ads bit

Pages

Thursday, October 25, 2018

မိန်းကလေးတွေပဲ နားလည်နိုင်မယ့် Bra ပြဿနာလေးများ

မိန်းကလေးတွေပဲ နားလည်နိုင်မယ့် Bra ပြဿနာလေးများ

Sponsored
ခုဖော်ပြပေးမှာကတော့ ဘရာနဲ့ပတ်သက်ပြီး မိန်းကလေးတော်တော်များများမှာ ဖြစ်တတ်တဲ့၊ မိန်းကလေးအချင်းချင်းသာနားလည်နိုင်မယ့် ပြဿနာလေးတွေပဲဖြစ်ပါတယ်။ ဘာတွေလဲဆိုတာကတော့ ဖတ်ကြည့်လိုက်ပါနော်။
(၁) ချွတ်လိုက်တဲ့အခါမှာ နီရဲတဲ့ အစင်းကြောင်းတွေဖြစ်နေလို့ မသိရင် ကြိုးနဲ့တုပ်ချည်ထားတဲ့အတိုင်းပါပဲနော်။
Sponsored
(၂) ခါးရှည် ဘော်လီတွေ ဝယ်တဲ့အခါ ရင်တော်ရင် ခါးချောင်၊ ခါးတော်ရင် ရင်ချောင်တဲ့ ပြဿနာတွေ အမြဲလိုလို ဖြစ်နေတတ်ပါတယ်။
Shutterstock
(၃) အနံ့လေးက ဘယ်တော့မှ လျှော်စရာမလိုဘူးလို့ ထင်ရလောက်အောင်ကို သင်းသင်းလေးမွှေးနေတတ်ပါတယ်။
(၄) ဘရာတွေကို အဝတ်လျှော်စက်နဲ့ လျှော်လိုက်တာက အမှိုက်ပုံးထဲ ပစ်လိုက်သလိုပါပဲ။ ပုံပျက်ပန်းပျက်ဖြစ်သွားပြီး လုံးဝပုံမကျနိုင်တော့ပါဘူး။
(၅) လက်နဲ့ လျှော်ပြန်ရင်လည်း ဆပ်ပြာမြှုပ်တွေ စင်သွားအောင် ၅ ခါလောက်တော့ အနည်းဆုံး ရေပြန်ဆေးရပါတယ်။
Shutterstock
(၆) ရင်သားသေးတဲ့ ပျိုမေတွေ ဘရာကို ကြိုးဖြုတ်ပြီး ဝတ်ဆင်လိုက်တဲ့အခါ အောက်လျှောလျှောကျသွားလို့ လူကြားသူကြားတွေထဲမှာလည်း ဆွဲဆွဲတင်နေရတာ အမောပါပဲနော်။
(၇) ရင်သား တစ်ဖက်နဲ့တစ်ဖက် အရွယ်အစားမတူတာကြောင့် အုံက တစ်ဖက်တော်ရင် တစ်ဖက်ချောင်ဖြစ်နေတတ်တာ သဘာဝပါပဲနော်။
(၈) Sport Bra ကျပ်ကျပ်လေးဝတ်၊ လေ့ကျင့်ခန်း အနည်းငယ်လုပ်ပြီဆိုရင် နေရထိုင်ရ ကျဉ်းကျပ်လွန်းတာကြောင့် ပိုပင်ပန်းသလိုတောင် ခံစားရပါတယ်။ အိမ်ပြန်ရောက်လို့ ချောင်ချောင်ချိချိ bra လေး လဲဝတ်လိုက်တဲ့အခါမှာတော့ အရမ်းကို သက်တောင့်သက်သာရှိသွားတာ အားလုံးဖြစ်ဖူးမှာပါ။
Shutterstock
(၉) သင့်ဘရာတွေထဲမှာ သက်တောင့်သက်သာလည်းဖြစ်၊ ပုံလည်းကျပြီး သင်အနှစ်သက်ဆုံး ဘရာလေး ပျောက်သွား/ဟောင်းသွားတဲ့အခါ အရမ်းကို နှမြောမဆုံးဖြစ်နေမှာပါ။
(၁၀) ပူအိုက်တဲ့ရာသီမှာ ခါးရှည်ဘော်လီ ကျပ်ကျပ်တွေကို အကူမပါဘဲ တစ်ယောက်တည်းဝတ်ရတဲ့အခါ တော်တော်လေးကို ဒေါသထွက်ဖူးကြမှာပါ။ အထူးသဖြင့် လှည့်လိုက်လို့ ချိတ်ပြန်ပြုတ်သွားတာ ဒါမှမဟုတ် ကြိုးပြုတ်သွားတဲ့အခါတွေမှာပေါ့။

No comments:

Post a Comment