ads bit

Pages

Showing posts with label Hypertension. Show all posts
Showing posts with label Hypertension. Show all posts

Saturday, November 2, 2019

hypertension education

hypertension education
သွေးတိုး
၁၂၀  အပေါ် သွေး
၉၀ အောက် သွေး
ကျော်ရင် တိုး တယ်
၁၃၀။/ ၉၀ ကျော်
140 /90 ကျော်
စသဖြင့် ကျော်ရင် သွေးတိုးတယ်
ဒါတွေကို ကျန်းမာရေး လေ့ကျင့်ခန်းနဲ့ ထိန်းလို့ ရ
မ၇ရင် သွေးတိုး ကျဆေး နဲ့ ထိန်း
အသက်ကြီးလာရင် သွေးကြော နံရံတွေ ထူလာတယ်
သွေးတိုး ဖြစ်ဖို့ အလားအလာများတယ်
တစ်ချို့က မျိုးရိုးလိုက်တယ် စသဖြင်၇ှိမယ်
လေ့ကျင့်ခန်းလုပ်တယ်ဆိုတာကလည်း aerobic လေ့ကျင့်ခန်း
လမ်းလျှောက် လက်လွှဲ လက်ခါ အိပ် ထ မ တင် ထိုင် ထ ခေါင်း လွှဲ ခြေခါ ခြေလွှဲ
စသဖြင့် 30 min to 60 min တစ်ရက်ကို လုပ် ပေးရင်
အနည်းငယ် အသက်ရှုမြန်ရမယ် မောရမယ် အရမ်းကြီး မောအောင်လည်း မလုပ်ရ
ချွေး ထွက်ရမယ်
စသဖြင့် အဲ့လို လုပ်ပေးရင် သွေးတိုးသမားတွေ သွေး တိုးကျတာကို သုတသန များက တွေ့၇ှိတယ်
လုပ်ပေးရင် ကောင်းတယ် ၁ ပတ် ၇ရက်
၁ ပတ် ၅ရက်
တစ်နေ 30 min to 60 min
aerobic exercise ဖြစ်၇မယ်
မောရမယ် ချွေးထွက်ရမယ်  ကိုယ်လက် လှုပ်ရှားရမယ်
အ၇မ်း ဆိုးရွှားစွာ မော တာကို ဆိုလိုခြင်းမဟုတ်
အသက်ရှု လေ့ကျင့်ခန်း ရှုသွင်း ရှု ထုတ် စသဖြင့်
ရှုသွင်း ရှု ထုတ် လုပ်တဲ့ အချိန် မှာလည်း လက်ခြေ ခေါင်းများလှုပ်ရှားတဲ့ လေ့ကျင့်ခန်း
အိပ် ထ မ တင် ထိုင် ထ ခြေလွှဲ လက်လွှဲ ခြေ ခါ လက်ခါ ခေါင်းခါ စသဖြင့် လုပ် ပေးရမယ်
ဒါက arerobic exercise
နောက်တစ်ခုက အစား အသောက်နဲ့ ထိန်းခြင်း
တစ်ရက်ကို တနေ့ ကို
လက်ဖက်ရည်တစ်ဇွန်းစာ၇ှိသော ဆားပမာဏ 4g ကို သာ စားသုံးရမည် ဖြစ်သည်
ထို ထက် ပို စားပါက ဆားစားသုံးမှုများပြီး သွေးတိုး ရောဂါ ဖြစ်ဖို့ အလားအလာများတယ်
ဆားတွေ ကို တစ်ရက် ၂ ဇွန်းလောက် စားနေကြတယ်
အဲ့တော သွေးတိုး လေဖြတ်တာ ဟာ လူလေးယောက်မှာ ၁ ယောက်ဖြစ်နိုင်တယ်
လူ နေ ထိုင်မှု တွေကြောင့် ဆီးချိုတွေလည်း ဖြစ်ကြတယ် အချိုတွေကို စားသုံး များတာ
ဆားတွေက တစ်ခြားနည်းနဲ့လည်း လာနိုင်သေးတယ်
ငပိ င ခြောက်ငံပြာရည်
နောက် ဆား soda ပါတဲ့ အီကြာကွေး နံပြားပဲပြုတ်
လျှက်ဆား အသင့် ပြုလုပ်ပြီးသား ခေါက်ဆွဲ ခြောက်မှာလည်း
ဆားပါဝင်နှုန်းများတာကို တွေ့ရ
သုံးစွဲမှုများတဲ့ အတွက်
လူ ၄ေ၇ာက်မှာ ၁ ယောက်သည် လေဖြတ် ဖို့ သွေးတိုးဖို့ အလားအလာ၇ှိနိုင်တယ်လို့
သုတေသီများကဆိုတယ်
လေဖြတ် တာကို လူတွေကြောက်ကြတယ်
သွေးတိုးကို ထိန်း ချုပ်ဖို့ သွေးပေါင်းတိုင်းတဲ့ စက်တွေ ၀ယ်ထားသင့်
digital တွေထွက်နေတယ်
သွေးတိုးကို ချိန်ပြီး တိုးတယ် မတိုးဘူး
140/90 ကျော်တယ်ဆိုရင် တိုးတယ်
အသက် ၅၅ အောက်ဆိုရင်
beta blocker လေးပေးမယ် တိုင်းကြည့်မယ် တိုးနေသေး၇င်
acei ပေးမယ်
acei ကြောင့် ချောင်း ခြောက် ဆိုး၇င် arb ပေးမယ်
တစ်လုံးစပေး ထိန်း မရ ၂ လုံး ပေး
စသဖြင့် ထိန်း ရမယ် သွေးတိုးကို အစား အသောက်အနေအထိုင်ရော
ဆေးရော မျှ အောင် ထိန်းရမယ်
စားသောက်နေ ထိုင် ကောင်းလို့ သွေးတိုး ကျရင် ဆေးကို လျှော့ ပေးရမယ်
မကျ ဘဲ တိုးနေရင် ဆေး  dose တိုးဖို့ လိုလာမယ်
အသက် ၅၅ ကျော်ရင်  ccb or diuretic တွေ ပေး
နောက် အားကစားလုပ်တယ် ကိုယ် လက် လှုပ်ရှားတအားလုပ်ပြီး ချွေးထွက်ရင်
ရေဓါတ် ပြန် ဖြည့် ပေးရမယ်
ccb မှာ amlodipine ၇ှိမယ် nifidipine ၇ှိမယ် Cilnidipine ရှိမယ်
amlo 5 mg လာတယ် 10 mg လာတယ်
