပေါ့
ခုတော့ ကော်ဖီသောက်ဖို့ကော်ဖီဖျော်ရင်း
ကြောက်လွန်းလို့ လက်တုန်နေရတဲ့ဘဝ..

နို့ဆီစက်ရုံမှာ နွားထီးတွေချည်းပဲတဲ့
နို့ဆီတွေမှာ နို့မပါဘူးတဲ့
တသက်လုံးသောက်လာတဲ့ လက်ဖက်ရည်တွေမှာ ဘာတွေပါပါလိမ့်
သက်ဆိုင်ရာက ကြေငြာချက်များ
ထုတ်မလားမျှော်မိတယ်...
နိုးပါ...
ပညာရှင်တွေပါးစပ်ပိတ်နေကြတယ်...
City mart မှာတော့
နို့ဆီနို့မှုန့်တွေ ခပ်တည်တည်နဲ့ရောင်းတုန်း..
သောက်ရမှာလား...မသောက်ရဘူးလား
တွေးရင်းကြောက်နေရတဲ့ဘဝ...

TV ချန်နယ်တစ်ခုကြည့်တိုင်း
ကြော်ငြာလိုက်တဲ့ အားဖြည့်အချိုရည်တွေ
ကော်ဖီတွေ ခေါက်ဆွဲခြောက်တွေ..
ဒါတွေဟာ တကယ်ရော ဥပါဒ်ကင်းရဲ့လား?
ဘယ်ငြုပ်သီးမှုန့်တွေမှာ မှိုတွေ့တယ်
တံဆိပ်တွေကိုကြေငြာတယ်...
နောက်၂လလောက်ဆို
ဈေးထဲမှာ အဲ့တံဆိပ်ပြန်တွေ့တယ်...
လက်ဖက် ငပိ...... ဒီတိုင်းပဲ
ဆိုးဆေးတွေထပ်သုံးနေသလား
ဓာတ်မြေဩဇာတွေထည့်သေးလား
ကဲ...အာဂျီနိုမိုတိုတဲ့..
ဂျပန်ကထုတ်တာ စားလို့ရပါတယ်တဲ့..
လှိုင်သာယာဈေးမှာ ဆာလာအိတ်တွေထဲကအချိုမှုန့်တွေကို
အာဂျီနိုမိုတိုတံဆိပ်ကပ်ထားတဲ့အိတ်တွေထဲ
ထည့်နေကြသတဲ့..
အံ့ဖွယ် ဂျပန်လှိုင်သာယာဖက်ဆက်တွေပါလား.....
ကြက်သားမှုန့်ပဲစားကြပါတဲ့
ငါးမှုန့်ပဲစားကြပါတဲ့ ....ဖြစ်ကြပြန်ပြီ
ပဲဆီတောင် ပဲရိုးရိုး
ပဲရှယ် ပဲထူးရှယ်ခွဲထားသေးတော့
ဘယ်ဆီက ဘာလဲဆိုတာ
အိမ်တိုင်းမှာ အစိုးရက ဓာတ်ခွဲခန်းထားထားပေးသလား?
နိုးပါ....
ပညာရှင်တွေပါးစပ်ပိတ်နေကြတယ်

စားနေရင်းရင်တမမနဲ့
ကိုယ့်သတ်မယ့်အဆိပ်တွေ
ကိုယ်ပြန်မျိုချနေရသလို ခံစားရမိတယ်...

ရေသန့်တဲ့
တွန်းလှည်းတွေနဲ့လိုက်ရောင်းနေတာ
တဗူး၅၀၀နဲ့ဝယ်သောက်နေရတဲ့ဘဝ
ဘယ်သူကခွင့်ပြုပြီး ဘာစက်တွေနဲ့လုပ်ကြသလဲ
မမေးအားတဲ့ဘဝ
စားသုံးသူအခွင့်အရေးဆိုတာ
သတင်းစာတွေထဲမှာပဲ မြင်ရတဲ့စကားလုံး....
တရားစွဲရင်လည်း မီးကျိုးမောင်းပျက်တရားခွင်မှာ
တရားလိုလုပ်ရင်း အသက်ကြီးနေရတဲ့နိုင်ငံ....

မြန်မာပြည်မှာ
အရက်အတုတွေကို အစစ်ဈေးပေးပြီးဝယ်သောက်နေရတာ
ရင်နာစရာတဲ့...ဖတ်လိုက်ရတယ်
ဘယ်ဟာ အစစ် ဘယ်ဟာအတုမှန်းမသိဘဲ
သိန်းချီပေးပြီးဝယ်သောက်နေရတဲ့ဘဝ
စစ်ဆေးမယ့် ပညာရှင်တွေသေကုန်ကြသလား?
ကာလနာတိုက်ကုန်ကြပလား?
ပါးစပ်ထဲ လာဘ်ထိုးထားတဲ့ငွေတွေဆို့ထားလို့
ဘာမှမပြောရဲကြသလား?
သေလို့တိုင်မှပဲ စစ်ဆေးပေးကြမှာလား?
ပညာရှင်တွေပါးစပ်ပိတ်နေကြတဲ့နိုင်ငံ......

တကယ်ဆို ပျံ့နှံ့လာတဲ့ကောလဟာလတစ်ခုခုအတွက်
ချက်ချင်း action ယူ ချက်ချင်းစစ်
ချက်ချင်းကြေငြာချက်ထုတ်ပြန်ရမှာ
မဟုတ်ဘူးလား
ခုတော့ ပညာရှင်တွေဆွံ့အနေကြသလား
သေကုန်ကြတာလား?

၂၅၀တန်ခေါက်ဆွဲခြောက်
၁၀၀တန်အီကြာကွေး ၁၀၀တန်ကော်ဖီမစ်တွေနဲ့
အသက်ဆက်နေရတဲ့ ကျုပ်တို့ဘဝ
သေမထူးနေမထူး ဘဝတွေ
ဘယ်သူက $ဖက်လုပ်ပြီးဂရုစိုက်လို့တုန်း....

ကိုယ့်နိုင်ငံက export ကြတော့
ဘာဖြစ်မှ ညာဖြစ်မှ $ဂျီးတွေများ ဈေးတွေနှိမ်
မျက်နှာငယ်ငယ်နဲ့ လက်အုပ်ချီပို့နေရပြီး
ကိုယ့်နိုင်ငံထဲသွင်းတဲ့ import တွေကြ
တံခါးမရှိ ဓားမရှိမရှိ
ဘယ်သူစစ်ရဲသလဲ
ဘယ်သူပြန်ပို့ရဲသလဲ
တွေ့ကြည့်ရင် ရင်နာလွန်းလို့
ကျတဲ့မျက်ရည်တောင်
နိုင်ငံခြားကသွင်းတဲ့တစ်ရှူးနဲ့
သုတ်နေရတဲ့ဘဝ....

အဲ့တော့.....
သေမလား...သေစမ်း..
ကင်ဆာလား..ဖြစ်စမ်း..
တရားစွဲခွင့်ရှိသလား..?
ဒီဟာစားမိလို့ ဒါဖြစ်ရပါတယ်
ဒီကုမ္ပဏီကိုအရေးယူပေးပါတိုင်ကြားလို့
နစ်နာကြေးဒေါ်လာသန်းချီရဘူးကြသလား?
နိုးပါ...
ပညာရှင်တွေနှုတ်ပိတ်နေတဲ့နိုင်ငံ
ပညာရှင်တွေသေဆုံးနေတဲ့နိုင်ငံ.....

Hotel အကောင်းစားကြီးတွေမှာ
လုပ်လိုက်ရတဲ့ဆွေးနွေးပွဲ
တက်လိုက်ရတဲ့ ဖိုရမ်
ဖွဲ့လိုက်ရတဲ့အဖွဲ့အစည်းတွေ
ခပ်တည်တည်နဲ့ သူတို့ပညာတက်တွေပါပေါ့
ရိုက်လိုက်ရတဲ့ ဓာတ်ပုံ
ခံယူလိုက်ရတဲ့ VIP ....
အောက်ခြေလူတန်းစားတွေအတွက်
ဘာအကျိုးအမြတ်မှ
ဘာအသိပညာမှ မရတဲ့နိုင်ငံ
ဘာကာကွယ်မှုမှ
ထိထိရောက်ရောက်မလုပ်ပေးနိုင်တဲ့နိုင်ငံ...

အဲ့တော့လည်း...
စားကြစမ်း ...chemical တွေ
ဖြစ်ကြစမ်း ရောဂါဆန်းတွေ
သေကြစမ်း....
နင်တို့သေတော့လည်း
ဆန်ကုန်သက်သာတယ်ဟဲ့....
တဒေါ်လာ ၁၅ခါလျော်စရာမလိုတော့ဘူး
မြန်မြန်သာသေကြစမ်း...

