ဝက်ခြံ၊ အဆီကြိတ် ထွက်သူတွေအတွက် အကောင်းဆုံး သဘာဝပေါင်းတင်နည်း (၂) မျိုး
Sponsored
ဝက်ခြံတွေ၊ အဆီကြိတ်တွေ ရှိနေလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပျောက်ဆုံးနေတဲ့ ပျိုမေတို့အတွက် သတင်းကောင်းလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ အိမ်မှာနေရင်းနဲ့တင် ဝက်ခြံ၊ အဆီကြိတ်တွေကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်းလေးတွေ ရှိနေလို့ပါ။ ခုပဲလုပ်ကြည့်လိုက်ပါနော်…..။
(၁) သခွားသီး နဲ့ ဒိန်ချဉ်
- သခွားသီးက သင့်မျက်နှာကို ကြည်လင်လာစေပြီး ညစ်နွမ်းနေတာတွေအားလုံးကို သန့်စင်ပေးနိုင်ပါတယ်။
- ဒိန်ချဉ်က သင့်မျက်နှာကို အစိုဓာတ်ဖြည့်ပေးပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သန့်စင်ပေးနိုင်ပါတယ်။
ပြုလုပ်ပုံ
- သခွားသီး ၁ လုံး
- ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ပါဝင်ပစ္စည်းတွေကို သေသေချာချာ ရောကြိတ်လိုက်ပါ။
- ရလာတဲ့ အနှစ်လေးကို မျက်နှာပေါ်မှာ လိမ်းပြီး ၁၀ မိနစ် ထားလိုက်ပါ။
- ပြီးရင်တော့ ရေအေးလေးနဲ့ ဆေးကြောပေးပါ။
(၂) နနွင်းမှုန့်၊ ဒိန်ချဉ်နဲ့ သံပုယိုရည်
- ဒိန်ချဉ်က သင့်မျက်နှာကို အစိုဓာတ်ဖြည့်ပေးပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။
- နနွင်းမှုန့်က နီရဲရောင်ရမ်းတာတွေကို လျော့ကျစေပြီး ဝက်ခြံကို ကုသပေးနိုင်စွမ်းရှိပါတယ်။
- သံပုယိုရည်က သင့်မျက်နှာကို ဖြူဝင်စေပြီး အမာရွတ်တွေကို ပျောက်ကင်းစေနိုင်ပါတယ်။
Sponsored
ပြုလုပ်ပုံ
- ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- စနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
- သံပုယိုရည် ၂ စက်
- ပါဝင်ပစ္စည်းအားလုံးကို သေသေချာချာ ရောမွှေလိုက်ပါ။
- ရလာတဲ့ အနှစ်ကို မျက်နှာမှာလိမ်းပြီး ၁၀ မိနစ်အကြာမှာ ရေဆေးလိုက်ရုံပါပဲ။
No comments:
Post a Comment