ads bit

Pages

Sunday, November 24, 2019

Rove beetle (Paederus dermatitis or dermatitis linear - DL)

Rove beetle (Paederus dermatitis or dermatitis linear - DL)
................……………………………………….…


Ans: မျိုးစိတ်တွေအများကြီးရှိပေမဲ့ အတိုချုံ့ပြောရရင် မြင်တဲ့အတိုင်းပါပဲ သူတို့က 7-8mm လောက်ပဲရှည်တဲ့ အကောင်​သးသေးလေးတွေပါ. အမဲရောင်နဲ့ လိမ္မော်ရောင်စပ်ကြား ကိုယ်ထည် Tail ကတော့ metallic black color ချွန်ထွက်နေတယ်.


Ans: စိုစွတ်တဲ့နေရာတွေမှာနေပါတယ်. ဒါပေမဲ့ မိုးအရမ်းရွာလာပြီဆို ခြောက်သွေ့တဲ့နေရာတွေကိုသွားတတ်ပါတယ်. ကြည့်ရတာ အရမ်းစိုစွတ်တဲ့နေရာကိုတော့ကြိုက်ပုံမပေါ်ဘူး. မနက်ခင်းပိုင်းတွေဆို လေထဲကနေပြတင်းပေါက်တွေကနေတဆင့် နံရံတွေပေါ်မှာတွားသွားနေတာ တွေ့ရတတ်တယ်. ညခင်းတွေဆို မီးချောင်းတွေအလင်းရှိတဲ့နေရာတွေနားမှာနေတတ်ပါတယ်.





👍🏼 1. Primary Prevention

- အဓိကကတော့ မီးပိုးကောင်တွေကိုသွားမထိမိဖို့လိုပါတယ်. ကိုယ့်အရေပြားနဲ့မထင်မှတ်ပဲထိမိသွားရင် မြန်မြန် ဆပ်ပြာနဲ့ရေနဲ့သေချာဆေးထုတ်ပစ်ဖို့လိုပါတယ်. ဘာလို့လဲဆိုတော့ သူတို့ရဲ့ Toxin သည် easily penetrable through human skin ပါ. ဆပ်ပြာဆိုသည်မှာ dettol , ကာဘိုလစ်တို့လိုပြင်းတဲ့ဆပ်ပြာသုံးဖို့ တိုက်တွန်းချင်ပါတယ်. လက်နဲ့ကိုင်မိထိမိသွားရင်လဲ အရေးကြီးဆုံးဖြစ်တဲ့ မျက်စိနဲ့တခြား နူးညံ့တဲ့ခန္ဓာကိုယ်အစိတ်အစိတ်အပိုင်းတွေကိုမပွတ်မိအောင်လုံးဝရှောင်ရပါမယ်. မျက်စိကိုအဆိပ်ရည်ဝင်သွားတာနဲ့ severe conjunctivitis လို့ခေါ်တဲ့ပြင်းထန်တဲ့ မျက်စိယောင်ယမ်းခြင်းဖြစ်နိုင်ပါတယ်. နောက်တခုက အကျိင်္ဘောင်းဘီအရှည်တွေကိုဝတ်ဆင်ပေးဖို့လိုပါတယ်.



Ans : စိတ်မကောင်းစွာနဲ့ပဲ First aid treatment မရှိပါဘူးလို့ Australia NSW , AOCD (American Osteopathic College of Dermatology) က စာတမ်းတွေကပြောထားပါတယ်. မီးပိုးကောင်ကိုအရေပြားနဲ့တိုက်ရိုက်မထိတွေ့အောင်ရှောင်ရမယ်. ထိမိခဲ့ရင်လဲအထက်ပါအတိုင်း Soap & Water နဲ့သေချော​ဆးကြောသန့်ရှင်းပစ်​ရပါမယ်.