ပညာရှင်တွေ မော်မကြည့်ရဲတဲ့နိုင်ငံ
ပညာရှင်တွေကို နေရာမပေးတဲ့နိုင်ငံ
ပညာရှင်တွေ အလုပ်ပြုတ်မှာစိုးလို့
ပါးစပ်ပိတ်နေကြတဲ့နိုင်ငံမှာ
မြန်မြန်စား...မြန်မြန်သေကြ

(အိမ်း....ဒါတောင်ကျော်သူရှိနေလို့
နာရေးပူစရာမလိုတာ,,,,,,,,,)
Z,M
https://www.facebook.com/photo.php?fbid=788419534849023&set=a.139889336368716&type=3

Monday, April 22, 2019

CPR လုပ်ရင် ဘာလို့ ရင်ဘတ်ကို ဖိတဲ့ Chest compression လုပ်တာလဲ…

CPR လုပ်ရင် ဘာလို့ ရင်ဘတ်ကို ဖိတဲ့ Chest compression လုပ်တာလဲ…No photo description available.
CPR လုပ်ရင် ဘာလို့ ရင်ဘတ်ကို ဖိတဲ့ Chest compression လုပ်တာလဲ…
.
.
.
.
.
.
.
.
.
.
.
.
များသောအားဖြင့် နှလုံးပြန်ခုန်အောင် Restart the heart beat လို့ ဆရာဝန်တွေ ထင်တတ်ကြတယ်။ တကယ်တော့ အဲလို မဟုတ်ဘူး။
Chest compression လုပ်ရင် Thoracic cage ရဲ့ negative pressure နဲ့ venouse blood တွေကို Suction လုပ်သလို ဖြစ်ပြီး နှလုံးထဲ ရောက်လာတယ်။
One-way valve တွေကြောင့် သွေးတွေက ရှေ့ကိုပဲ ဆက်သွားရတယ်။ ဒီ သွေးဟာ systolic arterial pressures of 60 to 80 mmHg or ¼ to 1/3 of normal cardiac output ဖြစ်စေတယ်။
ဒီလို Low level of circulation လေးနဲ့ Brain ကို အသက်ဆက်ထားချိန်မှာ Reversible causes (H’s and T’s) တွေကို ကုစားရတယ်။ VF or pulseless VT ဝင်နေရင် Defib shock ရိုက်ရတယ်။ တနည်းအားဖြင့် VF or pulseless VT မရှိဘဲ ECG flat တန်းနေတဲ့ လူနာတွေ၊ Pulseless electrical activity (PEA), also known as electromechanical dissociation ဖြစ်နေတဲ့ လူနာတွေမှာ Reversible causes (H’s and T’s) တွေကို စဉ်းစား ကုသကြည့်ရုံပါပဲ။
*******
အခါ တစ်ပါးဆီတုန်းကပေါ့။ ဆေးခန်းထဲ လမ်းလျှောက်ဝင်လာတုန်း ထိုင်စောင့်နေတဲ့ လူတွေထဲက ရိပ်ခနဲ လူတစ်ယောက် ရှေ့ကို ငိုက်ကျလာတယ်။ ကမန်းကတန်း ဆီးဖမ်းထားလိုက်ပြီး Pulse မရ အသက်မရှူတာ သတိထားမိလို့ CPR လို့ အော်လိုက်ပြီး ဝိုင်းလာတဲ့ ဝန်ထမ်းတွေ လက်ထဲအပ်လိုက်တယ်။ ပြီးမှ MO က ဆရာ့ဆီ Follow up လာတဲ့ လူနာလို့ ပြောတယ်။
ဒါနဲ့ CPR စလုပ်တယ်။ ECG ဆွဲပါလို့ သတိပေးမှ ဆွဲကြတယ်။ ဆွဲလိုက်တော့ VT (pulseless VT)။ ဒါနဲ့ Defib ရိုက်မယ်လို့ ပြောလိုက်တော့ MO တွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး Defib စက် မရှိဘူးလို့ ပြိုင်တူ ဖြေကြတယ်။ (ကျနော်တို့ဆီမှာ Defibrillator လို့ မခေါ်ကြဘူး။)
"ဟာ ရှိတာပေါ့။ ဆေးခန်းပိုင်ရှင်သားကို မေးဖူးတယ်။ ရှိတယ်လို့ ပြောတယ်။ မင်းတို့ မသိကြဘူးလား။"
ခေါင်းယမ်းကြတော့ အဲဒီပိုင်ရှင်သားကို ဖုန်းဆက်မေးရတယ်။
ရှိပါသတဲ့။ OT (ခွဲခန်း) ထောင့်လေးမှာ ပိတ်ဖြူစလေး အုပ်ထားသတဲ့။ ဒါနဲ့ အိုတီရှိတဲ့ အထပ်ကို ပြေးတက်ယူကြရတယ်။ (အဲဒီခေတ်က တော်သေးတယ်။ ဒီထက်စောတဲ့ ခေတ်တွေတုန်းက Defrillator တွေကို တမြတ်တနိုးနဲ့ မသုံးရက်ဘဲ ဌာနမှူး အခန်းထဲမှာ တစ်လုံးတည်းသော Defrillator ကို ခြင်ထောင်ချပြီး သိမ်းထားရတာ။ မှန်လုံဘူးလေး လုပ်ထားတယ်။ သော့ခတ် ထားတယ်။ အဲဒီသော့ကို Sister ကြီးက သိမ်းလေ့ ရှိတယ်။)
ဒါနဲ့ စက်ရောက်လာတော့ လူနာနဲ့ ချိတ်ဆက် Shock ရိုက်မယ်လို့ လုပ်တော့ ပါဝါ မရှိဘူး။ ဘေးက ဆရာဝန် ကလေးတွေက မျက်နာပျက်တယ်။ ဘာမှ မဖြစ်ဘူး AC ကြိုးနဲ့ ရိုက်မယ်လို့ အားပေးလိုက်တယ်။ ဒါနဲ့ ကြိုးနဲ့ ဆက်ဖို့ စီစဉ်တော့ ကြိုး ပါမလာဘူး။
ဒါနဲ့ ဆေးခန်းပိုင်ရှင်သားဆီ ဖုန်းဆက်ရပြန်တယ်။ ကြိုးဘယ်မှာလဲ ဆိုတော့ ကြိုးက ပျောက်နေတာတဲ့။
အေးရောပဲ။
ဒါနဲ့ လူနာပြန်ကြည့်တော့ VT run နေတုန်း။ အဲဒီ Private hospital နဲ့ နီးတဲ့ Private hospital နောက်တစ်ခုမှာ ရှိနိုင်တယ်လို့ တွေးမိတယ်။ ဒါနဲ့ လှမ်းမေးကြည့်တော့ ရှိတယ်တဲ့။ ထုံးစံအတိုင်း OT ထဲမှာတဲ့။ လူနာကြီး ကားပေါ်တင် CPR ဆက်လုပ်ပြီး အဲဒီ Private hospital ပြေးကြတယ်။ ငါတို့ လာနေပြီဆိုပြီး လှမ်း တပ်လှန့်ထားရတယ်။
အဲဒီ Private hospital ရောက်တော့မှ Defrillator က ပျက်နေတာ ကြာပြီဖြစ်ကြောင်းကို အကြီးအကဲ ဝန်ထမ်း တချို့က စက်ကို သက်သေပြပြီး တောင်းပန်ကြတယ်။ လူနာ ပြန်ကြည့်တော့ VT ပဲ။ CPR ဆက်လုပ်နေကြတုန်း။
မဖြစ်ချေဘူးဆိုပြီး လူနာကြီးမပြီး ဆေးရုံကြီး အရေးပေါ်ကို ပြေးကြရတယ်။ ERC ရောက်တော့ VT run တုန်း။ ဒါနဲ့ လူနာကြီး ကြမ်းပြင်ပေါ် ပက်လက်ချ Defib ရိုက်ကွာလို့ ဘွဲ့လွန် ကျောင်းသားကို ပြောတော့ မရိုက်ဘူးဖူးလို့ တွန့်ဆုတ် တွန့်ဆုတ် ပြောတယ်။ ရိုက်သာရိုက် မင်းလူနာက သေလူပဲ လို့ အားပေးရပြန်တယ်။ ဖဲသမားစကားနဲ့ဆို အောက်ပြုတ်နဲ့ လိုက်ရတာကိုး။
ဒါနဲ့ Defib ရိုက်လိုက်တယ်။ ရိုက်ပြီးပြီးချင်း Sinus ပြန်ဖြစ်လို့ ပျော်လိုက်ရတာ။ ဒါပေမယ့် မိနစ်ပိုင်း မကြာဘူး။ VT က ပြန် run တာပဲ။ ဒါနဲ့ Shock ပြန်ရိုက်တယ်။ ပြန်ကောင်းတယ်။ Second ပိုင်းနေတော့ ပြန်ဖြစ်တယ်။ ပြန်ရိုက်တယ်။ ပြန်ကောင်းတယ်။ ဒါပေမယ့် လူကလည်း ဘယ်နှစ်ခါ ကောင်းနိုင်မှာလဲလေ။ နာရီဝက်ကျော်အောင် VT နဲ့ Cardiogenic shock ရနေတဲ့ အသက် ၇၀ ကျော် အသက် လူနာ။ ဒီလောက် ပြန်ကောင်းပြတာကိုပဲ ကျေးဇူးတင်ရမယ်။
ဒီစာကို ရေးဖြစ်ရတာလည်း ခေတ်မှီ Private hospital မှာ MO တွေက Basic life support ပဲ လုပ်နေကြတယ်။ ECG စစ်ဆေးဖို့ Defibrillator ယူဖို့ မစဉ်းစားကြတာကို မြင်လာတဲ့ လုပ်ဖေါ်ကိုင်ဖက် သမားတော် တစ်ယောက်က ဒီနေ့ ရင်ဖွင့်သွားလို့ပါ။ Defib နဲ့ ပြန်ကောင်းသွားပြီး ICU ရောက် ပြန်အသက်ရှင်သွားတဲ့ လူနာတွေ အများကြိးပါ။
တစ်ဆက်တည်း ဆက်ပြောရရင် CPR လုပ်ရင်းနဲ့ လက်လျှော့လိုက်ရပြီး သေဆုံးပြီ သတ်မှတ်ကာ ရေခဲတိုက်ထဲ ရောက်မှ အသက်ပြန်ရှင်လာသူတွေ ရှိဖူးသတဲ့။ ခရစ်တော်တန်ခိုးနဲ့ သေရွာက ပြန်လာတဲ့ တပည့်တော်ကြီး Lazarus ကို အစွဲပြုပြီးတော့ အဲလို ရင်ခွဲရုံက ပြန်လာတာကို Lazarus phenomenon လို့ ခေါ်သတဲ့။
Social Media မှာပဲ စာသင်ရတော့မှာပဲလေ။ စာသင်ခန်းထဲကို စာသင်သားမှ မလာကြတော့တာကိုး။
(အခုတော့ Emergency မှာ Defibrillator ထားလာကြပါပြီ။)
https://www.facebook.com/photo.php?fbid=10155802218276707&set=a.10150266764596707&type=3

Ice and Heat ဒဏ်ရာရရင် ရေခဲတင်ရမှာလား၊ အပူကပ်ရမှာလား

https://www.facebook.com/tint.swe.dr/posts/557358544394133
Ice and Heat ဒဏ်ရာရရင် ရေခဲတင်ရမှာလား၊ အပူကပ်ရမှာလား