စစပေးရင်တော 5 mg လောက် နေ စထိန်းကြည့် မရရင် 10 mg တိုး
တစ်နေ့ တစ်ကြိမ်
အဆင်မပြေရင် ဆေး ပြောင်း nifi denk ဆိုတာ၇ှိ
တစ်ကြိမ်နဲ့ ထိန်း
မ၇ရင် ၁ နေ့  ၂ ကြိမ်ပေး
ပေးလို့ peripheral odema ၇တတ် ဆေးဆိုးကျိုး ရင် ဆေး ဆိုးကျိုးနည်းတဲ့
Cilnidipine 10 mg ပြောင်း ပေးနိုင်တယ်
သွေးတိုးကျဆေးတွေ  က သွေးပေါင်း ကျ တတ် ခေါင်း မှုးတတ် သည်
ခေါင်းမူတယ် ဆိုတာနဲ့ သွေးပေါင်ကျတာ လည်း ဖြစ်နိုင်သလို
သွေးတိုးတာလည်း ဖြစ်နိုင်တယ်
သွေးတိုးတာ တစ်ချို200 ကျော်တာတောင် ခေါင်းမမူတာတွေ ၇ှိပါတယ်
ဒါကြောင့် ခေါင်း မမူဘူးဆိုတာနဲ့ သွေးတိုး မ၇ှိဘူးလို့ ပြောမရ သလိုဘဲ
ခေါင်းမူးတိုင်းလည်း သွေး ပေါင်ကျတတ်တဲ့ အခြေ အနေ မျိုး ဖြစ်နိုင်တယ် ဆိုတာ
တွေး ထည့်သင့်ပါတယ်
ဒါကြောင့် သေချာအောင် digital တွေ သွေးပေါင်တိုင်း စက်များဝယ်ထားသင့်ပါတယ်
omron တံ ဆိပ် လက်ရှိ အသုံးများကြတယ် ၄ သောင်း ၇ ထောင် လောက်ရှိ
၃ နှစ် အာမခံ
သွေးတိုးက မထိန်း၇င် ကြာလာရင် မျက်စိထိ မယ်
ကျောက်ကပ် ထိမယ်
ကျောက်ကပ် ထိ လို့ သွေးတိုးတာလည်း ၇ှိပါတယ်
ဆေးတွေ သောက်ပြီး သော်လည်းကောင်း ဒညင်း သီးတွေစားပြီး ကျောက်ကပ် ပျက်တာမျိုးတွေ
ရေရည် သွေးတိုးကို မထိန်းရင် မျက်စိထိမယ်
ကျောက်ကပ်ထိမယ်
ဆီချိုတွေ ၀င်လာမယ်
ဆိးချိုရှိသူကလည်း မထိန်းရင်သွေးတိုးတွေ ၀င်လာမယ်
ထိန်းချုပ် မှု မရှိသော သွေးတိုး ဆီး ချိုးသမားတွေသည် တစ်ခြားရော၈ါများပိုဆိုးလာနိုင်တယ်
ကျောက်ကပ်ပျက်တာ ခြေ လက် ထုံ ကျင်တာ pregabalin ပေးကြတာများတယ် ဆီချိုးတွေမှာ
gabapentin စသဖြင့် ၇ှိ
ဆီးချိုမထိန်း၇င် မျက်စိကွယ်တာ တိမ်စွဲတာ တွေဖြစ်လာနိုင်
သွေးတိုးကြောင့် လည်း လေဖြတ် တာ နှလုံး သွေးကြော ကျဉ်း တာ ပိတ်တာ
မောတာ နှလုံးပျက်ပြီး ဖော ယောင်တာ
ကျောက်ကပ် ထိရင်လည်း မျက်နှာတွေဖောလာတာ
ဒါကြောင့် အသက်ကြီးလာရင် သွေးကြောတွေက အဆီ ဖတ် တွေနဲ့ ပြည့်ပြည့်လာတယ်
နံရံ ထူထူလာမယ် မာလာမယ် အသက်ကြီးရင်သွေးတိုးက ဖြစ်ဖို့ အလာအလာများတယ်
လူနေ မှု အနေ အထိုင်နဲ့ ကျန်းမာရေး အစားအသောက်နဲ့ ထိန်း ပေးရမှာဖြစ်ပါတယ်
သွေးတိုး လို့ လေဖြတ်
လေဖြတ် တယ်ဆိုတာ သွေးကြော ပိတ် တာ၇ှိသလို  ပေါက်တာလည်းရှိ
ပေါက် လား ပိတ် လား အပေါ် မူတည်ပြီးကုထုံတွေ ကွာမယ်
သွေးခဲ ပိတ်ရင် ဖျော်တဲ့ ဆေး၇ှိမယ်  အဆီဖတ် ပိတ်ရင် ပေါင် သွေးကြောကနေ ထုတ် တဲ့ နည်း၇ှိမယ်
ပေါက်တာကို ဖျော်တဲ့ ဆေး ပေးရင်တော ပို ဆိုးလာနိုင်ပါတယ် လေဖြတ်တာက
ဒါကြောင့် ပေါက်လား ပိတ် လား ဆိုတာ ct mri ရိုက်မှ သိနိုင် မယ်
သွေးတိုးဆိုတာကို အဖက် ဖက် က ကုရ
သွေးတိုး ကျဆေး ပေး ဖို့ လို အပ် သလို အဆီကျဆေး သွေးအတွင်း အဆီ စစ်ဆေးပြီး ပေးတာတွေ
သွေး မခဲ အောင် aspirin 75 mg baby aspirin ကို cvs protection အတွက် ပေးတာတွေ
atorvastatin သွေး အတွင်း အဆီကျဆေး
ညဖက် ပေးတာများတယ် 10 mg 20 mg လာတယ်
ညဖက် အိပ် ချိန် စုပ်ယူမှုအားကောင်း လို့ ပေးတယ်
aspirin atorvastatin တွေကို cvs risk stroke risk ကို ကာကွယ် တဲ့ အနေနဲ့ သွေး တိုး ဆီး ချိုသမားတွေမှာ ထည့်သုံးလာကြ
အတူ တစ်ကွ ပေးတာများလာတယ်
ဒါပေမယ့်  အသက်အ၇မ်းကြီးလွန်းတဲ့ ၆၀ ကျော်တွေကို ပေးတဲ့အ ခါ aspirin ကို ပြန် ဖြုတ် ကြတယ်
baby asprin က အကျိုး သက်ရောက်မှုထက် cvs risk stroke risk ကို ကာကွယ် တာထက်
gi bleeding ဖြစ်ပြီးသေဆုံးတာများတဲ့အ တွက် အသက်ကြီး သူများမှာ အသုံးနည်းတာကို တွေ့ရတယ်
မပေးတောတာကို တွေ့ရတယ်
၄၅ နဲ့ ၆၀ အောက်ပေးတာ ပို ကောင်းမယ် aspirin ကို