👍🏼3. Tertiary Prevention






#Be_Safe_Be_Aware_Of_Rove_Beetle
#Sharing_is_caring
#credit_AOCD #NCBI #NSWs
(Unicode)

Rove beetle : မြန်မာအခေါ် မီးပိုးကောင်ပေါ့. အခုတလော outbreak တွေမြန်မာပြည်မှာအဖြစ်များလာလို့ chat box ကနေကြောက်ပြီး အကူအညီတောင်းလာကြတာနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေ သိသင့်သိထိုက်တဲ့အရာလေးတွေကို knowledge အနေနဲ့ရေးတင်ပေးလိုက်ပါတယ်. မိမိကိုယ်တိုင်လဲ infected တကြိမ်ဖြစ်ဖူးတော့ ရောင်ရမ်းနာကျင်တာကိုကိုယ်ချင်းစာမိတယ်.... အထူးသဖြင့်မိန်းခလေးတွေ မျက်နှာမှာဖြစ်ရင်အမာရွတ်ကျန်တတ်လို့ အထူးဂရုစိုက်ပေးဖို့လိုပါတယ်နော်... 💁🏼‍♀️

💥 Ok. Firstly, What is rove beetle?
(မီးပိုးကောင်ဆိုတာဘာလဲ? )

Ans: မျိုးစိတ်တွေအများကြီးရှိပေမဲ့ အတိုချုံ့ပြောရရင် မြင်တဲ့အတိုင်းပါပဲ သူတို့က 7-8mm လောက်ပဲရှည်တဲ့ အကောင်​ေသးသေးလေးတွေပါ. အမဲရောင်နဲ့ လိမ္မော်ရောင်စပ်ကြား ကိုယ်ထည် Tail ကတော့ metallic black color ချွန်ထွက်နေတယ်.
(P.S: အကောင်သေးပေမဲ့အဆိပ်ကတော့ တော်တော်ကြီး ပြင်းပါတယ်နော် )

💥Where are rove beetle found?
(သူတို့တွေဘယ်နားမှာနေလဲ ဘယ်နေရာတွေမှာပေါက်ဖွားတတ်လဲ?)

Ans: စိုစွတ်တဲ့နေရာတွေမှာနေပါတယ်. ဒါပေမ့​ဲ မိုးအရမ်းရွာလာပြီဆို ခြောက်သွေ့တဲ့နေရာတွေကိုသွားတတ်ပါတယ်. ကြည့်ရတာ အရမ်းစိုစွတ်တဲ့နေရာကိုတော့ကြိုက်ပုံမပေါ်ဘူး. မနက်ခင်းပိုင်းတွေဆို လေထဲကနေပြတင်းပေါက်တွေကနေတဆင့် နံရံတွေပေါ်မှာတွားသွားနေတာ တွေ့ရတတ်တယ်. ညခင်းတွေဆို မီးချောင်းတွေအလင်းရှိတဲ့နေရာတွေနားမှာနေတတ်ပါတယ်.

💥How can rove beetles afftect the humans? (လူတွေကိုဘယ်လိုအန္တရယ်ဖြစ်စေလဲ)