အမေးများတယ်။ နားလည်ရရှုတ်ထွေးတတ်တယ်။ ယေဘုယျမှတ်ပါ
1. Ice is for injuries ထိခိုက်ဒဏ်ရာရရင် ရေခဲအုပ်ပါ။
2. Heat is for muscles ကြွက်သားနာရင် အပူကပ်ပါ။

• ထိခိုက်မိရင် ချက်ချင်း ရေခဲ၊ ရေအေး၊ တင်ကပ်ပေးရင် ရောင်ရမ်းဖြစ်စဉ်ကို သက်သာစေမယ်။ နာတာ၊ နီတာ၊ ရောင်တာသက်သာစေမယ်။ ဒီဖြစ်စဉ်က သက်ရှိသဘာဝအလုပ်ပါ။ ဖြစ်ပါစေ။ ခံရတာသက်သာအောင်ပဲ လုပ်နိုင်တယ်။ ဆေးမလိုပဲ အတော်အသင့်သက်သာစေမယ်။
• ကြွက်သားကိုထိခိုက်တာဆိုရင် နာတာကတာရှည်တယ်။ အထူးသဖြင့် နောက်ကျော်နဲ့ လည်ဂုတ်နေရာတွေ။ အပူပေးရင် အာရုံကြောတွေကို သက်သာစေမယ်။
• အပူပေးခြင်းကနေ ရောင်ရမ်းဖြစ်စဉ်ကို ပိုဆိုးစေနိုင်တယ်။ ရေခဲကနေ ကြွက်သားလှုတ်ခါမှုကို ပိုဆိုးစေနိုင်တယ်။ အပူတလှည့် အအေးတလှည့်ပေးရင် အဲဒီသက်ရောက်မှုခံရမယ်။
• အပူပေးတဲ့နေရာမှာ သွေးတွေပိုပြီး စီးလျှောက်လာမယ်။ အဆစ်တွေတင်းနေတာသက်သာမယ်။ ကြွက်သားလှုတ်ခါမှုနည်းမယ်။ တင်းတောင့်နေတဲ့ကြွက်သားမျိုးကို အပူကပ်ရေးတာကောင်းတယ်။ ရောင်ရမ်းဖြစ်စဉ်ကို အားပေးတယ်။
• Warm towel ရေနွေးတဘက်၊ ရေနွေးအပိသုံးနိုင်တယ်။ ကြွက်သားတွေကအလုပ်လုပ်ရရင် လက်တစ်အက်စစ် ဆိုတာထွက်တယ်။ အဲတာကိုရှင်းထုတ်ဘို့ သွေးပိုလျှောက်တာကောင်းတယ်။
• အအေးကပ်ရင် အေးတဲ့နေရာကိုထုံစေလို့ အနာသက်သာမယ်။ အရောင်လျှော့မယ်။ ရောင်ရမ်းဖြစ်စဉ်ကို နည်းစေမယ်။ Ice towel ရေခဲရေဆွတ်ထားတဲတဘက်၊ ရေခဲအိတ်သုံးနိုင်တယ်။ ပလပ်စတစ်အိတ်ထဲ ရေခဲတုံးထည့် သုံးနိုင်တယ်။ ရေခဲသေတ္တာ ခဲခန်းထဲမှာ ၅ မိနစ်ထားပြီးသုံးနိုင်တယ်။

1. လူကအေးချမ်းနေသူကို ရေခဲမသင့်ပါ။ ချွေးပြန်နေသူကို အပူမကပ်ပါနဲ့။
2. လောလောလတ်လတ်ဒဏ်ရာရနေတာကို အပူမကပ်ပါနဲ့။ ပိုဆိုးမယ်။
3. နာနေတဲ့ကြွက်သားနေရာကို ရေခဲမကပ်ပါနဲ့။ ကပ်တဲ့နေရာကို အပူမလောင်ပါစေနဲ့။
4. အပူပေးနည်းနဲ့ အအေးပေးနည်းတွေက အသင့်အတင့်သာ အထောက်အကူပေးပါတယ်။ Paracetamol/Tylenol/Ibuprofen စတဲ့ အနာသက်သာဆေးတွေက ရောင်တာပိုပါ သက်သာစေတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂ဝ၁၄

Heat stroke အပူဒဏ် ဘယ်လိုခံမလဲ

https://www.facebook.com/tint.swe.dr/posts/655250707938249
Heat stroke အပူဒဏ် ဘယ်လိုခံမလဲ

ရာသီဥတုပူလွန်းလို့ လူတွေကိုဒုက္ခပေးတာဟာ ကျန်းမာရေး အရေးပေါ်တခုဖြစ်တယ်။ နေပူလို့ဖြစ်တာကို Sunstroke လို့လဲ ခေါ်တယ်။ အရပ်ခေါ်အပူရှပ်ဆိုတာနဲ့ မတူပါ။ အပူဒဏ်ကနေ လူကိုသေစေနိုင်တယ်။ အသက်ကြီးသူတွေက ပိုမခံနိုင်ကြပေမဲ့ အရွယ်ကောင်းတွေကိုလဲ ဖြစ်စေနိုင်တယ်။

Heat cramps အပူမိလို့ကြွက်သားတွေနာတာ တက်တာ၊ Heat syncope (Fainting) သတိလက်လွတ်ဖြစ်တာ်၊ Heat exhaustion အပူကြောင့်ကုန်ခမ်းသွားတာတွေက ဆိုးတဲ့လက္ခဏာတွေမဟုတ်သေးပါ။ ဒီလိုဖြစ်တာက အပူနဲ့မဆိုင်ဘဲလဲ ဖြစ်တတ်တယ်။

အပူချိန်မြင့်နေတာနဲ့ အချိန်ကြာထိတွေ့မိမှသာ ဆိုးတာတွေဖြစ်တယ်။ အပူဒဏ်နဲ့အတူ ရေ + ဓါတ်ဆား ခမ်းခြောက်တာ တွဲလာပြီဆိုရင် ဆိုးပြီ။ ဒီကနေတဆင့် ကိုယ်ခန္ဓာကို အပူချိန်ထိန်းတဲ့နစ်ကိုထိခိုက်ပျက်စီးစေနိုင်တယ်။ ဆေးပညာ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ ကိုယ်အပူချိန် ၁ဝ၅ ဒီဂရီ ဖါရင်ဟိုက်ထက်ကျော်တာကိုခေါ်တယ်။ အဲဒီအချိန်မှာ ဗဟိုအာရုံကြောစနစ်ကို ထိခိုက်လာမယ်။

ဘာတွေခံစားရမလဲ -
• Nausea and vomiting ပျို့-အန်ချင်၊
• Fainting သတိလစ်ချင်လာတာက ပဌမလက္ခဏာဖြစ်တတ်တယ်။
• Throbbing headache ခေါင်းထိုးကိုက်၊
• Dizziness and light-headedness ခေါင်းမူး၊ ခေါင်းထဲပေါ့နေ၊
• Lack of sweating despite the heat ပူပေမဲ့ချွေးမထွက်၊
• Red, hot, and dry skin အရေပြာတွေနီရဲနေ၊
• Muscle weakness or cramps ကြွက်သားအားနည်း၊ ကြွက်တက်၊
• Rapid heartbeat နှလုံးခုန်မြန်၊
• Rapid, shallow breathing အသက်ရှူတိမ်ပြီးမြန်၊
• Behavioral changes အမူအယာပြောင်း၊ ဥပမာ confusion စိတ်ရှုတ်ထွေး၊ disorientation ရောက်နေတဲ့နေရာမသိ၊ or staggering လုပ်တာကိုင်တာဖြေးနှေး၊
• Seizures တက်၊
• Loss of consciousness or coma သတိလက်လွတ်ဖြစ်မယ်။

First Aid for Heat Stroke ရှေးဦးသူနာပြုစုခြင်း
• အရေးပေါ်ဖြစ်လာရင် ဆေးရုံ၊ ကြက်ခြေနီ အကူအညီတောင်းပါ။
• အကူအညီမလာမီမှာ အေးတဲ့နေရာ (အရိပ်ရှိရာ၊ လေအေးစက်ရှိရာ) ကိုရွေ့ထားပါ။ အဝတ်အစားတွေ ဖယ်ရှားပေးပါ။ Dehumidifying air conditioning လေအေးနည်းသုံးပါ။
• လူနာကိုလှဲနေစေပါ။ ခြေရင်းမြှင့်ပေးထားပါ။
• ကိုယ်အပူချိန်တိုင်းပါ။ ၁ဝ၅ ကနေ ၁ဝ၁-၁ဝ၂ အထိရောက်အောင် အေးစေတဲ့နည်းတွေသုံးပါ။ ရေအေးဝတ်တိုက်ပါ၊ ချိုင်း၊ ပေါင်ခြံ၊ နောက်ကျောနေရာတွေမှာ ရေခဲတင်ပါ။ ရေလောင်းပါ။ ရေချိုးပါ။ ရေချိုးစည်ထဲထားပါ။ ပန်ကာဖွင့်ပေးပါ၊ ယပ်ခပ်ပေးပါ။
• သက်သာလာပြီးနောက်မှာလဲ အပူဒဏမခံရအောင် ဆက်ရှောင်ရှားနေပါ။ ပြင်းထံတဲ့အားကစား၊ ကိုယ်လက်လေ့ကျင့်ခန်း ရှောင်ထားပါ။
• ရေအေးတဘက်နဲ့ပတ်ပေးထားနည်း မသင့်ပါ။
• ရေချိုးစည်ပိုင်းမှာ အသင့်အတင့်အေးတဲ့ရေသာသုံးပါ။ သတိလစ်နေသူကို အဲလိုမလုပ်ပါနဲ့။ တခြားရွေးစရာမရှိရင် ခေါင်းကို ရေထဲမနစ်ဘို့သတိထားလုပ်ပါ။
• ရေအေးသောက်စေပါ။ ORS ဓါတ်ဆားရည်သောက်စေပါ။ လိုလာရင် သွေးကြောထဲ RL drip ဆေးသွင်းပါ။
• အသက်ရှူ-နှလုံးခုန် မကောင်းတော့ရင် CPR လုပ်ဘို့ပြင်ဆင်ထားပါ။