ဒေါင်း၇န် လင့်
https://drive.google.com/file/d/1KSfF9UX_rvPvfjNDyrdqZ0vgb5PR5-8A/view?usp=sharing
မြန်မာနိုင်ငံသွေးတိုးရောဂါအဖွဲ့ မှ ကြီးမှူးကျင်းပသော သွေးတိုးရောဂါ လူထုပညာပေး ဟောပြောပွဲအခမ်းအနား တိုက်ရိုက် Live အစီအစဉ်...
https://www.facebook.com/zifammyanmar/videos/2571747292915729/

Monday, April 8, 2019

Treatment steps for hypertension

No photo description available.
No photo description available.ေသြးတိုး ကုထံုး
ကုနည်း
သွေးတိုးကို အဆင့် သုံးမျိုးခွဲထားတယ်
Stage 1 hypertension Clinic blood pressure is 140/90 mmHg or higher and subsequent ambulatory blood pressure monitoring (ABPM) daytime average or home blood pressure monitoring (HBPM) average blood pressure is 135/85 mmHg or higher.
ပထမ အဆင့်က  ၁၄၀ ၉၀ လောက်ကို stage1 hypertension ပေါ့

Stage 2 hypertension Clinic blood pressure is 160/100 mmHg or higher and subsequent ABPM daytime average or HBPM average blood pressure is 150/95 mmHg or higher.
stage 2 ဆို၇င်   160/100  ရှေ့ ၂၀ နောက် ၁၀ ပေါင်း

Severe hypertension Clinic systolic blood pressure is 180 mmHg or higher or clinic diastolic blood pressure is 110 mmHg or higher.
severe ဆို၇င် ၁၈၀ ၁၁၀ အထက်
သုံး မျိုး ပိုင်း ထားတယ်
stage 1 stage2 servere ပေါ့  140/90  160/100 180/110

ကု သနည်းများ
========================
Lifestyle interventions
ပုံမှန် လေ့ကျင့်ခန်း လုပ်
အငန် ရှောင်
Discourage excessive consumption of coffee and other caffeine-rich products  ကော်ဖိရှောင်
Do not offer calcium, magnesium or potassium supplements as a method for reducing blood pressure
အရက်လျှော့  သောက်

Step 1 treatment
under 55 years
an angiotensin-converting enzyme (ACE) inhibitor or a low-cost angiotensin-II receptor blocker (ARB)
Do not combine an ACE inhibitor with an ARB to treat hypertension  နစ်ခု ပေါင်း မပေးရ

over 55 years
calcium-channel blocker (CCB)
oedema or intolerance ၇ှိရင် မပေးရ
offer a thiazide-like diuretic ပြောင်း ပေး
chlortalidone (12.5–25.0 mg once daily) or
 indapamide (1.5 mg modified-release once daily or 2.5 mg once daily) in preference to a conventional thiazide diuretic such as bendroflumethiazide or hydrochlorothiazide.

