ads bit

Pages

Thursday, October 25, 2018

အမျိုးသမီးတွေ အသက်ရလာတဲ့အခါ အရင်ဆုံး အိုမင်းရင့်ရော်လာတဲ့ အစိတ်အပိုင်း(၆)မျိုး

အမျိုးသမီးတွေ အသက်ရလာတဲ့အခါ အရင်ဆုံး အိုမင်းရင့်ရော်လာတဲ့ အစိတ်အပိုင်း(၆)မျိုး

Sponsored
အမျိုးသမီးတွေက အသက်ကြီးပိုင်း ၀င်လာတဲ့အခါမှာလည်း ဇရာကို ဖုံးကွယ်ထားဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားတတ် ကြပါတယ်။ အဲ့ဒီလို ကြိုးစားကြတဲ့အခါ မိတ်ကပ်လိမ်းပြီး အရေးအကြောင်းတွေကို ဖုံးကွယ်မှာလား၊ အ၀တ်အစားနဲ့ အသက်အရွယ်ကို လှည့်စားထားမှာလား ဆိုတာစဉ်းစားရပါမယ်။ အမျိုးသမီးတစ်ယောက် အသက်ရလာမှန်း သိသာစေတဲ့နေရာတွေကို သေချာသိပြီး care လုပ်ပေးမယ်ဆိုရင် နုပျိုတဲ့အသွင်ရဖို့ အလွယ်လေး ဖန်တီးနိုင်မှာပါနော်။ ဒါကြောင့် ဘယ်နေရာတွေကို အဓိကထားပြီး care လုပ်ရမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

(၁) မျက်လုံး

shutterstock
အမျိုးသမီးတစ်ယောက်ရဲ့အသက်အရွယ်ကို သူ့မျက်လုံးတွေမှာမြင်ရတယ်လို့ပြောရင် အဲ့ဒါအမှန်ပါ။ အသက်ရလာတဲ့အခါ မျက်လုံးနားတ၀ိုက်မှာအရေးအကြောင်းတွေဖြစ်လာမှာတစ်ခုတည်းကိုစိုးရိမ်ပြီး eyes cream ပဲလိမ်းလိုက်ရင် မျက်လုံးတွေအတွက်လုံလောက်သွားပြီလို့မတွေးပါနဲ့။ မျက်တောင်မွေးနဲ့မျက်ခုံးမွေးတွေကလည်း တဖြည်းဖြည်းပါးလာတာကြောင့် အဲ့ဒီအတွက်လည်း ထည့်စဉ်းစားရမှာပါ။ မျက်တောင်၊မျက်ခုံးအတန်အသင့်ကောင်းအောင် သံလွင်ဆီလိမ်းပေးတာမျိုး၊ မျက်တောင်ကော့ဆေးကောင်းကောင်းသုံးပေးတာမျိုး၊ မျက်ခုံးမွေးသေချာဆွဲတာမျိုးလေးတွေလုပ်ပေးပါ။

(၂) သွား

shutterstock
Sponsored
အသက်ရလာရင် သွားလေးတွေဖြူဖွေးမနေတော့ဘဲ ၀ါလာတာ၊ အရောင်မှိန်လာတာ၊ သွားကြွေလွှာတွေပျက်စီးလာတာမျိုးဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် အိုမင်းရင့်ရော်တဲ့ပုံစံမျိုးမြန်မြန်မဖြစ်ချင်ဘူးဆိုရင် သွားလေးတွေကိုလည်း စောစောစီးစီးကတည်းကထိန်းသိမ်းစောင့်ရှောက်ထားကြပါနော်။

(၃) နားရွက်

အသက်ငယ်စဉ်မှာ အရမ်းလေးတဲ့နားကပ်တွေနားဆွဲတွေမ၀တ်ဖို့အကြံပေးချင်ပါတယ်။ အလေးချိန်များတဲ့နားကပ်တွေက နားရွက်မှာရှိတဲ့ကြွက်သားတွေကို လျော့ရဲစေနိုင်ပြီး ပြန်လည်တင်းရင်းစေတော့မှာမဟုတ်ပါဘူး။ အဲ့ဒီအခါ အသက်ကြီးလာရင် နားရွက်တွေက ကြည့်ရဆိုးနေမှာပါ။