Heat exhaustion အပူလွန်ကဲခြင်း

Causes ဘာလို့ဖြစ်ရသလည်း
• Low fluid intake ရေ + အရည်သောက်တာနည်းခြင်း
• High heat exposure အပူနဲ့လွန်ကဲ့စွာတွေ့ရခြင်း
• More activity အလုပ်လုပ်ရတာများခြင်း

Signs and symptoms ဘာတွေခံစားရမလည်း
• Headache ခေါင်းကိုက်
• Fatigue အားကုန်
• Weakness အားနည်း
• Skin moist အရေပြားစိုထိုင်း
• Sweating ချွေးထွက်
• BP falls သွေးဖိအားကျ
• Pulse rises နှလုံးခုန်မြန်
• Anxiety စိုးရိမ်စိတ်ဖြစ်
• Confusion စိတ်ရှုတ်ထွေး

Management ဘယ်လိုကုသမလည်း
• Salt and water replacement ရေ + ဓါတ်ဆားဖြည့်ပေးပါ။ သောက်ပါ။ သွေးပြန်ကြောထဲသွင်းပေးပါ။
• Rest နားနေပါ။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂ဝ၁၄
၅-၆-၂ဝ၁၅

ရာသီဥတုပူပြင်းချိန်တွင် ဖြစ်တတ်သော ကျန်းမာရေး အန္တရာယ်များ ........

https://web.facebook.com/photo.php?fbid=233157610160117&set=a.106796776129535.9535.100003976392183&type=3
ရာသီဥတုပူပြင်းချိန်တွင် ဖြစ်တတ်သော ကျန်းမာရေး အန္တရာယ်များ ........

နွေရာသီကို ရောက်ရှိလာချိန်မှာ အပူချိန်မြင့်မားမှုနဲ့ အတူ ကျန်းမာရေးအန္တရာယ်တချို့ ဒွန်တွဲပါလာတတ်ပါတယ်။ ရာသီဥတုပူပြင်းမှုကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်တွေကတော့ ရေဓာတ်ခန်းခြောက်တာ၊ အရေပြား နေလောင်တာ၊ ကိုယ်ခန္ဓာအပူချိန်တက်ပြီး ချွေးမထွက်ဘဲ သတိလစ်မေ့မြောမှု (Heat Stroke) တို့ဖြစ်ကြပါတယ်။

ရေနှင့် ဆားဓာတ်ခန်းခြောက်ခြင်း

ဒါက ခန္ဓာကိုယ်မှ ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေပြီး ရေနဲ့အတူ ပိုတက်စီယမ်၊ ဆိုဒီယမ်စတဲ့ သွေးတွင်းအရေးပါတဲ့ ဓာတ်ဆားတွေလည်း ဆုံးရှုံးရတတ်ပါတယ်။ ဒီဓာတ်ဆားတွေက ကျောက်ကပ်၊ ဦးနှောက်နဲ့ နှလုံးတို့လို အင်္ဂါအစိတ်အပိုင်း တွေရဲ့ လုပ်ငန်းဆောင်တာအတွက် အရေးပါပါတယ်။ ရေနဲ့ဓာတ်ဆားတွေ ဆုံးရှုံးမှုကြောင့် ခန္ဓာကိုယ်ဟာ သတိလစ်တာ၊ ထိုင်းမှိုင်းလေးလံတာ၊ အသက်ရှူရခက်ခဲတာနဲ့ နှလုံးခုန်နှုန်းမမှန်တာစတဲ့ ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဆီးသွားတာနဲ့ ချွေးထွက်တာကြောင့် အရည်ဓာတ်ဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။

အရေပြားနေလောင်ခြင်း

နွေရာသီမှာ ပြင်းထန်တဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားထိခိုက်တဲ့ လက္ခဏာ ပြသတတ်ပါတယ်။ ဒီလိုခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အရေပြားနာကျင်ရုံသာမက အိုမင်းတဲ့ ဖြစ်စဉ်ကို မြန်စေပြီး အရေပြားကင်ဆာလို အန္တရာယ်ရှိတဲ့ ရောဂါတွေရဲ့ဖြစ်နှုန်းကို မြင့်တက်စေပါတယ်။

ကိုယ်ခန္ဓာအပူချိန်တက်ပြီး ချွေးမထွက်ဘဲ သတိလစ်မေ့မြောမှု (Heat Stroke)

ကိုယ်ခန္ဓာအပူချိန်တက်ပြီး (Heat Stroke) ဖြစ်ရင် အန္တရာယ်ရှိပါတယ်။ အကြောင်းကတော့ ဒီလိုဖြစ်ရင် လက္ခဏာတွေက အချိန်တိုအတွင်း မြန်မြန်ဆန်ဆန်ပေါ်ပြီး သတိလစ်မေ့မြောသွားနိုင်လို့ပါ။

လက္ခာဏာများ

သင့်ပတ်ဝန်းကျင် အပူချိန်ကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ အပူချိန် 20ံ C (68F) မှာနှလုံးခုနှုန်းက ပုံမှန်ဖြစ်ကာ သက်တောင့်သက်သာ ရှိနေပါလိမ့်မယ်။ အပူချိန် 25ံ C (77F) မှာ ချွေးအသင့်အတင့် ထွက်ပါလိမ့်မယ်။ အပူချိန် 30ံ C (86F)မှာ ချွေးအသင့်အတင့် ထွက်ပြီး အာရုံစူးစိုက်မှု ထိခိုက်ပါလိမ့်မယ်။ အပူချိန် 38-41ံ C (104F) မှာ ချွေးအလွန်အမင်းထွက်ပြီး နှလုံးခုန်နှုန်းမြန်ကာ မောပန်းတာနဲ့ ပျို့အန်ချင်တာတွေဖြစ်တတ်ပါတယ်။ အပူချိန် 45ံ C (113F) မှာ ကိုယ်ခန္ဓာအပူချိန်တက်ပြီး ချွေးမထွက်ဘဲ သတိလစ်မေ့မြောမှု (Heat Stroke) ဖြစ်တတ်ပါတယ်။ အဲဒီအချိန်မှာ အရေပြားပူပြင်း ခြောက်သွေ့ကာ ကိုယ်တွင်းအင်္ဂါတွေတောင် ထိခိုက်ပြီး အသက်အန္တရာယ် ဖြစ်နိုင်ပါတယ်။

ကုသမှုနှင့် ကာကွယ်မှု

အရည်များများသောက်ပါ

ခန္ဓာကိုယ်ဟာ ပုံမှန်ထက် အရည်များများဆုံးရှုံးတယ်ဆိုရင် အကောင်းဆုံးက ရေများများသောက်ကာ အရည်ဓာတ်ပြန်လည် အစားထိုးသင့်ပါတယ်။ ပျမ်းမျှအားဖြင့် ကိုယ်အလေးချိန် ၁၂၈ ပေါင်ရှိတဲ့ လူတစ်ယောက်က တစ်နေ့မှာ ရေရှစ်ဖန်ခွက် သောက်ပေးဖို့လိုပါတယ်။ အလွန်ပူပြင်းတဲ့ ရာသီဥတုမှာ ရေကို များများသောက်ပေးသင့်ပါတယ်။

အရည်ဆိုတဲ့နေရာမှာ အရက်ကိုလုံးဝမသောက်သင့်ပါဘူး။ အယ်လ်ကိုဟောက ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက်မှု ပိုဖြစ်စေလို့ပါ။ သစ်သီးဖျော်ရည်၊ ဓာတ်ဆားရည်စတဲ့ အရည်တွေကိုတော့ သောက်နိုင်ပါတယ်။

အစားအသောက်ကို ဆန်းစစ်ပါ

ပူပြီး အဆီအအိမ့်များတဲ့ အစားအသောက်တွေကို ရှောင်ပါ။ ရေဓာတ်ပါဝင်မှုများတဲ့ သစ်သီးနဲ့ ဟင်းရွက်သုပ်တွေလို အစာတွေကို များများစားပေးပါ။

နေရောင်ခြည်နှင့် ဝေးဝေးတွင်နေပါ

နေပူရှိန်ပြင်းထန်တဲ့နေ့တွေမှာ အကောင်းဆုံး နေသင့်တဲ့နေရာက အရိပ်ထဲမှာဖြစ်ပါတယ်။ နေပူထဲထွက်မယ်ဆိုရင် အနည်းဆုံး နေကာနိုင်စွမ်း SPF အဆ ၂၀ ပါတြ့ နေကာခရင်မ်ကို လိမ်းပေးဖို့လိုပါတယ်။ နေပူထဲမှာ နေရင်း ပျို့အန်ချင်သလို အော်ဂလီဆန်တာနြ့ နေထိုင်မကောင်းတာတွေကို ခံစားရပါက နေရိပ်ထဲကို အမြန်ဆုံး နေထိုင်ပါ။ နေရောင်ခြည်က နံနက် ၁၁နာရီနဲ့ ညနေ ၃နာရီကြားအချိန်မှာ အပြင်းထန်ဆုံးဖြစ်တာကြောင့် ရှောင်ဖို့ လိုပါတယ်။

လေ့ကျင့်ခန်းလုပ်လျှင် သတိထားပါ

တစ်နေ့တာရဲ့ အပူပြင်းဆုံးအချိန်အတောအတွင်းမှာ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် မလုပ်သင့်ပါ။ နွေရာသီမှာ လေ့ကျင့်ခန်းလုပ်ရင် ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ လုပ်ဆောင်ပါ။ လေ့ကျင့်ခန်းလုပ်ရင်း အသက်ရှူမဝသလို၊ နှလုံးခုန်မြန်သလို ဖြစ်လာရင် ချက်ချင်းရပ်နားပြီး ခန္ဓာကိုယ်ကို အေးအောင် စောင့်ကာ ရေချိုးလိုက်ပါ။ သက်တောင့်သက်သာရှိတဲ့အထိ အနားယူပေးပါ။

အေးမြအောင် နေပါ

ပေါ့ပါးပြီး သက်တောင့်သက်သာရှိတဲ့ ချည်သားဝတ်စုံကို ဝတ်ပါ။ ထွက်လာတဲ့ ချွေးတွေ အငွေ့ပြန်လွယ်တာကြောင့် ခန္ဓာကိုယ်ကို အေးမြနေအောင် ထားတာက အပူဒဏ်ကို သက်သာစေပါတယ်။

အပူဒဏ်သင့်လွယ်သူများကို အထူးဂရုစိုက်ပါ

အသက်လေးနှစ်အောက် ကလေးတွေနဲ့ အသက် ၆၅ကျော်သူတွေဟာ နေပူဒဏ်ကြောင့် အန္တရာယ် ကြီးကြီးမားမား ရရှိတတ်ပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်က အပူချိန်ကို လိုက်လျောညီထွေ ညှိနိုင်စွမ်း လျော့နည်းလို့ပါ။ အဝလွန်သူတွေနဲ့ နာမကျန်းဖြစ်နေသူတွေဟာလည်း အပူကို များများ စုပ်ယူထားကာ အပူဒဏ်သင့်နိုင်ပါတယ်။

နေပူထဲမှာ နေ့စဉ်သွားလာ လှုပ်ရှားပြီး ဘဝတိုက်ပွဲကို ဝင်နေရသူတွေ အတွက် တော့ အကျိုးရှိမယ်လို့  ထင်လို့  ကျန်းမာရေး ဆိုင်ရာ Post တစ်ခုအဖြစ်တင်ပေးလိုက်ပါတယ် ........