Beta-blockers are not a preferred initial therapy for hypertension. However, beta-blockers may be considered in younger people, particularly:
Beta-blockers သွေးတိုး မှာ စစ ခြင်း ပေးလေ့ မ၇ှိကြဘူး လူငယ်တွေကို ပေး
    those with an intolerance or contraindication to ACE inhibitors and angiotensin II receptor antagonists or
acei rblocker တွေ နဲ့ မတည့်သူတွေ တို့
    women of child-bearing potential or  ကိုယ် ၀န် ဆောင်သယ်တို့

    people with evidence of increased sympathetic drive
If therapy is initiated with a beta-blocker and a second drug is required, add a calcium-channel blocker rather than a thiazide-like diuretic to reduce the person's risk of developing diabetes
beta-blocker  ပေးပြီးဆိုရင်လည်း ccb နဲ့ တွဲ ပေး

Step 2 treatment
a CCB in combination with either an ACE inhibitor or an ARB
If a CCB is not suitable for step 2 treatment, for example because of oedema or intolerance, or if there is evidence of heart failure or a high risk of heart failure, offer a thiazide-like diuretic 
ccb နဲ့ အဆင်မပြေရင် diuretic ပြောင်း ပေး

Step 3 treatment
Before considering step 3 treatment, review medication to ensure step 2 treatment is at optimal or best tolerated doses
the combination of ACE inhibitor or angiotensin II receptor blocker, calcium-channel blocker and thiazide-like diuretic should be used

Step 4 treatment
Regard clinic blood pressure that remains higher than 140/90 mmHg after treatment with the optimal or best tolerated doses of an ACE inhibitor or an ARB plus a CCB plus a diuretic as resistant hypertension, and consider adding a fourth antihypertensive drug and/or seeking expert advice.

For treatment of resistant hypertension at step 4:

    Consider further diuretic therapy with low-dose spironolactone (25 mg once daily)[8] if the blood potassium level is 4.5 mmol/l or lower. Use particular caution in people with a reduced estimated glomerular filtration rate because they have an increased risk of hyperkalaemia.

    Consider higher-dose thiazide-like diuretic treatment if the blood potassium level is higher than 4.5 mmol/l.


https://www.nice.org.uk/guidance/cg127/chapter/1-Guidance#measuring-blood-pressure
https://www.nice.org.uk/guidance/CG127
https://pathways.nice.org.uk/pathways/hypertension/hypertension-overview#path=view%3A/pathways/hypertension/management-of-hypertension.xml&content=view-index
https://pathways.nice.org.uk/pathways/hypertension/hypertension-overview#path=view%3A/pathways/hypertension/treatment-steps-for-hypertension.xml&content=view-index
https://pathways.nice.org.uk/pathways/hypertension/hypertension-overview#content=view-node%3Anodes-step-2&path=view%3A/pathways/hypertension/treatment-steps-for-hypertension.xml

Thursday, September 6, 2018

White Coat Hypertension နှင့် သွေးတိုးရောဂါ

White Coat Hypertension နှင့် သွေးတိုးရောဂါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ
          " အဒေါ် ... သွေးတိုးနေတယ်နော် "
          " မတိုးပါဘူး ဆရာလေးရယ် ... ကျွန်မ မနက်ကမှ ချိန်လာတာပါ "
          " အခု ၁၆၀/၈၀ အဒေါ်ရဲ့ "
          " အမေက ဆရာဝန်မှ သွေးတိုးတာ ဆရာရေ ... "
          တချို့လူတွေက အိမ်မှာပဲ သွေးပေါင်တိုင်းကြည့်တဲ့အခါ ပုံမှန်ဖြစ်နေပေမယ့်လည်း ဆေးခန်းသွားပြလို့ ဆရာဝန်ဆီမှာ ချိန်တဲ့အခါကျရင် သွေးပေါင် တက်နေတတ်ကြပါတယ်။ ဒီလိုဖြစ်တာကို White Coat Syndrome လို့ခေါ်ပြီး ဒီနာမည်ကတော့ အဖြူရောင်ကုတ်အင်္ကျီ (duty coat) ဝတ်လေ့ရှိတဲ့ ဆရာဝန်၊ ဆရာမတွေကို အစွဲပြုပြီးတော့ အမည်တွင်သွားတာပါ။
          ပုံမှန်အားဖြင့် သွေးပေါင်ချိန်က 120/80 mmHg ရှိပြီးတော့ ဒီထက်များရင် သွေးတိုးလားဆိုတာကို စဉ်းစားလေ့ရှိပါတယ်။ White Coat Syndrome ရှိတဲ့သူတွေမှာ သွေးပေါင်ချိန်က ပုံမှန်ထက် ပိုများနေပြီးတော့ ဒါက တစ်ခါတလေမှာ ဆရာဝန်နဲ့ ပြသတဲ့အခါမှာဖြစ်တဲ့ စိုးရိမ်ပူပန်မှုသက်သက် မဟုတ်ဘဲနဲ့ ဒီထက် ပိုပြီးပြင်းထန်တဲ့သွေးတိုးပြဿနာအဖြစ် ရှိတတ်ပါတယ်။

