ads bit

Pages

Thursday, October 25, 2018

အမျိုးသမီးတွေ အသက်ရလာတဲ့အခါ အရင်ဆုံး အိုမင်းရင့်ရော်လာတဲ့ အစိတ်အပိုင်း(၆)မျိုး

အမျိုးသမီးတွေ အသက်ရလာတဲ့အခါ အရင်ဆုံး အိုမင်းရင့်ရော်လာတဲ့ အစိတ်အပိုင်း(၆)မျိုး

Sponsored
အမျိုးသမီးတွေက အသက်ကြီးပိုင်း ၀င်လာတဲ့အခါမှာလည်း ဇရာကို ဖုံးကွယ်ထားဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားတတ် ကြပါတယ်။ အဲ့ဒီလို ကြိုးစားကြတဲ့အခါ မိတ်ကပ်လိမ်းပြီး အရေးအကြောင်းတွေကို ဖုံးကွယ်မှာလား၊ အ၀တ်အစားနဲ့ အသက်အရွယ်ကို လှည့်စားထားမှာလား ဆိုတာစဉ်းစားရပါမယ်။ အမျိုးသမီးတစ်ယောက် အသက်ရလာမှန်း သိသာစေတဲ့နေရာတွေကို သေချာသိပြီး care လုပ်ပေးမယ်ဆိုရင် နုပျိုတဲ့အသွင်ရဖို့ အလွယ်လေး ဖန်တီးနိုင်မှာပါနော်။ ဒါကြောင့် ဘယ်နေရာတွေကို အဓိကထားပြီး care လုပ်ရမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

(၁) မျက်လုံး

shutterstock
အမျိုးသမီးတစ်ယောက်ရဲ့အသက်အရွယ်ကို သူ့မျက်လုံးတွေမှာမြင်ရတယ်လို့ပြောရင် အဲ့ဒါအမှန်ပါ။ အသက်ရလာတဲ့အခါ မျက်လုံးနားတ၀ိုက်မှာအရေးအကြောင်းတွေဖြစ်လာမှာတစ်ခုတည်းကိုစိုးရိမ်ပြီး eyes cream ပဲလိမ်းလိုက်ရင် မျက်လုံးတွေအတွက်လုံလောက်သွားပြီလို့မတွေးပါနဲ့။ မျက်တောင်မွေးနဲ့မျက်ခုံးမွေးတွေကလည်း တဖြည်းဖြည်းပါးလာတာကြောင့် အဲ့ဒီအတွက်လည်း ထည့်စဉ်းစားရမှာပါ။ မျက်တောင်၊မျက်ခုံးအတန်အသင့်ကောင်းအောင် သံလွင်ဆီလိမ်းပေးတာမျိုး၊ မျက်တောင်ကော့ဆေးကောင်းကောင်းသုံးပေးတာမျိုး၊ မျက်ခုံးမွေးသေချာဆွဲတာမျိုးလေးတွေလုပ်ပေးပါ။

(၂) သွား

shutterstock
Sponsored
အသက်ရလာရင် သွားလေးတွေဖြူဖွေးမနေတော့ဘဲ ၀ါလာတာ၊ အရောင်မှိန်လာတာ၊ သွားကြွေလွှာတွေပျက်စီးလာတာမျိုးဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် အိုမင်းရင့်ရော်တဲ့ပုံစံမျိုးမြန်မြန်မဖြစ်ချင်ဘူးဆိုရင် သွားလေးတွေကိုလည်း စောစောစီးစီးကတည်းကထိန်းသိမ်းစောင့်ရှောက်ထားကြပါနော်။

(၃) နားရွက်

အသက်ငယ်စဉ်မှာ အရမ်းလေးတဲ့နားကပ်တွေနားဆွဲတွေမ၀တ်ဖို့အကြံပေးချင်ပါတယ်။ အလေးချိန်များတဲ့နားကပ်တွေက နားရွက်မှာရှိတဲ့ကြွက်သားတွေကို လျော့ရဲစေနိုင်ပြီး ပြန်လည်တင်းရင်းစေတော့မှာမဟုတ်ပါဘူး။ အဲ့ဒီအခါ အသက်ကြီးလာရင် နားရွက်တွေက ကြည့်ရဆိုးနေမှာပါ။

(၄) လည်ပင်း

shutterstock
နောက်ထပ်ဇရာကိုဖော်ပြနိုင်တဲ့နေရာတစ်ခုကတော့ လည်ပင်းပါ။ လည်ပင်းက အမြဲတမ်းဖုံးကွယ်ထားလို့မဖြစ်နိုင်တဲ့နေရာဖြစ်ပြီး အရေးအကြောင်းတွေအလွယ်တကူဖြစ်နိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ငယ်စဉ်ကတည်းက မျက်နှာ skin care လုပ်သလို လည်ပင်းအတွက်လည်း အသားအရေထိန်းသိမ်းမှုလုပ်ဖို့လိုအပ်ပါတယ်။

(၅) ရင်သား

shutterstock

အမျိုးသမီးတစ်ယောက် အသက်အရွယ်ကိုသိသာစေတဲ့နောက်တစ်မျိုးကတော့ ရင်သားတွေပါ။ ရင်သားတွေအမြဲလှပနေအောင် မှန်ကန်တဲ့ bra ကိုရွေးဝတ်ဖို့လိုသလို အားကစားလုပ်တဲ့အခါနည်းလမ်းမှန်မှန်လေးလုပ်သင့်ပါတယ်။

(၆) ၀မ်းဗိုက်

shutterstock
အသက်ကြီးလာတဲ့အခါ ၀မ်းဗိုက်နားတ၀ိုက်မှာ အဆီစုလာပြီး ခန္ဓာကိုယ်ပုံစံက အသက်အရွယ်ကိုဖော်ပြနိုင်ပါတယ်။ ဒါကြောင့် ငယ်ကတည်းက ဗိုက်အဆီမတက်အောင် ထိန်းထားသင့်ပါတယ်။

No comments:

Post a Comment