နေပူထဲမှာ နေ့စဉ်သွားလာ လှုပ်ရှားပြီး ဘဝတိုက်ပွဲကို ဝင်နေရသူတွေ အတွက် တော့ အကျိုးရှိမယ်လို့  ထင်လို့  ကျန်းမာရေး ဆိုင်ရာ Post တစ်ခုအဖြစ်တင်ပေးလိုက်ပါတယ် ........

ဆောင်းရာသီရောက်သော်လည်း နေ့ပူ ညချမ်းမို့ နေ့လယ်ပိုင်းတွင် နေပူဒဏ်ကိုခံရမြဲ ဖြစ်သည်။ ဆောင်းရာသီမှ အပူဒဏ်သည် နွေရာသီသို့ ဆက်သွားပြီး အပူဒဏ်ကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ ပူပြင်းသည့် အချိန်တွင် ပတ်ဝန်းကျင် အပူချိန်သည် ၁၀၂-ဒီဂရီ ဖာရင်ဟိုက်မှ ၁၀၇-ဒီဂရီ ဖာရင်စိုက်အထိ မြင့်တက်လာနိုင် သည်။

လူ့ခန္ဓာကိုယ်၏ သာမန် အပူချိန်မှာ ၉၈.၆ ဒီဂရီ ဖာရင်ဟိုက် ဖြစ်သည်။ ခန္ဓာကို အပူချိန် ၁၀၆-ဒီဂရီ ဖာရင်ဟိုက်ရှိလျှင် ကြာရှည်ပါက ဦးနှောက်ကို ထိခိုက်နိုင်သည်။ အပူချိန် ၁၀၉.၆ ဒီဂရီ ဖာ၇င်ဟိုက်ရှိလျှင် သေဆုံးနိုင်သည်။ လူ့ခန္ဓာကိုယ်တွင် အပူထိန်းချုပ်မှု စနစ် ရှိရာ ခန္ဓာကိုယ်အတွင်း အပူချိန် မျှတစေရန် ဆောင်ရွက်ပေးသည်။ ပြင်ပပတ်ဝန်းကျင် အပူချိန်မြင့်တက်လာသော်လည်း ခန္ဓာကိုယ် အပူချိန် မမြင့်တက်စေရန် ထိန်းချုပ်ပေးသည်။

( အပူဒဏ် ပိုမို ခံစားရသူများ)
ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ဖျားနာသူများ၊ အင်အားချည့်နဲ့သူများ၊ ခန္ဓာကို ခုခံအား လျော့နည်း သူများ၊ နာတာရှည် ရောဂါ တမျိုးမျိုးကို ခံစားနေရသူများသည် အပူဒဏ်ကြောင့် အခြေအနေ ပိုမို ဆိုးရွား နိုင်သည်။
ဝလွန်းသူများ၊ အရက်သောက်ထားသူများသည် အပူဒဏ်ကို ပိုမိုခံစားရသည်။
နှလုံးရောဂါ၊ သွေးတိုးရောဂါ လူနာများသည် အပူဒဏ်ကြောင့် ရောဂါထ၍ လေဖြတ်သည်အထိ ဖြစ်နိုင်သည်။

( နေရောင်ခြည်)
အပူဒဏ်ဟု ဆိုရာတွင် နေရောင်ခြည်နှင့် ထိတွေ့ခြင်းမှ ခံစားရမှု ဖြစ်သည်။ ခန္ဓာကိုယ်အပေါ် နေရောင်ခြည်၏ အကျိုးသက်ရောက်မှုသည် နေရောင်ခြည်နှင့် ထိတွေ့မှု အချိန်ကာလအပေါ် မူတည်၍ ကွာခြားသည်။
နေရောင်ခြည်တွင် ခရမ်းလွန်ရောင်ခြည် (ultravioletrays) နှင့် အနီအောက် ရောင်ခြည် (infra red rays) နှစ်ခုအကြားတွင် ရှိသည့် ရောင်ခြည်များ ပါရှိသည်။ ခရမ်းလွန်ရောင်ခြည်သည် လူတို့ကို ပိုမို အန္တရာယ် ဖြစ်စေသည်။

(အပူဒဏ်နှင့် အရေပြား)
နေရောင်ခြည်ရှိ ခရန်းလွန်ရောင်ခြည်ကြောင့် အရေပြားကို အရောင်ရင့်စေသည်။ အသားအရေကို ညိုစေသည်။
နေရောင်ခြည်အောက်တွင် ကြာရှည်စွာ နေထိုင်ပါက ခရမ်းလွန်ရောင်ခြည်သည် အရေပြားကို နီရဲစေပြီး နာကျင်စေနိုင်သည်။ အရေပြား ကင်ဆာအထိပင် ဖြစ်စေနိုင်သည်။

(အပူဒဏ်နှင့် မျက်စိ)
ခန္ဓာကိုယ်ပေါ်သို့ နေရောင်ခြည် ကျရာက်ပါက မျက်စိထဲသို့လည်း ခရမ်းလွန်ရောင်ခြည်များ ၀င်ရောက်ပြီး မျက်စိရောဂါများကို ဖြစ်စေနိုင်သည်။ အများဆုံး တွေ့ကြုံရသည့် မျက်စိရောဂါမှာ မျက်သားတက်ခြင်း ဖြစ်သည်။ မျက်ကြည်လွှာပေါ်သို့ မျက်သားတက်ရာမှ သူငယ်အိမ်ကို ဖုံးအုပ်သွားပြီး မျက်စိကွယ်နိုင်သည်။

ထို့အပြင် မျက်ကြည်လွှာ အပေါ်ယံ နေပူလောင်ခြင်း (photo keratitis) လည်း ဖြစ်နိုင်သည်။ ပင်လယ်ကမ်းခြေ၌ နေပူဆာလှုံသူများ၊ ပင်လယ်ပြင်တွင် အလုပ် လုပ်သူများ၌ ဖြစ်တတ်သည်။ မျက်စိနာခြင်း၊ ကျိန်းခြင်း၊ မျက်ရည်ကျခြင်းတို့ကို ခံစားရသည်။

ခရမ်းလွန်ရောင်ခြည်နှင့် မျက်စိတိမ် ရောဂါ ဖြစ်ပွားမှု ဆက်စပ်ခြင်းရှိသည်ကို လေ့လာတွေ့ရှိထားသည်။ နေကာမျက်မှန်တပ်ခြင်းဖြင့် မျက်စိထိခိုက်မှုမှ ကာကွယ်နိုင်သည်။

(အပူဒဏ် ရောဂါများ)
အပူဒဏ်ကြောင့် အပူရှပ်ခြင်း (heat stress)
အပူဒဏ်ကြောင့် နွမ်းနယ်ခြင်း (heat exhaustion)
အပူဒဏ်ကြောင့် မေ့မြောခြင်း (heat stroke) တို့ ဖြစ်ပွားနိုင်သည်။

အပူရှပ်ခြင်းဖြစ်လျှင် ချွေးထွက်တတ်သည်။ ရေငတ်ခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်းတို့ ဖြစ်နိုင်သည်။ အပူဒဏ်ကြောင့် နွမ်းနယ်ခြင်းဖြစ်လျှင် ချွေးစေးများထွက်ပြီး ခန္ဓာကိုယ်မှာ အေးစက်နေသည်။ ကြွက်တက်တတ်သည်။ မောပန်းနွမ်းနယ်၍ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ပျို့အန်ခြင်းတို့ ဖြစ်နိုင်သည်။ အသက်ရှူကျပ်လာပြီး သတိလစ်သွားနိုင်သည်။

အပူလွန်ကဲသည့်အခါ အပူချိန် ၁၀၄-ဒီဂရီ ဖာရင်စဟိုက်အထက်ရှိပြီး ခေါင်းမူးခြင်း၊ ဂနာမငြိမ် ဖြစ်ခြင်း၊ ကယောင်ကတမ်း ပြောခြင်း၊ အကြောဆွဲခြင်းတို့ဖြစ်၍ အပူချိန် မြင့်သထက်မြင့်လာပြီး သတိလစ် မေ့မြောသွားနိုင်သည်။

(နေပူဒဏ်နှင့် အ၀တ်အစား)
နွေရာသီတွင် အနက်ရောင် အနီရောင် စသည့် ရင့်သောအရောင်ရှိသည့် အ၀တ်များကို မ၀တ်သင့်ချေ။ ရင့်သည့်အရောင်များသည် အပူကို ပိုမိုစုတ်ယူနိုင်သဖြင့် အပူဒဏ်ကို ပိုမို ခံစားရနိုင်သည်။

အရောင်ဖျော့သည် အ၀တ် သို့မဟုတ်-အဖြူရောင်အ၀တ်များသည် အလင်းရောင်ပြန်နိုင်၍ ၀တ်ဆင်သင့်သည်။ ပွသော ချည်ထည်အ၀တ်များသည် အသင့်လျော်ဆုံး ဖြစ်သည်။ အ၀တ်ပါးပါးသည် အပူရှိန် ရောင်ပြန်ဟပ်မှုကိုပါ ကာကွယ်ပေးသည်။