Ans: "မီးပိုးကောင် ကိုက်တယ်" လို့သာပြောကြပေမဲ့ တကယ်တမ်းသူတို့တွေက ကိုက်တာ အမြီးနဲ့ထိုးတာမျိုးတွေမလုပ်ကြပါဘူးတဲ့ (unless ကိုယ်ကသွားမထိရင်ပေါ့).. ပုံမှန်ဆိုမကိုက်တတ်ကြပေမဲ့ သူတို့သွေးထဲမှာတော့ Pederin လို့ခေါ်တဲ့ potent toxin တမျိုးပါပါတယ်. အဲ့အဆိပ်ကလူတွေနဲ့ထိမိတဲ့နေရာမှာ ချက်ချင်းလက္ခဏာမပြတတ်ဘူး. ၁၂-၃၆နာရီကြာပြီးမှ ပထမရက်မှာနီရဲပြီးယားမယ် (appear reddish rash or erythema) ပြီးရင် Sign of inflammation ​တွေဖြစ်လာမယ်. (အောက်ပုံတွေထဲမှာ မြင်ရပါလိမ့်မယ်).. ဆိုလိုချင်တာက ယောင်ယမ်းမယ် ပူပြီးနာလာမယ် burning sensation လို့ခေါ်တဲ့အထိ မီးစနဲ့ထိုးသလိုနာပါတယ်. နောက်ရက်တွေမှာ အဆိပ်ရည်နဲ့ ထိမိတဲ့အရေပြားပေါ်မှာ အညိုအမဲကွက်တွေဖြစ်လာမယ်. အဆိပ်နဲ့ထိမိတဲ့နေရာတဝိုက်မှာ blister လို့ခေါ်တဲ့ အရည်ကြည်ဖုလေးတွေပေါက်လာမယ် ကုတ်မိရင် အဲ့ဒိ့အရည်ကြည်ဖုလေးတွေပေါက်သွားပြီး ပိုးဝင်ပြီး အခြေအနေပိုဆိုးသွားနိုင်ပါတယ်. အဲ့ဒိ့လက္ခဏာတွေက ၄ ရက်ကနေ ၁၀ ရက်ထိကြာနိုင်ပါတယ်.

🗨️Complication ( နောက်ဆက်တွဲဆိုးကျိုးများ) :
- ပုံမှန်ဆို ၂-၃ ပါတ်အကြာမှာ အနာသက်သာပြီးလူကအကောင်းအတိုင်းပြန်ဖြစ်သွားပေမဲ့ အဆိုဝါးဆုံးပြဿနာက အမာရွတ်ကျန်တတ်ပါတယ်. အဖတ်တွေလန်မယ်. အရေပြားခြောက်ပြီး အက်ကွဲတာမျိုးလဲဖြစ်တတ်ပါတယ်. အသားပတ်သလိုမျိုးပေါ့. အဲ့ဒါကြောင့် လက်နဲ့သွားမကုတ်မိဖို့အထူးလိုအပ်ပါတယ်နော်..

💥How can I protect myself from rove beetle bites?
( မိမိကိုယ်ကိုယ်ဘယ်လိုကာကွယ်ရမလဲ?)

🌡️ Prevention and Control
👍🏼 1. Primary Prevention
(ဆေးမလိမ်းမသောက်ပဲ ရောဂါမဖြစ်ခင် ဘယ်လိုကာကွယ်ရမလဲ?)

Ans: မိမိပတ်ဝန်းကျင်မှာ သူငယ်ချင်းမိသားစုတွေ အပေါ်မှာဖော်ပြထားတဲ့ အကောင်အမျိုးအစား, အရေပြားပြသနာတွေတွေ့ရပြီဆို မိမိကိုယ်ကိုယ်ကာကွယ်လို့ရပါတယ်.
- အဓိကကတော့ မီးပိုးကောင်တွေကိုသွားမထိမိဖို့လိုပါတယ်. ကိုယ့်အရေပြားနဲ့မထင်မှတ်ပဲထိမိသွားရင် မြန်မြန် ဆပ်ပြာနဲ့ရေနဲ့သေချာဆေးထုတ်ပစ်ဖို့လိုပါတယ်. ဘာလို့လဲဆိုတော့ သူတို့ရဲ့ Toxin သည် easily penetrable through human skin ပါ. ဆပ်ပြာဆိုသည်မှာ dettol , ကာဘိုလစ်တို့လိုပြင်းတဲ့ဆပ်ပြာသုံးဖို့ တိုက်တွန်းချင်ပါတယ်. လက်နဲ့ကိုင်မိထိမိသွားရင်လဲ အရေးကြီးဆုံးဖြစ်တဲ့ မျက်စိနဲ့တခြား နူးည့ံတဲ့ခန္ဓာကိုယ်အစိတ်အစိတ်အပိုင်းတွေကိုမပွတ်မိအောင်လုံးဝရှောင်ရပါမယ်. မျက်စိကိုအဆိပ်ရည်ဝင်သွားတာနဲ့ severe conjunctivitis လို့ခေါ်တဲ့ပြင်းထန်တဲ့ မျက်စိယောင်ယမ်းခြင်းဖြစ်နိုင်ပါတယ်. နောက်တခုက အကျင်္ိဘောင်းဘီအရှည်တွေကိုဝတ်ဆင်ပေးဖို့လိုပါတယ်.