>>    White Coat သွေးတိုးနှင့် သွေးတိုးရောဂါ
          အခုနပြောခဲ့သလိုပဲ White Coat ကြောင့်ဖြစ်တဲ့ သွေးတိုးကတော့ ဆေးခန်းတွေသွားတဲ့အခါမှာသာ တွေ့ရတတ်ပြီးတော့ ပုံမှန်သွေးတိုးရောဂါကတော့ ဘယ်နေရာမှာမဆိုတိုင်းရင် သွေးတိုးနေတာကို ပြောတာပါ။
          ဒီလိုမျိုး ဆေးခန်းမှာ တိုင်းကြည့်တဲ့အခါမှာ သွေးပေါင်ချိန် မြင့်နေတာတွေရဲ့ 15-30% လောက်က အမှန်တကယ်ကို White Coat Hypertension ဖြစ်ပြီး ဒါက ပုံမှန်အမြဲသွေးတိုးရောဂါ ရှိနေတယ်လို့ ပြောလို့မရပါဘူး။ တခြားတစ်ဖက်အနေနဲ့ ပြောရရင် အချို့က ဆေးခန်းမှာ သွေးပေါင်ချိန် ပုံမှန်ဖြစ်နေပေမယ့်လည်း အခြားနေရာတွေမှာ သွေးပေါင်ချိန်များနေတာမျိုးလည်း ရှိပါတယ်။ ဒါကိုတော့ Masked Hypertension လို့ ခေါ်ပါတယ်။

>>    သွေးတိုးစေသော အကြောင်းအရင်းများ
          White Coat Hypertension ဆိုတာက ယာယီသွေးတိုးတာ ဖြစ်တဲ့အတွက် တစ်ခါတစ်ရံမှသာ သွေးတိုးတယ်ဆိုရင် ပြဿနာမဟုတ်ပေမယ့်လည်း ဆရာဝန်အချို့ကတော့ ဒီသွေးတိုးခြင်းက အမှန်တကယ် သွေးတိုးရောဂါရဲ့ရှေ့ပြေးဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ လေ့လာမှုတစ်ခုအရ White Coat Hypertension ရှိသူတွေက လေဖြတ်ခြင်း၊ နှလုံးတိုက်ခိုက်ခံရခြင်း၊ နှလုံးပျက်စီးခြင်းနဲ့ အခြားနှလုံးသွေးကြောရောဂါတွေ ဖြစ်နိုင်ချေ များတယ်လို့ တွေ့ရှိထားပါတယ်။
          နောက်လေ့လာမှုတစ်ခုကတော့ နှလုံးရောဂါကြောင့် သေရတဲ့ဖြစ်ရပ် အများစုက White Coat Hypertension နဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဒါတွေကြောင့်ပဲ သွေးတိုးတဲ့အခါမှာ သွေးတိုးရတဲ့ အကြောင်းအရင်းကို သိအောင်လုပ်ပြီး ရောဂါဖော်ထုတ်နိုင်ဖို့ အရေးကြီးပါတယ်။

>>    အခြားအကြောင်းအရင်းများ
          Duty Coat ဝတ်ထားတဲ့ဆရာဝန်တွေနဲ့ တွေ့ရမှာ စိုးရိမ်ထိတ်လန့်လို့ သွေးတိုးတာက တစ်ခါတလေမှ ဖြစ်တတ်တာပါ။ တချို့လူတွေက စိတ်ဖိစီးမှုတွေ၊ အရေးပေါ်အခြေအနေတွေကို ကြုံတွေ့ရတဲ့အခါ၊ သွေးကျဆေး ပုံမှန်မသောက်တဲ့အခါ၊ ဆားဓာတ်များတဲ့ အစားအစာတွေ စားတဲ့အခါနဲ့ ကဖင်း စားသုံးမှု များတဲ့အခါတွေမှာလည်း ယာယီသွေးတိုးတတ်ပါတယ်။
          ဒီသွေးတိုးတာတွေက ခဏတာပဲ ဆိုပေမယ့်လည်း နှလုံးကိုဒဏ်ဖြစ်ပြီး ပျက်စီးစေနိုင်ပါတယ်။ ဒီလို ခဏခဏသွေးတိုးတာ ကြာလာရင် နှလုံးထိခိုက်ပျက်စီးမှုတွေကို ပိုပြီးပြင်းထန်လာစေနိုင်ပါတယ်။