(အမိုး အကာ သယ်ယူစရာ)
နေပူထဲသို့သွားလျှင် ထီး၊ ဦးထုပ်၊ ခမောက်၊ တခုခုကို ဆောင်း၍ သွားသင့်သည်။ သို့မှသာ နေရောင်ခြည်ရှိ ခရမ်းလွန်ရောင်ခြည်နှင့် အရေပြား တိုက်ရိုက် ထိတွေ့မှုအား ကာကွယ်နိုင်မည် ဖြစ်သည်။

(နေပူထဲ ရှောင်စရာ)
နေပူထဲတွင် ရေချိုးခြင်း၊ ရေကူးခြင်းများကို ပူပြင်းသောအချိန်၌ မပြုသင့်ချေ၊ နေပူထဲမှ ပြန်လာပြီး ချက်ချင်း ရေချိုးခြင်းကိုလည်း ရှောင်ကြဉ်သင့်သည်။ အရိပ်တွင် နားပြီးမှသာ ရေချိုးသင့်သည်။

ကလေးများသည် နေပူထဲတွင် ကစားတတ်ရာ လူကြီးများကလည်း ဂရုမပြုမိဘဲ ရှိတတ်သည်။ နေပူထဲတွင် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်သင့်ချေ။

(အပူဒဏ် ကုသရေး)
ချွေးထွက်များလျှင် ရေကိုမကြာခဏ သောက်ပေးရမည် ဖြစ်သည်။ ရေနှင့် ဆားဓာတ်တို့ ဆုံးရှုံးမှုကို ပြန်လည်ဖြည့်းတင်းပေးရန် ရေ-သို့မဟုတ် ရေနွေးကြမ်းတွင် ဆား အနည်းငယ်ထည့်၍ သောက်နိုင်သည်။ ဓာတ်ဆားထုပ် ရှိလျှင်လည်း ဖျော်သောက်နိုင်သည်။ ထို့အပြင် သစ်သီးဖျော်ရည်များကိုလည်း သောက်နိုင်သည်။

မိတ်ဖု ယားနာဖုများ ထွက်လျှင် ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါး လိမ်းခြင်းတို့ကို ပြုလုပ်ရသည်။ နာရီပိုင်းအတွင်း ကိုယ်အလွန်ပူပြီး အရေပြားနီမြန်းခြင်း၊ ကယောင်ကတမ်း ပြောခြင်းတို့ဖြစ်လျှင် ဆေးရုံဆေးခန်းသို့ပြ၍ ကုသမှုကို ခံယူသင့်ပါသည်။

ရာသီဥတုကအရမ်းပူလာပြီနော်

ရာသီဥတုကအရမ်းပူလာပြီနော်
အပူရှပ်ခြင်း (Heat stroke) မဖြစ်အောင်ဂရုစိုက်ကြပါရှင့်

အပူရှပ် (Heat Stroke) ရဲ့ လက္ခဏာတွေက.......
ခန္ဓာကိုယ်အရမ်းပူလာမယ်/ အသားအရေတွေ ခြောက်သွေ့နီရဲလာမယ်/ ခေါင်းကိုက်မယ် အန်မယ်/ ချွေးမထွက်ဘဲ နှလုံးခုန်တာတွေ မြန်နေမယ်/ အရမ်းပြင်းထန်ရင် သတိလစ်ပြီးမေ့လဲတာတို့ ဖြစ်တတ်ပါတယ်
Heat Stroke ဖြစ်ပြီဆို
သတိလစ်တာ၊အဖျားကြီးပြီးတက်တာ၊
ဖျားပြီးဦးနှောက်အမြေးရောင်တာ၊
အူတွင်းသွေးကြောတွေ၊ဦးနှောက်သွေးကြောတွေပေါက်ထွက်တာတွေ
ဖြစ်ပြီးအသက်ဆုံးရှုံးနိုင်ပါတယ်တဲ့။

အဲ့လိုလက္ခဏာတွေဖြစ်ရင်.........

နေရိပ်ထဲမှာနေပါ / အဝတ်စားတွေကို ချောင်ချောင်ချိချိဝတ်ပါ (ချွတ်ပါ)
ရေအေးနဲ့ ရေပတ်တိုက်ပါ (ရေအေးနဲ့လောင်းချိုးပါ)
လေဝင်လေထွက်ကောင်းတဲ့နေရာမှာနေပါ /ပန်ကာ အဲကွန်းဖွင့်ထားပါ
ရေ (သို့) ဓာတ်ဆားရေတိုက်ပါ
နီးစပ်ရာဆေးရုံ/ဆေးခန်းအမြန်ဆုံးပို့ပါ

အပူဒဏ် ရှောင်နိုင်ဖို့ .....
နေပူထဲထွက်ရင် ထီး ဦးထုပ် လက်ရှည်များ ဝတ်ပါ
နေပူထဲက ပြန်လာချင်း ရေခဲရေ မသောက်ပါနဲ့
နေပူချိန် ရေချိုးဆင်ခြင်ပါ
အရမ်းပူတဲ့အချိန် လေ့ကျင့်ခန်းလုပ်ခြင်းများရှောင်ပါ
အရက်အလွန်အကျွံသောက်ခြင်းမပြု
နေပူထဲက ပြန်လာချင်း ရေချိုး /ရေလောင်း မလူပ်ရ

ကိုယ်သိသလောက် ပြန်လည်မျှဝေပါတယ်
ဂရုစိုက်ကြပါနော်
https://www.facebook.com/thuthu.htet.1422/posts/863565554007883

Beat the summer heat အပူဒဏ်ကာကွယ်ရန်

https://www.facebook.com/photo.php?fbid=655248437938476&set=a.192997507496907.44630.100003599762468&type=1
Beat the summer heat အပူဒဏ်ကာကွယ်ရန်

• အရိပ်ထဲမှာသာနေပါ။ နားနိုင်သမျှ နားနေပါ။ အိမ်ထဲ-ကျောင်းထဲ-ရုံထဲ-ရုံးထဲမှာသာနေပါ။ ပြင်းထံတဲ့အလုပ်မျိုးတွေ ရှောင်ထားပါ။ ဖြစ်နိုင်ရင် အဲယားကွန်နဲ့ နေပါ။ အပြင်မှာအလုပ်လုပ်ရလဲ အရိပ်ခိုတာ မကြာခဏလုပ်ပါ။ နေနဲ့တွေ့ချိန် နည်းနိုင်သမျှနည်းအောင်လုပ်ပါ။
• အပြင်ထွက်စရာရှိရင် ပြင်ဆင်ပါ။ ခြည်ထည် အင်္ကျီလက်ရှည်ဝတ်ပါ။ အနက်ရောင်မသင့်ပါ။ ထီး၊ ဦးထုပ်၊ ခမောက် ဆောင်းပါ။ နေကာမျက်မှန်တပ်ပါ။ ရေယူသွားပါ။ ရေကို အေးနေအောင်စီမံပါ။ ဖြစ်နိုင်ရင် လေအေးစက်ပါယာဉ်သုံးပါ။ ရေပန်း-ဖြန်းစရာသုံးနိုင်ပါတယ်။
• ရေ တနေကုန်သောက်ပါ။ မဆာလည်းသောက်ပါ။ ဆာလာပြီဆိုတာ ရေ + ဓါတ်ဆား ခမ်းလာလို့ဖြစ်တယ်။ ORS ဓါတ်ဆားထုပ်သောက်ပါ။ သိပ်အေးတဲ့အရည်ကို မသောက်ပါနဲ့။ အစာအိမ်ကြွက်တက်သလို ဖြစ်စေနိုင်လို့ပါ။
• အနာသက်သာဆေးတွေနဲ့ ဝမ်းနုပ်ဆေးတွေကို သိပ်လိုမှသာသောက်ပါ။
• ရေအေးနဲ့သာ ရေချိုးပါ။ အဝတ်အစား ချောင်ချိတာနဲ့ ခြည်ထည်သာ ဝတ်ဆင်ပါ။ အသက်ကြီးသူတွေ ပိုသတိထားပါ။ အရက်မသောက်ပါနဲ့။ မိုးလေဝသသတင်း နားထောင်နေပါ။ အကြံပြုချက်တွေကို လိုက်နာပါ။
• အကိုက်အခဲပျောက်ဆေးတွေက ချွေးထွက်စေတာသတိထားပါ။ ရေဓါတ်နည်းစေတယ်။
• အပူဒဏ်ခံရရင်ဘာတွေဖြစ်လာမလဲ၊ ဘယ်လိုလုပ်ရမလဲ သိထားပါ။ သူများဖြစ်ရင် အကူအညီပေးပါ။ Heat stroke အပူဒဏ်ဘယ်လိုခံမလဲစာရေးထားပါတယ်။

