ads bit

Pages

Thursday, October 25, 2018

အမျိုးသမီးတွေ တင်ပါးလှပကျန်းမာစေတဲ့ လေ့ကျင့်ခန်း(၅)ခု


အမျိုးသမီးတွေ တင်ပါးလှပကျန်းမာစေတဲ့ လေ့ကျင့်ခန်း(၅)ခု

Sponsored
ကျန်းမာလှပတဲ့ ခန္ဓ္ဓ္ဓ္ဓာကိုယ်နဲ့ ဆွဲဆောင်မှုရှိရှိ လှပနေချင်တာကတော့ အမျိုးသမီးတိုင်းရဲ့အိပ်မက်ပါပဲ။အထူးသဖြင့် တင်မရှိ၊ ရင်မရှိဆိုတဲ့ စကားလုံးနဲ့ ပြောခံရမှာ မနှစ်မြို့တတ်ကြပါဘူး။အခုအခံ ဆိုတာကလည်း နေရာတိုင်း၊ အမြဲ တမ်း တော့ မကောင်းပါဘူး။ ကျန်းမာရေးနဲ့မညီညွတ်သလို ယုံကြည်မှုလည်း ကင်းမဲ့စေ ပါတယ်။ဒါကြောင့် ယုံကြည်မှု ရှိရှိ နဲ့ တောင့်တင်းပြည့်စုံတဲ့ နောက်ပိုင်းအလှလေးရဖို့ လေ့ကျင့်ခန်းလုပ်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ခန္ဓ္ဓ္ဓ္ဓ္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ တင်ပါးက ကြွက်သားအများဆုံးအစိတ်အပိုင်းဖြစ်ပြီး အလှအပရေးရာအတွက်သာ မက တခြား ကျန်းမာရေးနဲ့ပတ်သက်ပြီး ခန္ဓ္ဓ္ဓ္ဓ္ဓာကိုယ်တစ်ခုလုံးကို ထောက်ပံ့ပေးတဲ့အကျိုးအကျေးဇူးတွေလည်း ရှိပါ သေးတယ်။
Sponsored
ခန္ဓ္ဓ္ဓ္ဓ္ဓာကိုယ်တစ်ခုလုံးကို ခြေထောက်ကြွက်သားတွေနဲ့ ခြေဖ၀ါးက ထိန်းထားပေးရပေမယ့် တင်ပါး ကျန်းမာခြင်းကြောင့်  ဒူးခေါင်းနဲ့ နောက်ကျောနာကျင်ခြင်းတွေကိုကာကွယ်ပေးပါတယ်။ရုပ်ပိုင်းဆိုင်ရာအားဖြင့် သန်မာမှုကိုဖြစ်စေ သလို  တော် ရုံ  ခန္ဓ္ဓ္ဓ္ဓ္ဓ္ဓာကိုယ် ထိခိုက်နာကျင်မှုတွေကိုလည်း လျော့ကျစေပါတယ်။နောက်ဆုံးအရေးကြီးတာတစ်ခုကတော့ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေပါတယ်။
ထိုင်ထ လေ့ကျင့်ခန်း
ထိုင်ထလုပ်တဲ့အခါ ထိုင်တဲ့အခါ တင်ပါးနဲ့ ခြေသလုံးကြွက်သားတွေထိတဲ့အထိ ထိုင်ချလိုက်ခြင်းမျိုးမဟုတ်ဘဲ ထိုင်တော့ မယ့်ပုံစံ အနေအထားအထိပဲ ထိုင်ရမှာဖြစ်ပါတယ်။လက်နှစ်ဖက်ကို ရှေ့ကို ဆန့်ထုတ်ထားပြီး တစ်ဖက်နဲ့တစ်ဖက် တွဲ ထားရပါမယ့်။အရေအတွက်အားဖြင့် ၁၅ကြိမ်လောက်လုပ်ပေးရင် လုံလောက်ပါပြီ။
လေးဘက်ထောက်လေ့ကျင့်ခန်း