- ကိုယ်နေတဲ့ပတ်ဝန်းကျင် - မီးချောင်းတွေပြတင်းပေါက်တွေကို မလိုအပ်ပဲမဖွင့်ပါနဲ့. မီးပိုးကောင်တကောင်တေလများ တွေ့ခဲ့သည်ရှိသော် တအိမ်လုံးကိုချက်ချင်းပိုးသတ်ဆေးဖြန်းပေးပါ. (unfortunately, သူတို့ကအသက်ပြင်းပါတယ်). အိမ်သန့်ရှင်းရေးနဲ့အရမ်းတော့မဆိုင်ပေမဲ့ ဖုန်တွေအမှိုက်တွေလှဲထုတ်ပစ်ဖို့လဲတိုက်တွန်းချင်ပါတယ်. အိပ်ယာခင်း အဝတ်အသုံးအဆောင်တွေကို သန့်ရှင်းရေးလုပ်ပါ. သန့်ရှင်းရေးလုပ်နေစဉ်အရေးကြီးဆုံးက လက်အိတ် လက်ရှည်ဝတ်ဖို့လိုပါတယ်​နော်..

👍🏼 2. Secondary Prevention
( သောက်ဆေးလိမ်းဆေးလိုလား?)

Ans : စိတ်မကောင်းစွာနဲ့ပဲ First aid treatment မရှိပါဘူးလို့ Australia NSW , AOCD (American Osteopathic College of Dermatology) က စာတမ်းတွေကပြောထားပါတယ်. မီးပိုးကောင်ကိုအရေပြားနဲ့တိုက်ရိုက်မထိတွေ့အောင်ရှောင်ရမယ်. ထိမိခဲ့ရင်လဲအထက်ပါအတိုင်း Soap & Water နဲ့သေချာ​ေဆးကြောသန့်ရှင်းပစ်​ရပါမယ်.
- နောက်တခုက Cold compression : ယောင်နေတဲ့နေရာတွေကိုရေခဲကပ်ပေးလို့ရပါတယ်
- Antihistamine lotion : မြန်မာပြည်ကဆေးဆိုင်တွေမှာတော့ colordryl or calamine lotion အမည်နဲ့ဆေးရည်တွေလိမ်းလို့ရပါတယ်
-Aloe vera : ရှားစောင်းလက်ပတ် cream လဲလိမ်းပေးလို့ရပါတယ်
- အထက်မှာပြောထားတဲ့အတိုင်းလုပ်ကြည့်ပေမဲ့ အရေပြားပြသနာအရမ်းဆိုးလာတယ် ယောင်လာတယ် ဖျားလာတယ် အရိုးတွေထိပါနာလာတယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းမှာဆရာဝန်နဲ့ ထိထိရောက်ရောက်ပြသင့်ပါတယ်.