အရေပြားခြောက်နေရင် ဘာလုပ်ရမလဲ
• အကြောင်းခံဆေးဝါးတွေဆိုရင် ဆေးဖြတ်တာနဲ့ သက်သာလာမယ်။
• Emollient ဆေး နေ့စဉ်သုံးပါ။ Moisturizer စနစ်တကျသုံးပါ။ အပြော့စားတွေက Cetaphil lotion, Lubriderm lotion နဲ့ AmLactin 12% lotion ဆေးတွေ။ အပြင်းစားတွေက Vaseline နဲ့ Aquaphor တွေဖြစ်တယ်။ Moisturizer နဲ့ Foundation တွေဟာ Sunscreen SPF 15 အနည်းဆုံးရှိသင့်တယ်။ နေကောင်းကောင်း ထွက်နေချိန်တွေ နေရောင်နဲ့ ထိတွေ့တာကို ရှောင်နိုင်သမျှရှောင်ပါ။ Moisturize ကို ဘာလို့သုံးရသလဲ။ ရေဟာ လူ့အသက်ဖြစ်တယ်။ အရေပြားရဲ့အသက်လဲဖြစ်တယ်။ အစိုဓါတ်က အောက်နေအထက်ကို လာရတာဖြစ်တယ်။ ရေဓါတ်နည်းရင် အရေပြား ခြောက်သွေ့နေလို့ Moisturize သုံးရတယ်။
• အဲတာတွေနဲ့ မရသေးရင် (စတီရွိုက်) ပါတဲ့လိမ်းဆေးတွေသုံးနိုင်တယ်။ Hydrocortisone 1% cream (အပြော့စား), Pramosone 2.5% cream (အပြော့စား), Triamcinolone 0.1% cream (အလတ်စား), Clobetasol 0.05% cream (အပြင်းစား) တွေဖြစ်တယ်။ စတီရွိုက်စားဆေးက တာရှည်သုံးရင် အရေပြားကို ပါးစေတယ်။
• ယားတယ်ဆိုရင် Oral antihistamines (အင်တီဟစ်တမင်း) ဆေးတွေဖြစ်တဲ့ Diphenhydramine (Benadryl), hydroxyzine (Vistaril, Atarax), Loratidine (Claritin) နဲ့ Cetirizine (Zyrtec) တွေသောက်နိုင်တယ်။
• Vaseline တနေ့ ၂-၃ ကြိမ်လိမ်းပါ။
• ရေခပ်နွေးနွေးနဲ့ချိုးပါ။
• ဆပ်ပြာ အပြော့စားသုံးပါ။ ဥပမာ Dove soapless cleanser, Aveeno cleanser, Cetaphil cleanser တွေဖြစ်တယ်။
• အထူး Moisturizers တွေကိုလဲ သုံးနိုင်တယ်။ (လက်တစ်အက်စစ်) ပါတဲ့ (Amlactin, Lac-Hydrin) နဲ့ ယူရီယာပါတဲ့ (Urix or Carmol) တွေဖြစ်တယ်။
• Mild moisturizers တွေမှာ ရေမွှေးမပါတာက ကောင်းတယ်။
• အစားအသောက်မှာ လုံလောက်မျှတအောင် စားသုံးရမယ်။
• Omega-3 (အိုမီဂါ သရီး) နဲ့ ဗီတာမင် (အေ) ကောင်းတယ်။

Calamine lotion လိမ်းဆေးက အရေပြားမှာအနေရခက်တာတွေကို သက်သာဆေးတယ်။ ယားတာသက်သာမယ်။ အင်းဆက်လို အကောင်ကိုက်တာ သက်သာမယ်။ ဆေးနဲ့မတည့်သူက မသုံးရပါ။ ကိုယ်ဝန်ဆောင်နေချိန်၊ ကလေး နို့တိုက်နေချိန်တွေမှာ မသုံးရပါ။ မျက်စိထဲမဝင်ရ။ အရေပြားနုကိုမလိမ်းရပါ။ ၆ လေအောက်ကလေးတွေကို မသုံးရပါ။ ဆေးနဲ့မတည့်ရင် ဆေးလိမ်းရာမှာ နီရဲပြီး ယားလာမယ်။ သိပ်ဆိုးရင် အသက်ရှူခက်တာဖြစ်မယ်။

မြန်မာပြည်သူတွေအတွက်တော့ သဘာဝသနပ်ခါးစစ်စစ်ထက်ကောင်းတာ မရှိပါ။ သခွါးသီးလို အသီးအနှံတွေ သုံးတာကလဲ ကြော်ငြာကောင်းကောင်း တံဆိပ်လှလှလေးတွေနဲ့ ဈေးကြီးကြီးပေးရတာတွေထက် အစစ်ကိုသာသုံးပါ။

ဒေါက်တာတင့်ဆွေ

Sunday, April 14, 2019

အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက်

အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက်No photo description available.No photo description available.No photo description available.Image may contain: textImage may contain: textNo photo description available.Image may contain: text

" အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက် "

နွေရာသီတွင် ရာသီဥတုပူပြင်းမှုကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ်အတွင်းရှိရေနှင့် ဓာတ်ဆားဓာတ်များ ဆုံးရုံးမှုပိုမိုများပြားလာပါသည်။ အပူဒဏ်အန္တရာယ်ကြောင့် အပူဒဏ် ကြောင့် ဖောယောင်ခြင်း (Heat edema)၊ မိတ်နှင့် ယားနာများထွက်ခြင်း(Heat rashes)နှင့် ကြွက်တက်ခြင်း(Heat cramps) စသည့် ရောဂါဝေဒနာများအား ခံစားရရှိနိုင်ပါသည်။

ထို့အပြင် ရောဂါပိုမိုဆိုးရွားလာပါက အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat exhaustion)နှင့် မူးမေ့ခြင်း (Heat syncope)တို့ကိုပါ ခံစားရနိုင်ကာ ပိုမိုပြင်းထန် ဆိုးရွား လာပါက အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat stroke) အထိ ဖြစ်ပွားစေနိုင်ပါသည်။

အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat exhaustion) ခံစားရပါက အောက်ဖော်ပြပါ ရောဂါလက္ခဏာများအား ခံစားရနိုင်ပါသည်။
- ပျို့ခြင်း (သို့) ဂနာမငြိမ်ဖြစ်ခြင်း
- ခေါင်းမူးနောက်ခြင်း
- ကြွက်သားများ ကြွက်တက်ခြင်းနှင့် အားပျော့ခြင်း
- မူးမိုက်ခြင်း
- ခေါင်းကိုက်ခြင်း
- နုံးချိခြင်း
- ရေဆာခြင်း
- ချွေးအလွန်အကျွံထွက်ခြင်း
- ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း

ရောဂါပိုမိုပြင်းထန်ဆိုးရွားလာ၍ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ခံစားရပါက အောက် ဖော်ပြပါ ရောဂါလက္ခဏာများအား ခံစားရနိုင်ပါသည်။
- အရေပြား ပူ၍ခြောက်သွေ့ခြင်း (သို့) ချွေးအလွန်အကျွံထွက်ခြင်း
- စိတ်ရှုပ်ထွေးခြင်း
- သတိလစ်ခြင်း
- တက်ခြင်း
- ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်း တို့ဖြစ်ပါသည်

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် အောက်ပါအချက်များကို လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

၁။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုး ရောဂါအခံရှိသူများအနေဖြင့် နေ့လယ် နေ့ခင်းအချိန်တွင် အရိပ်ရအေးမြ၍ လေဝင်လေထွက် ကောင်းသော နေရာများတွင် နားနေပါ။
၂။ ပူပြင်းသည့်နေရောင်တွင် ပင်ပန်းစွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ် ခြင်းတို့ကို ရှောင်ကြဉ်ပါ။
၃။ ပူပြင်းသည့်နေရောင်အောက်တွင် သွားလာလှုပ်ရှားရန်၊ အလုပ်လုပ်ရန် လိုအပ်ပါက လည်း အရိပ်လုံလောက်စွာရနိုင်သည့် ထီး၊ ဦးထုပ်များဆောင်းသွားပါ။ အရိပ်ရအေးမြသည့် နေရာများတွင် ခေတ္တအနားယူခြင်းကိုလည်း မကြာခဏပြုလုပ်ပါ။
၎။ အလင်းပြန်သော အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့သော ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ။
၅။ နေပူထဲမှ ပြန်လာပြီးချက်ချင်း ရေချိုးခြင်းနှင့် မနက် (၁၀) နာရီမှ ညနေ (၅) နာရီအထိ လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်များ၌ အဝတ်လျှော်ဖွတ်ခြင်း၊ ရေချိုးခြင်းစသည် တို့ကို ရှောင်ကြဉ်ပါ။
၆။ အရက်သေစာသောက်သုံးခြင်းကြောင့် အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရစေနိုင်ပြီး ဖြစ်ပွားပါက ပိုမိုပြင်းထန်စွာ ခံစားရနိုင်သဖြင့် ရှောင်ကြဉ်ပါ။
၇။ ခန္ဓာကိုယ်အတွင်းရေနှင့် ဓာတ်ဆားဓာတ်များဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ရေနှင့် ဓာတ်ဆားရည်ကို လုံလောက်အောင် သောက်သုံးပါ။
၈။ မိတ်နှင့် ယားဖုများ ထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကို ပြုလုပ်ပါ။
၉။ အပူဒဏ်အန္တရာယ်ခံစားရသော လူနာအားအရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်း သော နေရာတွင် ထားရှိခြင်း၊ ရေနှင့်ဓာတ်ဆားရည်များ သောက်သုံးစေခြင်း၊ လူနာ၏ ခန္ဓာကိုယ် အပူချိန်အမြန်ကျဆင်းစေရန် နဖူး၊ လည်ပင်း၊ ချိုင်းကြား (၂) ဖက်နှင့် ပေါင်ခြံ (၂) ဖက်တို့အား ရေအေးပတ်တိုက်ပေးခြင်း စသည်တို့အား ဦးစွာဆောင်ရွက်၍ နီးစပ်ရာ ဆေးရုံ/ ဆေးခန်း/ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသ၍ ကုသမှုခံယူစေပါ။

crd -- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

ထက်ဆင့်ဖြန်ဝေပါသည်
https://www.facebook.com/doctorsonwheelsmobilehealthcareservices/posts/783334902031320?__xts__%5B0%5D=68.ARDWHmMuowUSF2PWHV0IaLsp8MT_Ki8YkrlIJJl_jyEwRFt16q9hIVhmfBqQRPAs2YIiCqxEoQtT3_AY9DDzrxy_a5tJ30j2J--9KmF-gCgEzW6TA77Vr1zWFNTag3dv95EFkcuFfCjKJxGfHhG4yWRcEukMQqaxIsDPHhg3Nv-y2kIPk9NsmFlvsE0xdqzTdcQ6lixSR6c4W6CeCmtPQ_dru_Mits7GNhJzidbG5HOqn7RpOMP4do20IRaLCw9sXmdCyDIB_wL3kJJN-lmYFy8W2RzGrp1g92veFkzD6D1y_Tv2EGq_n3RPtiG0_UfwE_dHWXGk9CHDdrY4dinjad8&__tn__=-R

Wednesday, April 10, 2019

New data contradicts earlier studies on smoking and IVF outcomes.

