ads bit

Pages

Thursday, October 25, 2018

ဝက်ခြံများကိုပျောက်စေသည့်လျှို့ဝှက်ချက်ကို သိပ္ပံပညာရှင်များထုတ်ဖော်ပြောကြား

 သိပ္ပံပညာရှင်များထုတ်ဖော်ပြောကြား

Sponsored
Unicode version ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်
ဝက်ခြံပျောက်စေသည့် လျှို့ဝှက်ချက်များနှင့်ပတ်သက်ပြီး သိပ္ပံပညာရှင်များက ထုတ်ဖော်ပြောကြားလိုက် သည်။
Sponsored
အရွယ်ရောက်ပြီးသူတွေမှာ ပေါက်သည့် ၀က်ခြံသည်အဆိုးဆုံးဖြစ်
အသက် ၂၀နှင့် ၃၀ကြားအရွယ်များတွင်  အမည်းစက်များဖြစ်ပေါ်သည့် အရေပြားဆိုင်ရာပြဿနာများကို အသက်၁၅နှစ် အရွယ်များထက် ပိုမိုခံစားရလေ့ရှိကြောင်းသိရသည်။
အဆိုပါ ဖြစ်ပေါ်ခံစားရလေ့ရှိသည့် အရေပြားဆိုင်ရာ ပြဿနားများ ပြေလည်စေရန်နည်းလမ်းမျိုးစုံကိုရှာဖွေသုံးစွဲလေ့ရှိ ကြသော်လည်း အသုံးတည့်သည့်နည်းလမ်းများရှိသလို အလုပ်မဖြစ်သည့်နည်းလမ်းများလည်းရှိသည်။
လက်ဖက်စိမ်း
ကဖိန်းဓာတ်နည်းပါးသည့် လက်ဖက်စိမ်းသည် ၀က်ခြံအများဆုံးထွက်လေ့ရှိသည့် မျက်နှာပြင်ဧရိယာအတွက်အသင့်တော် ဆုံးဖြစ်ပြီး ၀က်ခြံထွက်ခြင်းကိုလည်းလျော့နည်းသက်သာစေကြောင်း လေ့လာတွေ့ရှိချက်များကဆိုသည်။
အသက် ၂၅နှစ်နှင့် ၄၅နှစ်ကြား အရွယ်အမျိုးသမီး ၈၀ဦးကို  လက်ဖက်စိမ်းပါဝင်မှုများပြားပြီးကဖိန်းဓာတ်လည်းနည်းပါး သည့် ၅၀၀ မီလီဂရမ် ဆေးတောင့်အား တစ်နေ့လျှင် သုံးကြိမ်နှုန်းဖြင့် လေးပတ်သောက်စေခဲ့သည်။
အဆိုပါ လေ့လာစမ်းသပ်မှုတွင် လက်ဖက်စိမ်းကိုမှီဝဲခဲ့သည့် ၀က်ခြံကိုခံစားနေရသည့် အမျိုးသမီးများ၏ နှာခေါင်း ၊မေးစေ့နှင့်မျက်လုံးတ၀ိုက်နေရာများတွင် ၀က်ခြံများသိသိသာသာလျော့နည်းသက်သာသွားကြောင်းတွေ့ရှိရသည်ဟု သိပ္ပံရှင်များက ဆိုသည်။
ထို့အပြင် ၀က်ခြံကို သိသာထင်ရှားစွာ မြန်မြန်ပျောက်ကင်းလိုပါက တစ်နေ့လျှင် လက်ဖက်စိမ်းဆေးတောင့် ၁၂တောင့် အထိသောက်ပေးနိုင်သလို ၁၅၀၀မီလီဂရမ်နှင့်ညီမျှသည့် လက်ဖက်စိမ်းရည်တစ်ခွက်သောက်ပေးနိုင်ကြောင်းသိရသည်။
Epigallocatechin-3-gallate (EGGG) ဟုခေါ်သော လက်ဖက်စိမ်းတွင်ပါဝင်သည့် ဒြပ်ပေါင်းတစ်မျိုးသည် ၀က်ခြံကို သက်သာစေသည်။အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု တို့ဖြစ်ပြီးသော အရွယ်ရောက်ပြီးသူအမျိုးသမီးများပေါက်သည့် ၀က်ခြံများအတွက် ပိုမိုထိရောက်မှုရှိသည်။
မေးစေ့၊နှာခေါင်းနှင့် ပါးစပ်တ၀ိုက်တွင် ပေါက်တတ်သည့် ၀က်ခြံအမျိုးအစားများသည် ကွဲပြားမှုမသိသာသော်လည်းနဖူး တွင်ပေါက်သည့် ၀က်ခြံအမျိုးအစားကိုမူ မပေါ့ဆဘဲစနစ်တကျကုသသင့်ကြောင်း သုတေသနပညာရှင်များကတိုက်တွန်း ထားသည်။

No comments:

Post a Comment