- တချို့ study တွေမှာတော့ စဖြစ်ဖြစ်ချင်းပထမရက်မှာ Combine treatment ပေးလို့ရပါတယ်. သောက်ဆေးအနေနဲ့ သက်ဆိုင်ရာပိုးသတ်ဆေး (antibiotics ), အယောင်ကျဆေး (antihistamine) + လိမ်းဆေး (Topical steroids) တွေပေးရင်အထောက်အကူဖြစ်တယ်လို့ပြောထားပါတယ်.
- နောက်တခုပြောချင်တာက Potassium permanganate ပါတဲ့ Calamine လိမ်းပေးတာက Steroid လိမ်းတာထပ်ပိုပြီးအကျိုးရှိတယ်လို့ NCBI ကပြောထားပါတယ်. AOCD ကတော့ Ciprofloxacin ပိုးသတ်ဆေးသောက်ဆေးကို Strong Topical Corticosteroid လိမ်းဆေးနဲ့တွဲပေးခြင်းဟာ အနာကျက်နှုန်းပိုမြန်တယ်လို့ဆိုပါတယ်.
- ဆိုးရွားစွာမျက်စိယောင်ယမ်းခြင်း (Severe conjunctivitis ) ဖြစ်လာပြီဆိုရင်တော့ နုနယ်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်း ဖြစ်တဲ့အတွက် သက်ဆိုင်ရာမျက်စိဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှုခံယူတာအကောင်းဆုံးဖြစ်ကြောင်းအကြံပေးချင်ပါတယ်.

👍🏼3. Tertiary Prevention
( Infection ကနေနလန်ပြန်ထပြီး နောက်ဆက်တွဲပြသနာတွေကိုဘယ်လိုဖြေရှင်းမလဲ?)

Ans:ဖြစ်နိုင်တဲ့​ေနာက်ဆက်တွဲဆိုးကျိုး (Possible Complication after infected ) တွေကိုအထက်မှာဖော်ပြပြီးဖြစ်ပါတယ်. လောလောဆယ် အဖြစ်များဆုံးကတော့ အမာရွတ်အညိုကွက်တွေပါ. အကြံပေးချင်တာကတော့ အမာရွတ်ပျောက်ဆေးစွဲလိမ်းပေးသင့်ပါတယ်. သက်ဆိုင်ရာဆေးဆိုင်တွေမှာ အမာရွတ်ပျောက်ဆေး (eg: hiruscar, hirudroid) တို့ရနိုင်ပါတယ်. ဒါပေမဲ့ ပျောက်ဖို့အချိန်အတော်ကြာပါတယ်နော်.

💥Conclusion (နိဂုံးချုပ်)

- ချုံပြောရရင်တော့ မီးပိုးကောင်က အေးတဲ့ရာသီစိုစွတ်တဲ့ရာသီမျိုးတွေမှာပိုပေါလို့ ရှေ့လာမဲ့ဆောင်းတွင်းမှာ အထက်ပါအချက်လေးတွေအတိုင်း မဖြစ်ခင်ကြိုတင်ပြီး မိမိကိုယ်ကိုယ်ကော မိသားစု မိတ်ဆွေတွေကိုကော ကာကွယ်တတ်ဖို့လိုပါတယ်. Prevention is better than cure ပါနော်. နောက်တခုအရေးကြီးဆုံးမှာချင်တာကတော့ ဆေးမီးတိုတွေနဲ့လုံးဝလုံးဝ ❌🙅‍♀️မကုကြပါနဲ့. ရောဂါပိုဆိုးပြီး ပြင်ပကပိုးတွေပါဝင်ပြီးအခြေအနေ​တွေဆိုးသွားတတ်ပါတယ်..

P.S: Rove beetle ခေါ် မီးပိုးကောင်မှာ မြန်မာပြည်တွင် outbreak သဘောအသွင်ဆောင်လာတဲ့အတွက်ကြောင့်သော်လည်းကောင်း, ပြင်းထန်တဲ့လက္ခဏာတွေကြောင့်သော်လည်းကောင်း လူတိုင်း ဗဟုသုတရစေရန်အလို့ငှာ International အကိုးအကားတွေနဲ့တကွရေးသားပြီးတင်ပေးလိုက်ပါတယ်. မှားယွင်းရေးသားမိသည်ရှိသသော်လည်းသည်းခံပေးကြပါလို့ တောင်းပန်အပ်ပါတယ်နော် 😊

Dr Thin Mon Kyaw @ Dr Sofia Daud
https://www.facebook.com/shinnine.mon/posts/10212865490185716

No comments:

Post a Comment