New data contradicts earlier studies on smoking and IVF outcomes.
Image may contain: text

Nicotine and Infertility

The success or failure of assisted reproduction can be influenced by many factors, both nonmodifiable (age, ovarian reserve) and modifiable (body weight, lifestyle habits). Smoking belongs to the latter category.
Smoking has important reproductive consequences—early pregnancy loss and adverse obstetric outcome are both more common in smokers—and about 20% of the reproductive-age population smokes.[1]
The problems, however, start even before conception. Among smokers, infertility is more frequent, and the time to pregnancy is longer. Ovarian reserve is often reduced, and semen parameters tend to be poorer.[1,2,3]
More specific models are needed to sort out the effect of smoking on key elements (oocytes, sperm, uterine receptivity) of in vitro fertilization (IVF). A recent study[4] used an oocyte donation model to assess the effect of smoking by egg donors, sperm donors, male partners, and women undergoing IVF.

Smoking-Related Reproductive Outcomes

A retrospective cohort study was based on 4747 donor oocyte recipient cycles. Each donor and recipient were included only once with the outcome of their first treatment cycle. Three categories of daily smoking frequency were compared: none, fewer than 10 cigarettes (light smoking), and more than 10 cigarettes (heavy smoking).
Live birth rates were not significantly different regardless of the smoking status of the donor, recipient, or male partner (Table).
Table. Live Birth Rates by Smoking Status
No smoking< 10 cigarettes> 10 cigarettes
Donors30.8%32.2%32.8%
Recipients29.8%31.8%24.8%
Male Partners29.4%30%31.8%
Using a donor oocyte model, the study found an adverse effect on response to ovarian stimulation, but not on fertilization, implantation, or pregnancy rates.

Why No Tobacco Effect?

Tobacco smoke contains toxins that are harmful to germ cells. Women who smoke enter menopause 1 to 4 years earlier than nonsmokers,[1] and the effect is more severe among heavy smokers. Men who smoke have lower sperm counts, lower sperm motility, higher DNA fragmentation, and potentially poorer fertilization capacity.[1,2,3]
Smoking seems to affect implantation as well. Interference with tubal motility increases the risk for ectopic pregnancies. Adverse metabolic and vascular effects reduce the chance of implantation, increase miscarriage risk, and prolong time to pregnancy. Suboptimal spontaneous fertilization could also delay natural reproduction.
The donor oocyte model used in this study allows us to assess individually the effects of smoking on oocytes, sperm, and endometrium. A lower response to stimulation was seen among donors who smoked. Because the gonadotropin dose was similar in nonsmokers and smokers, the lower number of oocytes might be explained by an adverse effect of smoking on ovarian reserve, but markers of ovarian reserve were not reported in this study.
The absolute difference in oocyte yield between smokers and nonsmokers was small. This clinically, but not statistically, significant difference could be related to the very young age of donors. In an older-reproductive-age population, a more marked effect on ovarian reserve could be expected.
Fertilization rates and embryo quality also were not reported in this study, so the effect of smoking on "sperm function" cannot be assessed. Pregnancy and live birth rates, however, were not different, based on the smoking status of male partners. The young age of the donors could be a factor; better-quality, younger oocytes could compensate for aging-related negative effects on sperm.
Endometrial thickness as a surrogate marker for endometrial receptivity was not affected by the smoking status of the recipient. Nor did smoking appear to affect pregnancy loss rates.
Overall, this study did not find a significant detrimental effect of smoking on the outcomes of assisted reproductive technology. Although the donor oocyte model allows us to separately evaluate the effect of smoking on oocytes, sperm, and endometrium, the young age of the donors could explain the outcomes of IVF, which might differ in an older infertile population.
Follow Medscape on FacebookTwitterInstagram, and YouTube

https://www.medscape.com/viewarticle/911297?src=soc_fb_190413_mscpedt_news_mdscp_smoking&faf=1
https://www.facebook.com/medscape/posts/10157224995559189?__xts__%5B0%5D=68.ARCvQ2lNWjj2AIvZuKfiJk7xeVKUlV5r9NZjP3ZG3TjYE4F2UCWVpJciw5Et9SDGZkZL5cNsst0Rolo1X2x8OjlolTOH0hvfjCi3RNdC0FXOWqYol0UIYYhs37Y0EleQ94AoSep3JLQa3Tv_2wj3zVAnkqc9edQKyFjx_lSrxOHbIcQfztgSJmZ30RTrjO9ZZMOHr6ybNFIYIEpV9tjgKaWIS6d1gpPSoiEqAOnlVu7a-CQeElj_Cq4-zXk72ch52FTfZ2z1lWq24GpeiLJhNWMCWqUjU8LUlc5zPYzVh9aEIdQn7an17ZwKsWmb9OZ-bhCb16rF8TPodw7Tog&__tn__=-R

Dietary Supplements Have No Effect on Mortality Risk

Dietary Supplements Have No Effect on Mortality Risk

For the general population, taking dietary supplements does not reduce the mortality risk from either cardiovascular disease (CVD) or cancer, a large cohort study concludes.
"People should aim for achieving adequate nutrition through a healthy balanced diet rather than relying on supplements," lead author Fang Fang Zhang, MD, PhD, Tufts University, Boston, Massachusetts, told Medscape Medical News in an email.
One exception was taking a supplement of lycopene, which did appear to reduce the mortality risk from both CVD and cancer.
However, the study also found that taking a supplement could be detrimental: taking high-dose calcium supplements appeared to increase the risk of dying from cancer.
The study was published online April 8, 2019, in the Annals of Internal Medicine.
"Given over half of Americans take dietary supplements to improve their overall health, to maintain health, or to improve specific health conditions, it is important to assess the effect that dietary supplements might have on mortality risk," Zhang commented.
In the study, dietary supplement use in the previous 30 days was analyzed among 30,899 adults who participated in six cycles of the National Health and Nutrition Examination Surveys (NHANES) from 1999 to 2000 and to 2009 to 2010.
Nutrient intake from foods and supplements was also analyzed from 27,725 participants who provided one or two valid, 24-hour diet recall information.
The team categorized nutrient intake as being either "inadequate" — defined as levels of total nutrient intake from food and supplements below the estimated average requirement — or as "adequate" when nutrient intake were at levels specified in the Dietary Reference Intakes. Excess nutrient intake was determined by comparing participants' intake with levels above the Tolerable Upper Intake level.
Study participants who reported taking dietary supplements had a mean age of was 50.7 years, while the mean age of those who did not take dietary supplements was 42.8 years (P < .001).
"More than half of participants (51.2%) reported use of dietary supplements in the previous 30 days, and 38.3% reported use of MVM (multivitamin and mineral) supplements," Zhang and colleagues observe.
The most commonly used vitamin supplements included vitamin C (used by 40.3% of participants), vitamin E (used by 38.6%), and vitamin D (used by 37.6%).
The most commonly used mineral supplements were calcium (used by 38.6%), zinc (34.5%), and magnesium (33.3%).
In general, participants who took supplements had higher levels of total nutrient intake for all 25 nutrients assessed compared with nonusers. Even when the nutrient intake from supplement use was discounted, they still had higher nutrient intake levels from foods for 23 nutrients compared with non-supplement users, the researchers point out.
Interestingly, however, over half of all participants had inadequate intake of vitamin D, vitamin E, choline, vitamin K, and potassium. Fewer than 5% of all respondents consumed what investigators determined was "excess" intake for all nutrients except niacin.
"During a median follow-up of 6.1 years, 3616 deaths occurred, including 945 CVD deaths and 805 cancer deaths," the researchers report.
After multivariable adjustment, no dietary supplement except lycopene was associated with a lower mortality risk. Lycopene lowered the risk for all-cause mortality by 18% and death from cancer by 54%.

Nutrients From Food

Investigators then began to tease out the effects of nutrient intake from food compared to the same nutrient intake from supplements.
Initially, they observed that those who had adequate intakes of vitamin K and magnesium were at lower risk for all-cause mortality, while those who had an adequate intake of vitamin A, vitamin K, copper, and zinc had a lower risk of dying from CVD.
However, "when sources of nutrient intake were further evaluated, the lower all-cause mortality associated with adequate intake of vitamin K and magnesium was restricted to intake from foods [while] the lower CVD mortality was associated with adequate intake of vitamin A, vitamin K, zinc, and cooper...restricted to intake from foods as well," Zhang and colleagues observe.
Importantly, excess intake of calcium was associated with a 62% higher risk of dying from cancer. This risk was confined to high-dose calcium supplements of 1000 mg/day or more, and not to calcium intake from food, the team notes.
At the same time, investigators also noted that vitamin D supplementation at doses in excess of 10 mcg/day — or about 400 IU/day — was associated with an increased risk of both all-cause and cancer mortality.
However, this effect was only seen in participants with adequate vitamin D levels, defined as a serum 25-hydroxyvitamin D level of 50 nmol/L or higher, and not in participants with serum 25-hydroxyvitamin D levels of less than 50 nmol/L.
"Thus, vitamin D supplement use at 400 IU/day or higher may have untoward effects among those with no sign of low vitamin D status," Zhang observed.
"For those with low vitamin D status, vitamin D supplements had no benefit or harm," she added.
Zhang noted that if a patient has a medical condition that could lead to malabsorption of nutrients from foods or if they follow specific dietary customs and practices, they may be at risk for nutritional deficiencies that require treatment with dietary supplements.
She also cautioned that it is important for physicians to ask about dietary supplement use among cancer patients because certain dietary supplements such as antioxidants may interfere with the treatments they are about to receive.
"Thus, patients with nutritional deficiencies may be evaluated separately as per their individual needs," she suggested.
However, for the general population, Zhang emphasized that foods are usually the most important source of nutrients and that physicians should counsel patients accordingly.
Approached for comment, Elizabeth Kantor, MD, from Memorial Sloan-Kettering Cancer Center in New York, agreed and added: "People should discuss decisions regarding use of dietary supplements with their healthcare providers."
Zhang has disclosed no relevant financial relationships, although one of her co-investigators has; see the publication for information. Kantor has disclosed no relevant financial relationships.
Ann Intern Med. Published online April 8, 2019. Abstract
For more Medscape Oncology news, join us on Facebook and Twitter

https://www.facebook.com/medscape/posts/10157221621529189
https://www.medscape.com/viewarticle/911472?src=soc_fb_190410_mscpedt_news_mdscp_supplements&faf=1