>>    White Coat Syndrome ကို ဘယ်လိုကျော်လွှားကြမလဲ?
          တချို့လူတွေက သွေးပေါင်တိုင်းတဲ့အခါမှာ သွေးပေါင်ချိန် တက်နေမှာစိုးတဲ့စိတ် ဖြစ်ပြီးတော့ ဆေးခန်းသွားလို့ သွေးပေါင်တိုင်းတဲ့အချိန်လည်းရောက်ရော သွေးတိုးနေတတ်ပါတယ်။ ဒီတော့ သွေးပေါင်ချိန် အမှန်ကို ရရှိဖို့အတွက် သွေးပေါင်မတိုင်းမီမှာ ဒီအချက်လေးတွေကို သတိထားပေးပါ။
●        စိတ်ကို လျှော့ချထားပါ။
●        သွေးပေါင်တိုင်းမယ့်အချိန်မှာ စိတ်လှုပ်ရှားနေတယ်၊ စိုးရိမ်ပူပန်နေတယ်ဆိုရင် ဆရာဝန် (သို့) သူနာပြုကို ခဏလောက် စောင့်ပေးဖို့ ပြောပါ။
●        တခြားတစ်နေရာကို ရွှေ့ပါ။
●        တစ်ခါတလေမှာ ဆရာဝန်ရဲ့ အခန်းရှေ့နားလေးက လူနာတွေ၊ ဝန်ထမ်းတွေနဲ့ ပြည့်ကြပ်နေတတ်ပါတယ်။ ဒီတော့ မှန်ကန်တဲ့ သွေးပေါင်ချိန်ကို ရရှိဖို့အတွက် တိတ်ဆိတ်တဲ့နေရာကို ရွှေ့ပြီး ချိန်လို့ရမလားဆိုတာကို ပြောကြည့်ပါ။
●        စိတ်ဖိစီးမှုကို လျော့ကျစေမယ့်နည်းလမ်းတွေကို ကျင့်သုံးကြည့်ပါ။
●        စိတ်ဖိစီးမှုတွေ ကြုံရတဲ့အချိန် (သို့) စိတ်လှုပ်ရှားမှုတွေ ဖြစ်တဲ့အချိန်မှာ စိတ်ပြေလျော့ပြီး တည်ငြိမ်စေမယ့် နည်းလမ်းတစ်နည်းကို ရှာထားပါ။ ဥပမာ - အသက်ပြင်းပြင်း ရှူသွင်းပြီးတော့ ဖြည်းဖြည်းချင်း ပြန်ရှူထုတ်တာမျိုးကို သွေးပေါင်မတိုင်းခင် လုပ်ကြည့်ပါ။
●        စကားစမြည် ပြောဆိုခြင်း - တချို့လူတွေက သွေးပေါင်တိုင်းချိန်မှာ စကားပြောနေခြင်းက ဒီပေါ်ကို စိတ်မရောက်တော့ဘဲနဲ့ ပိုမှန်တဲ့အဖြေကို ရစေနိုင်သလို တချို့ကတော့ ဘာမှမပြောဘဲနဲ့ ငြိမ်ငြိမ်လေး ထိုင်နေတာက ပိုပြီးစိတ်ကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ဒီတော့ ကိုယ်နဲ့ ဘယ်လိုနည်းလမ်းနဲ့ ကိုက်ညီလဲဆိုတာကို ရှာကြည့်ပါ။

>>    သွေးတိုးကို ဘယ်လိုရောဂါ သတ်မှတ်ကြမလဲ?
          သွေးပေါင်ချိန် တိုင်းလိုက်လို့ သွေးတိုးနေတယ်ဆိုရင် ဆရာဝန်က ရက်သတ္တပတ် (သို့) လအနည်းငယ်ကြာအောင် သွေးပေါင်ချိန်ခိုင်းပြီး စောင့်ကြည့်ပါလိမ့်မယ်။ ဒါပေမဲ့လည်း White Coat Hypertension ရှိနေနိုင်ပါသေးတယ်။ ဒီတော့ White Coat လား၊ တကယ်သွေးတိုးတာလား ဆိုတာကို သေချာဖို့အတွက် အိမ်မှာ သွေးပေါင်ချိန်ဖို့ ပြောပါလိမ့်မယ်။

>>    ကုထုံးများ
          စိတ်ကို လျှော့ချပြီးချိန်မှာတောင်မှ သွေးပေါင်က တက်နေသေးတယ် ဆိုရင်တော့ ဆရာဝန်နဲ့ သေချာဆွေးနွေးဖို့ လိုပါတယ်။ အများစုကတော့ တစ်ခါသွေးပေါင်တက်ရုံနဲ့ သွေးတိုးလို့ မသတ်မှတ်ပါဘူး။ ဒီလို တစ်ကြိမ် တိုင်းတာ သွေးတက်ရုံနဲ့ သွေးကျဆေး ပေးလိုက်မယ်ဆိုရင် သွေးပေါင်ကျခြင်း အပါအဝင် အခြားဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ စောင့်ကြည့်ပြီးတော့ သွေး တကယ်တိုးတယ်ဆိုမှသာ သွေးကျဆေးသောက်ဖို့ ညွှန်ကြားပါလိမ့်မယ်။

>>    သိမှတ်စရာအချက်များ
          ဆရာဝန်ဆီ သွားပြတဲ့အချိန်မှာ ယာယီသွေးပေါင်တက်တာမျိုး ဖြစ်တတ်ပြီး ဒါက ပြဿနာကြီးကြီး မဟုတ်ပေမယ့်လည်း စောင့်ကြည့်ဖို့တော့ လိုပါတယ်။
          ဆေးခန်းမှာရော အခြားအခြေအနေတွေမှာပါ ဒီလိုမျိုး ယာယီသွေးတိုးတာ ကြာလာပြီဆိုရင် နှလုံးကို ထိခိုက်စေနိုင်ပြီးတော့ အခြားပြင်းထန်တဲ့အခြေအနေတွေ ဖြစ်နိုင်ချေကို တက်လာစေပါတယ်။ ဒီတော့ ကိုယ့်ရဲ့သွေးပေါင်ချိန်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်တယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ အကောင်းဆုံး ကုသနည်းကို ရွေးချယ်နိုင်ပါတယ်။
Dr. Mya Myo Myo Swe