(၄) လည်ပင်း

shutterstock
နောက်ထပ်ဇရာကိုဖော်ပြနိုင်တဲ့နေရာတစ်ခုကတော့ လည်ပင်းပါ။ လည်ပင်းက အမြဲတမ်းဖုံးကွယ်ထားလို့မဖြစ်နိုင်တဲ့နေရာဖြစ်ပြီး အရေးအကြောင်းတွေအလွယ်တကူဖြစ်နိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ငယ်စဉ်ကတည်းက မျက်နှာ skin care လုပ်သလို လည်ပင်းအတွက်လည်း အသားအရေထိန်းသိမ်းမှုလုပ်ဖို့လိုအပ်ပါတယ်။

(၅) ရင်သား

shutterstock

အမျိုးသမီးတစ်ယောက် အသက်အရွယ်ကိုသိသာစေတဲ့နောက်တစ်မျိုးကတော့ ရင်သားတွေပါ။ ရင်သားတွေအမြဲလှပနေအောင် မှန်ကန်တဲ့ bra ကိုရွေးဝတ်ဖို့လိုသလို အားကစားလုပ်တဲ့အခါနည်းလမ်းမှန်မှန်လေးလုပ်သင့်ပါတယ်။

(၆) ၀မ်းဗိုက်

shutterstock
အသက်ကြီးလာတဲ့အခါ ၀မ်းဗိုက်နားတ၀ိုက်မှာ အဆီစုလာပြီး ခန္ဓာကိုယ်ပုံစံက အသက်အရွယ်ကိုဖော်ပြနိုင်ပါတယ်။ ဒါကြောင့် ငယ်ကတည်းက ဗိုက်အဆီမတက်အောင် ထိန်းထားသင့်ပါတယ်။

မိန်းကလေးတွေပဲ နားလည်နိုင်မယ့် Bra ပြဿနာလေးများ

မိန်းကလေးတွေပဲ နားလည်နိုင်မယ့် Bra ပြဿနာလေးများ

Sponsored
ခုဖော်ပြပေးမှာကတော့ ဘရာနဲ့ပတ်သက်ပြီး မိန်းကလေးတော်တော်များများမှာ ဖြစ်တတ်တဲ့၊ မိန်းကလေးအချင်းချင်းသာနားလည်နိုင်မယ့် ပြဿနာလေးတွေပဲဖြစ်ပါတယ်။ ဘာတွေလဲဆိုတာကတော့ ဖတ်ကြည့်လိုက်ပါနော်။
(၁) ချွတ်လိုက်တဲ့အခါမှာ နီရဲတဲ့ အစင်းကြောင်းတွေဖြစ်နေလို့ မသိရင် ကြိုးနဲ့တုပ်ချည်ထားတဲ့အတိုင်းပါပဲနော်။
Sponsored
(၂) ခါးရှည် ဘော်လီတွေ ဝယ်တဲ့အခါ ရင်တော်ရင် ခါးချောင်၊ ခါးတော်ရင် ရင်ချောင်တဲ့ ပြဿနာတွေ အမြဲလိုလို ဖြစ်နေတတ်ပါတယ်။
Shutterstock
(၃) အနံ့လေးက ဘယ်တော့မှ လျှော်စရာမလိုဘူးလို့ ထင်ရလောက်အောင်ကို သင်းသင်းလေးမွှေးနေတတ်ပါတယ်။
(၄) ဘရာတွေကို အဝတ်လျှော်စက်နဲ့ လျှော်လိုက်တာက အမှိုက်ပုံးထဲ ပစ်လိုက်သလိုပါပဲ။ ပုံပျက်ပန်းပျက်ဖြစ်သွားပြီး လုံးဝပုံမကျနိုင်တော့ပါဘူး။
(၅) လက်နဲ့ လျှော်ပြန်ရင်လည်း ဆပ်ပြာမြှုပ်တွေ စင်သွားအောင် ၅ ခါလောက်တော့ အနည်းဆုံး ရေပြန်ဆေးရပါတယ်။
Shutterstock
(၆) ရင်သားသေးတဲ့ ပျိုမေတွေ ဘရာကို ကြိုးဖြုတ်ပြီး ဝတ်ဆင်လိုက်တဲ့အခါ အောက်လျှောလျှောကျသွားလို့ လူကြားသူကြားတွေထဲမှာလည်း ဆွဲဆွဲတင်နေရတာ အမောပါပဲနော်။
(၇) ရင်သား တစ်ဖက်နဲ့တစ်ဖက် အရွယ်အစားမတူတာကြောင့် အုံက တစ်ဖက်တော်ရင် တစ်ဖက်ချောင်ဖြစ်နေတတ်တာ သဘာဝပါပဲနော်။
(၈) Sport Bra ကျပ်ကျပ်လေးဝတ်၊ လေ့ကျင့်ခန်း အနည်းငယ်လုပ်ပြီဆိုရင် နေရထိုင်ရ ကျဉ်းကျပ်လွန်းတာကြောင့် ပိုပင်ပန်းသလိုတောင် ခံစားရပါတယ်။ အိမ်ပြန်ရောက်လို့ ချောင်ချောင်ချိချိ bra လေး လဲဝတ်လိုက်တဲ့အခါမှာတော့ အရမ်းကို သက်တောင့်သက်သာရှိသွားတာ အားလုံးဖြစ်ဖူးမှာပါ။
Shutterstock
(၉) သင့်ဘရာတွေထဲမှာ သက်တောင့်သက်သာလည်းဖြစ်၊ ပုံလည်းကျပြီး သင်အနှစ်သက်ဆုံး ဘရာလေး ပျောက်သွား/ဟောင်းသွားတဲ့အခါ အရမ်းကို နှမြောမဆုံးဖြစ်နေမှာပါ။
(၁၀) ပူအိုက်တဲ့ရာသီမှာ ခါးရှည်ဘော်လီ ကျပ်ကျပ်တွေကို အကူမပါဘဲ တစ်ယောက်တည်းဝတ်ရတဲ့အခါ တော်တော်လေးကို ဒေါသထွက်ဖူးကြမှာပါ။ အထူးသဖြင့် လှည့်လိုက်လို့ ချိတ်ပြန်ပြုတ်သွားတာ ဒါမှမဟုတ် ကြိုးပြုတ်သွားတဲ့အခါတွေမှာပေါ့။

