ads bit

Pages

Thursday, October 25, 2018

ဖုန်းအလွန်အကျွံသုံးလို့ ဖြစ်လာမယ့်ဆိုးကျိုးတွေကိုလျှော့ချဖို့အကောင်းဆုံးနည်းလမ်း(၅)ခု

ဖုန်းအလွန်အကျွံသုံးလို့ ဖြစ်လာမယ့်ဆိုးကျိုးတွေကိုလျှော့ချဖို့အကောင်းဆုံးနည်းလမ်း(၅)ခု

Sponsored
ပညာရှင်တွေရဲ့ သုတေသနတွေအရ လူ ၁၀၀ မှာ ၅၃ ရာခိုင်နှုန်းက ဖုန်းကို အိပ်ရာဘေးမှာအားသွင်းပြီးအိပ်တတ်ကြပါတယ်။ တကယ်တော့ အဲ့ဒါဟာ အလွန်အန္တရာယ်ရှိတဲ့ အမူအကျင့်ဖြစ်ပြီး ဖုန်းကိုအိပ်ရာနဲ့နီးတဲ့နေရာတွေမှာ အားမသွင်းမိဖို့ တခြားသတိထားလိုက်နာသင့်တဲ့အချက်လေးတွေကို ဖော်ပြလိုက်ပါတယ်။
(၁) ဖုန်းကို နှိုးစက်နာရီအဖြစ်မသုံးပါနဲ့။ ရိုးရိုးစားပွဲတင် နှိုးစက်နာရီကိုပဲအသုံးပြုသင့်တာပါ။ အိပ်တဲ့နေရာနဲ့ဝေးဝေးမှာထားမယ်ဆိုရင် ကျန်းမာရေးနဲ့ပတ်သက်လို့ထိခိုက်မှာမစိုးရိမ်ရတော့တဲ့အပြင် မနက်အိပ်ရာနှိုးနှိုးချင်းမှာ ဖုန်းမသုံးဖြစ်အောင် လုပ်ပေးနိုင်တော့ တခြားလေ့ကျင့်ခန်းတွေလုပ်ဖို့၊ မနက်စာစားဖို့ အချိန်ပိုရစေပါတယ်။
shutterstock
Sponsored
(၂) ရေချိုးခန်းနဲ့အိမ်သာထဲကို ဖုန်းကိုလုံးဝ လုံးဝ မယူသွားပါနဲ့။ အဲ့ဒီလိုယူသွားတာက သင့်ကိုစွဲလန်းတဲ့အဆင့်ထိဖြစ်စေနိုင်ပြီး ကျန်းမာရေးကိုထိခိုက်စေပါတယ်။ ဖြစ်နိုင်ရင်ဖုန်းကိုအချိန်အကန့်အသတ်လေးနဲ့သုံးပေးပါ။
Young woman checking social media on the toilet
(၃) ဂိမ်းအမျိုးအစားတွေအများကြီး install လုပ်မထားပါနဲ့။ ဂိမ်းဆော့တာကလည်း အချိန်ကုန်မှန်းမသိ ကုန်တာမို့ ဖြစ်နိုင်ရင် ဂိမ်းတချို့ကိုဖျက်လိုက်ပါ။
(၄) အပြင်သွားတဲ့အခါ power bank ကိုမယူသွားပါနဲ့။ ဖုန်းအားကုန်အောင်သုံးလို့မရဘူးဆိုတဲ့စိတ်နဲ့ ဖုန်းကို အလွန်အကျွံမသုံးမိအောင်ပါ။ ဖုန်းကိုတစ်ကြိမ်အားအပြည့်သွင်းပြီး ထပ်မသွင်းဘဲရနိုင်သလောက်သုံးပါ။ မျက်လုံးထိခိုက်မှုလည်းနည်းလာတာကိုတွေ့ရမှာပါ။
shutterstock
(၅) ဓာတ်ပုံရိုက်ယူတာထက် ဒီအတိုင်းကြည့်ပြီးခံစားတတ်တဲ့အကျင့်ရအောင်ပြောင်းလဲပါ။ အခုနောက်ပိုင်း မြင်မြင်သမျှလှတာလေးတွေကို ဓာတ်ပုံရိုက်ယူတတ်ကြပြီးအဲ့ဒါက ၀ါသနာတစ်ခု၊ ပျော်စရာတစ်ခုလိုဖြစ်လာပါတယ်။ အဲ့ဒီလို ဓာတ်ပုံရိုက်ယူတတ်တဲ့အကျင့်ကနေ သဘာဝအတိုင်းခံစားတတ်တဲ့အကျင့်ရအောင်တဖြည်းဖြည်းပြောင်းလဲယူပါ။ တချို့အရာတွေကို ဆိုရှယ်မီဒီယာက သူငယ်ချင်းတွေကို မမျှဝေလို့ဘာမှမဖြစ်ပါဘူး။ တခါတလေ သဘာဝအလှ၊ မြင်ကွင်းတွေကို ကိုယ့်တစ်ယောက်တည်းပဲ တစ်ဝကြီးခံစားပစ်လိုက်ပါ။

No comments:

Post a Comment