ခန္ဓ္ဓ္ဓ္ဓ္ဓ္ဓာကိုယ်ကို လေးဘက်ထောက်အနေအထားယူပါ။လက်နှစ်နဲ့ ခြေတစ်ဖက်ကို ထောက်လျက်အနေအထားအတိုင်းထားပြီး ကျန်ခြေတစ်ဖက်ကို တင်းပါးနဲ့ တပြေးတည်း၊တစ်ဖြောင့်တည်းအနေအထားဆန့်ထုတ်ပြီး ဒူးထောက်ထားတဲ့ဖက်ကို လွှဲပါ။လွှဲတဲ့အခါ  ကြမ်းပြင်ပေါ်ချလိုက် လွှဲလိုက်အနေအထားလုပ်ပါ။ အကြိမ်အရေအတွက်အားဖြင့် ၁၅ကြိမ်အနည်းဆုံး လုပ်ပေးပါ။
ထိုင်ထ ခြေတစ်ဖက်လွှဲ လေ့ကျင့်ခန်း
ပထမဆုံးအချက်မှ ထိုင်ထနည်း အတိုင်း ထိုင်ထလုပ်တဲ့အခါ  ထတဲ့အချိန်မှာ ခြေတစ်ဖက်ကို ဘေးသို့ဖြေးညင်းစွာ ကန် ထုတ်ပါ။ ခြေတစ်ဖက်ကို အနည်းဆုံး ၁၀ကြိမ်ခန့်လုပ်ပါ။တစ်ဖက်ပြီးလျှင် အခြားတစ်ဖက်ကို လည်းထိုနည်းအတိုင်း ၁၀ကြိမ် ခန့်လုပ်ပါ။
လဲလျက်တင်ပါးလေ့ကျင့်ခန်း
ခန္ဓ္ဓ္ဓ္ဓ္ဓ္ဓာကိုယ်ကို ပက်လက်အနေအထားယူပါ။လက်နှစ်ဖက်လုံးကို ခန္ဓ္ဓ္ဓ္ဓ္ဓ္ဓာကိုယ်နဲ့ကပ်လျက် ကြမ်းပြင်ပေါ် ချထားပါ။ခြေထောက် တစ်ဖက်ကို ဒူးထောင်အနေအထားယူပါ။ ကျန်တစ်ဖက်ကို ခြေဆန့်ပြီး ထို ဆန့်တဲ့အနေအထားအတိုင်း တင်ပါးကြွတဲ့အ ထိ အဖြောင့်အတိုင်း မြှောက်လိုက်ချလိုက်လုပ်ပါ။တစ်ဖက်ပြီးလျှင် တစ်ဖက်ပြောင်းလုပ်ပါ။သင့်တင့်တဲ့အရေအတွက်သာ လုပ်ပါ။
ဘေးတိုက် ထိုင်ထ လေ့ကျင့်ခန်း
ခန္ဓ္ဓ္ဓ္ဓ္ဓ္ဓာကိုယ်ကို မတ်တပ်ရပ်၊ ခါးထောက်အနေအထားယူပါ။ ခြေနှစ်ဖက်ကို အနည်းငယ်ကားထားပြီး ရပ်ပါ။ထိုင်ထ လုပ်တဲ့ အခါ ဘေးကိုကားထုတ်လုပ်တဲ့ ခြေထောက်က ကွေးသွားပြီး ကျန်ခဲ့တဲ့ခြေထောက်က တစောင်းအနေအထား အဖြောင့် အတိုင်းကျန်ခဲ့ပါမယ်။တခါ ခြေထောက်ပြန်စုပြီး နောက်တစ်ဖက်ကိုလည်း ထိုနည်းအတိုင်းပဲလုပ်ပါ။ထိုင်တဲ့အခါ တင် ပါး အောက်ကျတဲ့အထိ မထိုင်မိစေဖို့သတိထားရပါမယ်။
အခုပြောပြခဲ့တဲ့လေ့ကျင့်ခန်းတွေကို တစ်ပတ်ကို နှစ်ကြိမ်ခန့်လုပ်ပေးပါ။သိသာတဲ့ တိုးတက်ပြောင်းလဲမှုမျိုးရရှိပါလိမ့်မယ်။ အကြိမ်အရေအတွက်ကို ပထမဆုံးအကြိမ်မှ တဖြည်းဖြည်း တိုးမြှင့်လေ့ကျင့်သွားပါ။ ကျန်းမာလှပတဲ့ခန္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓာကိုယ် ကို ပိုင်ဆိုင်ပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုရှိလာမှာပါ။
https://youtu.be/NMqeJdfboN4
Bubble_butt_workout_for_women.mp4, Size 60.63 MB...
https://cloudvideo.tv/rshqr05v51ed

No comments:

Post a Comment