ဝက်ခြံ၊ အဆီကြိတ် ထွက်သူတွေအတွက် အကောင်းဆုံး သဘာဝပေါင်းတင်နည်း (၂) မျိုး

ဝက်ခြံ၊ အဆီကြိတ် ထွက်သူတွေအတွက် အကောင်းဆုံး သဘာဝပေါင်းတင်နည်း (၂) မျိုး

Sponsored
ဝက်ခြံတွေ၊ အဆီကြိတ်တွေ ရှိနေလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပျောက်ဆုံးနေတဲ့ ပျိုမေတို့အတွက် သတင်းကောင်းလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ အိမ်မှာနေရင်းနဲ့တင် ဝက်ခြံ၊ အဆီကြိတ်တွေကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်းလေးတွေ ရှိနေလို့ပါ။ ခုပဲလုပ်ကြည့်လိုက်ပါနော်…..။

(၁) သခွားသီး နဲ့ ဒိန်ချဉ်

Shutterstock
  • သခွားသီးက သင့်မျက်နှာကို ကြည်လင်လာစေပြီး ညစ်နွမ်းနေတာတွေအားလုံးကို သန့်စင်ပေးနိုင်ပါတယ်။
  • ဒိန်ချဉ်က သင့်မျက်နှာကို အစိုဓာတ်ဖြည့်ပေးပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သန့်စင်ပေးနိုင်ပါတယ်။
ပြုလုပ်ပုံ
  • သခွားသီး ၁ လုံး
  • ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပါဝင်ပစ္စည်းတွေကို သေသေချာချာ ရောကြိတ်လိုက်ပါ။
  • ရလာတဲ့ အနှစ်လေးကို မျက်နှာပေါ်မှာ လိမ်းပြီး ၁၀ မိနစ် ထားလိုက်ပါ။
  • ပြီးရင်တော့ ရေအေးလေးနဲ့ ဆေးကြောပေးပါ။

(၂) နနွင်းမှုန့်၊ ဒိန်ချဉ်နဲ့ သံပုယိုရည်

Pixabay
  • ဒိန်ချဉ်က သင့်မျက်နှာကို အစိုဓာတ်ဖြည့်ပေးပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။
  • နနွင်းမှုန့်က နီရဲရောင်ရမ်းတာတွေကို လျော့ကျစေပြီး ဝက်ခြံကို ကုသပေးနိုင်စွမ်းရှိပါတယ်။
  • သံပုယိုရည်က သင့်မျက်နှာကို ဖြူဝင်စေပြီး အမာရွတ်တွေကို ပျောက်ကင်းစေနိုင်ပါတယ်။
Sponsored
ပြုလုပ်ပုံ
  • ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • စနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သံပုယိုရည် ၂ စက်
  • ပါဝင်ပစ္စည်းအားလုံးကို သေသေချာချာ ရောမွှေလိုက်ပါ။
  • ရလာတဲ့ အနှစ်ကို မျက်နှာမှာလိမ်းပြီး ၁၀ မိနစ်အကြာမှာ ရေဆေးလိုက်ရုံပါပဲ။