Tuesday, September 4, 2018

သွေးပေါင်တွေ ကျနေပါလား ... သတိထား

သွေးပေါင်တွေ ကျနေပါလား ... သတိထား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ
          သွေးပေါင်ကျတယ်ဆိုတာ တော်ရုံဆိုရင်တော့ ဘာမှမဖြစ်တတ်ပေမယ့် တချို့မှာတော့ မူးဝေတာ၊ မူးလဲတာမျိုးတွေ ဖြစ်တတ်တယ်။ အရမ်းဆိုးလာရင်တော့ အသက်အန္တရာယ်တောင် စိုးရိမ်ရနိုင်တယ်နော်။
          အပေါ်သွေး ၉၀ အောက်၊ ဒါမှမဟုတ် အောက်သွေး ၆၀ အောက်ကို သွေးပေါင်ကျနေတယ်လို့ ပြောလို့ရတယ်။
          သွေးပေါင်ကျစေတဲ့ အကြောင်းရင်းတွေထဲမှာ အရည်ဓာတ် နည်းတာကစပြီးတော့ ပြင်းထန်တဲ့ရောဂါတွေအထိ ဖြစ်တတ်လို့ ဘာကြောင့်ဖြစ်တယ်ဆိုတာ အရင်ရှာပြီး ကုဖို့တော့ လိုတယ်နော်။
          သွေးပေါင်ကျရင် ဘာတွေဖြစ်တတ်လဲ ပြောပြမယ်နော်။
          တချို့မှာ သွေးပေါင် ရုတ်တရက်ကြီး ကျသွားတဲ့အခါ -
●        မူးခနဲ မိုက်ခနဲ ဖြစ်တာ
●        မူးလဲကျတာ
●        မျက်လုံးတွေ ဝါးလာတာ
●        ပျို့ချင် အန်ချင်တာ
●        နုံးနေတာ
●        အာရုံစူးစိုက် မရတာတွေနဲ့ တွဲပြီးတော့ ဖြစ်လာရင် သွေးပေါင်ကျစေတဲ့ နောက်ခံရောဂါတစ်ခုခု ရှိနေပြီလို့ ပြောလို့ရတယ်။

>>    သွေးလန့်ခြင်း
          သွေးပေါင် အရမ်းကြီး ကျသွားတာကို သွေးလန့်တယ်လို့ခေါ်ပြီးတော့ ဒီအခြေအနေဟာ အသက်အန္တရာယ်တောင် စိုးရိမ်ရပါတယ်။
●        ကြောင်စီစီဖြစ်တာ
●        ခြေလက်တွေ အေးစက်လာတာ
●        အသက်ရှူတာ မြန်လာတာ
●        သွေးခုန်နှုန်းမြန်ပြီး အားနည်းတာတွေနဲ့ လာတတ်တယ်။

          ဒါဆိုရင် ဘယ်အချိန်မျိုးဟာ စိုးရိမ်ရပြီး ဆရာဝန်နဲ့ ပြသင့်တယ်ဆိုတာ သိဖို့လိုလာပြီပေါ့။
          သွေးလန့်တဲ့ လက္ခဏာရှိရင်တော့ ချက်ချင်းပဲ အရေးပေါ်ပြရမယ်။
          တောက်လျှောက် သွေးပေါင်ကျပေမယ့် နေကောင်းနေတယ် ဆိုရင်တော့ ဆရာဝန်က ပုံမှန်စမ်းသပ် စောင့်ကြည့်တာလောက် လုပ်ပါလိမ့်မယ်။
          မူးခနဲ မိုက်ခနဲ ဖြစ်တာမျိုးကတော့ နေပူထဲ အကြာကြီး သွားမိတာမျိုး၊ ရေပူထဲ အကြာကြီး စိမ်လိုက်တာမျိုးတွေကြောင့် ဖြစ်နိုင်လို့ အရမ်းကြီးတော့ စိုးရိမ်စရာမလိုဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သွေးပေါင်ကျတဲ့လက္ခဏာတွေ တွေ့ရင် ဘာကြောင့်ဖြစ်တယ်ဆိုတာ ရှာဖို့ ဆရာဝန်နဲ့ ပြကြည့်တာ ကောင်းတယ်။ ပြီးတော့ ဘယ်အချိန်မှာ ဖြစ်တယ်၊ ဖြစ်တဲ့အချိန်မှာ ဘာလုပ်နေတယ်ဆိုတာကို မှတ်ထားတာက တော်တော် အထောက်အကူဖြစ်တယ်။
          ဒါဆိုရင် ဖြစ်ရတဲ့အကြောင်းရင်းတွေ ကြည့်ကြည့်ရအောင်။
          အပေါ်သွေး : နှလုံးကနေ သွေးလွှတ်ကြောတွေထဲကို ညှစ်ထုတ်လိုက်တဲ့အားကို အပေါ်သွေးလို့ ခေါ်ပြီးတော့
          အောက်သွေး : နှလုံး ခဏနားနေတဲ့ကြားချိန်မှာရှိတဲ့ ဖိအားကို အောက်သွေးလို့ ခေါ်တယ်။
          ပုံမှန်သွေးပေါင်ကို ၁၂၀/၈၀ လို့ သတ်မှတ်ထားတယ်။

