ads bit

Pages

Thursday, October 25, 2018

မျက်နှာပေါ်က အမွှေးအမျှင်တွေကို သဘာဝနည်းဖြင့် ဖယ်ရှားနည်း


မျက်နှာပေါ်က အမွှေးအမျှင်တွေကို သဘာဝနည်းဖြင့် ဖယ်ရှားနည်း

Sponsored
အမျိုးသမီးတိုင်းဟာ ချောမွေ့နူးညံ့တဲ့မျက်နှာအလှအပကိုသာ လိုချင်ကြပါတယ်။ဒါပေမယ့် နှာဖူး၊နှုတ်ခမ်းနဲ့ ပါးပေါ် မှာပေါက်တတ်တဲ့အမွှေးအမျှင်တွေကြောင့် စိတ်ညစ်နေရတဲ့ ပျိုမေတို့အတွက်  အလွယ်တကူရနိုင်တဲ့ ပစ္စည်းတစ်ချို့ကိုသုံးပြီး သဘာဝနည်းနဲ့ အမွှေးတွေကို ဖယ်ရှားနိုင်တဲ့ နည်းလမ်းကောင်း တစ်ချို့ကို အကြံပြုပေးချင်ပါတယ်။
(၁)သကြား၊ပျားရည်၊သံပုရာရည်
သကြား၊ပျားရည်နဲ့သံပုရာရည်တို့ကို ရောပြီး မျက်နှာကို လိမ်းပေးပါက မျက်နှာပေါ်မှာရှိတဲ့ မလိုအပ်တဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။သကြားလက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့သံပုရာဇွန်းဝက်ခန့်ကိုရော ပြီးmicrowave မှာ (၂)မိနစ်(၃)မိနစ်လောက် အပူပေးလိုက်ပါ။အနည်းငယ်ပူနွေးလာပြီဆိုတာနဲ့အအေးခံလိုက်ပြီး မျက်နှာပေါ်မှာ ပေါက်နေတဲ့ အမွှေးတွေအပေါ်မှာ လိမ်းပေးခြင်းအားဖြင့် မလိုအပ်တဲ့ အမွှေးအမျှင်တွေကို ဖယ်ရှား ပေးနိုင်ပါတယ်။
(၂)အုတ်ဂျုံ(အညိုရောင်ဂျုံ)
Sponsored
အုတ်ဂျုံဟာလည်း မျက်နှာအသားအရေအတွက် အလွန်ကောင်းတဲ့အရာတစ်ခုပါ။ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်တဲ့ antioxidants ဓါတ်ပါဝင်တာကြောင့် ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားပေါ်မှာ ဖြစ်ပေါ်တတ်တဲ့ အစက် အပြောက်တွေနဲ့ညိုမဲမှုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင်မျက်နှာပေါ်မှာရှိတဲ့ မလိုအပ်တဲ့အမွှေးအမျှင်တွေကို ဖယ်ရှားတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ အသုံးပြုပုံကတော့ အုတ်ဂျုံလက်ဖက်ရည်တစ်ဇွန်း၊ပျားရည်လက်ဖက်ရည် တစ်ဇွန်းနဲ့ရှောက်ရည်(သို့)သံပုရာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကိုရောနယ်ပြီး၊မျက်နှာပေါ်မှာ(၁၅)မိနစ်၊မိနစ်(၂၀)လောက်ထားပြီး၊ရေနွေးနဲ့ဆေးချလိုက်ပါ။တစ်ပတ်မှာခုလိုနှစ်ကြိမ်၊သုံးကြိမ်လောက် ပြုလုပ်ပေးနိုင်ပါတယ်။
(၃)ကြက်ဥ
မျက်နှာပေါ်က မလိုအပ်တဲ့အမွှေးအမျှင်တွေကို ဖယ်ရှားရာမှာ ကြက်ဥအကာနဲ့ပြောင်းမှုန့်တို့ကို အသုံးပြုနိုင်ပါတယ်။ အသုံးပြုပုံကတော့ ကြက်ဥအကာ၊သကြားလက်ဖက်ရည်တစ်ဇွန်းနဲ့ပြောင်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို သမအောင်နယ်ပြီးမျက်နှာပေါ်မှာ လိမ်းပေးခြင်းအားဖြင့် မိမိတို့မျက်နှာပေါ်မှာရှိတဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားလို့ရပါတယ်။

No comments:

Post a Comment