>>    သွေးပေါင် ဘယ်လောက်အထိ ကျနိုင်လဲ?
          တစ်ယောက်အတွက် သွေးပေါင်ကျတယ်လို့ ပြောတဲ့အခြေအနေဟာ နောက်တစ်ယောက်အတွက်တော့ ပုံမှန်ဖြစ်နေတတ်တယ်။ အဲဒါကြောင့် လက္ခဏာတစ်ခုခုပြမှသာ သွေးပေါင်ကျတယ်လို့ ယူဆကြတယ်။
          သွေးပေါင်ချိန် အပေါ် ၉၀ အောက်၊ ဒါမှမဟုတ် အောက် ၆၀ အောက် ကျနေရင် သွေးပေါင်ကျတယ်လို့ ပြောလို့ရတယ်။
          ရုတ်တရက်ကြီး သွေးပေါင် ၂၀ လောက် ကျသွားရင်လည်း ဦးနှောက်ကို သွေးသွား ရပ်သွားနိုင်လို့ အသက်အန္တရာယ် စိုးရိမ်ရတယ်။ အထူးသဖြင့် ထိန်းမနိုင် သိမ်းမရ သွေးထွက်နေတာ၊ ပိုးဝင်တာ အရမ်းဆိုးနေတာ၊ ဓာတ်မတည့်တာတွေမျိုးမှာ ဖြစ်တတ်တယ်။

        သွေးပေါင်ကျစေတတ်တဲ့ အကြောင်းရင်းတွေထဲမှာ -
●        ကိုယ်ဝန်ဆောင်ချိန်
●        နှလုံးပြဿနာတွေ : သွေးခုန်နှုန်း နှေးတဲ့ရောဂါတွေ၊ နှလုံးအစို့ရှင်ရောဂါတွေ၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ နှလုံးညှစ်နှုန်း အားနည်းရောဂါတွေ
●        ဟော်မုန်းစနစ်ပြဿနာ : ပါရာသိုင်းရွိုက်ရောဂါ၊ Adrenal ဟော်မုန်းလျော့နည်းတာ၊ သွေးအချိုဓာတ် ကျတာနဲ့ ရှားရှားပါးပါး ဆီးချိုရောဂါတွေ
●        အရည်ဓာတ် နည်းပါးခြင်း
●        သွေး ဆုံးရှုံးခြင်း၊ သွေးထွက်လွန်ခြင်း
●        သွေးတွင်းအဆိပ်ဓာတ် ပြန့်ခြင်း
●        ပြင်းထန် ဓာတ်မတည့်ခြင်း
●        အာဟာရဓာတ် လျော့နည်းခြင်း
●        သွေးပေါင်ချိန် ကျစေသောဆေးများ : ဆီးရွှင်ဆေးများ၊ အယ်လ်ဖာ လက်ခံနေရာ ပိတ်ဆေး (alpha blockers)၊ ဘီတာ လက်ခံနေရာ ပိတ်ဆေး (beta blockers)၊ ပါကင်ဆန်ရောဂါဆေးများ၊ စိတ်ကျရောဂါ ပျောက်ဆေးများ၊ ပန်းသေပန်းညှိုးရောဂါ ပျောက်ဆေးများ
          ဒီလိုအကြောင်းရင်းတွေ ပါတယ်။

>>    ဘယ်လိုလူတွေ သွေးပေါင်ကျတတ်သလဲ?
          ဘယ်သူမဆို ဖြစ်နိုင်ပေမယ့် အသက် ၆၅ နှစ်ကျော် လူကြီးတွေမှာ မတ်တပ်ရပ်ချိန်၊ အစာစားပြီးချိန်တွေ ပိုဖြစ်နိုင်ပြီး ကလေးသူငယ်တွေမှာ နှလုံးနဲ့ ဦးနှောက် အဆက်အသွယ် ပျက်လို့ဖြစ်တာ များတယ်။
          သွေးတိုးကျဆေးတွေ သောက်တဲ့လူတွေမှာ ပိုဖြစ်နိုင်တယ်။
          ပါကင်ဆန်ရောဂါ၊ ဆီးချို၊ နှလုံးရောဂါတချို့မှာ သွေးပေါင်ကျနိုင်ခြေ များတယ်။
          နောက်ဆက်တွဲဆိုးကျိုးတွေကတော့ အမျိုးမျိုး ရှိနိုင်တယ်။
          အလယ်အလတ်လောက်လေး ကျတာနဲ့ကို မူးဝေတာ၊ အားနည်းတာ၊ မူးလဲတာနဲ့ ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်နိုင်တယ်။
          ဆိုးဆိုးရွားရွား ကျသွားရင်တော့ ကိုယ်ခန္ဓာက အောက်ဆီဂျင်ကောင်းကောင်း မရတော့ နှလုံးနဲ့ ဦးနှောက်တွေကိုတောင် ထိခိုက်နိုင်ပါတယ်။
Dr. Mya Phoo Ngon

Tuesday, September 10, 2013

Hypertension-new drug-S-amlodipine



Hypertension-new drug-S-amlodipine
S-Amlodipine 2.5 mg
new drug for mild to moderate hypertension
Multicentric, clinical trial of S-Amlodipine 2.5 mg versus Amlodipine 5 mg in the treatment of mild to moderate hypertension--a randomized, double-blind clinical trial.
uses-treatment of mild to moderate hypertension
There was no statistically significant change in the levels of serum creatinine, SGOT, SGPT, HDL, LDL, triglyceride and total cholesterol in patients receiving Amlodipine 5 mg. The reduction in total cholesterol as well as triglyceride level in the S-Amlodipine 2.5 mg treatment group was found to be greater but it failed to show any statistically significant difference.
CONCLUSION:
S-Amlodipine 2.5 mg is found to be equivalent in its efficacy and tolerability when compared to Amlodipine 5 mg in the treatment of mild to moderate hypertension.
(S)-amlodipine treatment was associated with significantly less edema than racemic amlodipine
Ref;