လွဲမှားနေတတ်သော ခွေးရူးဗဟုသုတများလွဲမှားနေတတ်သော ခွေးရူးဗဟုသုတများ
လွဲမှားနေတတ်သော ခွေးရူးဗဟုသုတများ
အလုပ်သင်ဆရာဝန်ဘ၀က
ခွေးရူးနဲ့ပတ်သက်တဲ့ဗဟုသုတ
ပြည်သူတွေမှာ
ဘယ်လောက် မှန်မှန်ကန်ကန်ရှိသလဲဆိုတာကို
ကျွန်တော်တို့ အဖွဲ့က ဆန်းစစ်ပြီး
သုတေသန(တောစိမ့်) ပြုခဲ့ပါတယ်။
ဒီထဲက သိသိသာသာ ကွဲလွဲနေတာလေးတွေကို
ရေးပြပါ့မယ်။
၁။ ခွေးရူးပြန်ရောဂါဟာ
ခွေးသာမက အခြားသတ္တ၀ါများဖြစ်ကြတဲ့
ကြောင်၊လင်းနို့၊ကြွက် အစရှိတဲ့
နို့တိုက်သတ္တ၀ါတွေ ကိုက်တာ ခံရရင်
ဖြစ်တတ်ကြောင်း မသိကြပါဘူး။
၂။ ခွေးကိုက်မှသာ ကူးစက်ခံရမယ်လို့
သိနေကြပြီး
ခွေးအပါအ၀င် ရောဂါရှိသူ လူနာ၊ သတ္တ၀ါတို့ရဲ့
ခန္ဓာကိုယ်ထွက် အရည်များ
(အထူးသဖြင့် တံတွေး သွားရည်)နဲ့
ကိုယ့်ခန္ဓာမှာရှိတဲ့
ပေါက်ပြဲဒဏ်ရာ ပြတ်ရှဒဏ်ရာ
ဥပမာ ခြင်ကိုက်လို့ ကုပ်မိပြီး ပြဲသွားတဲ့နေရာမျိုးကို ထိမိရင်လည်း
ကူးစက်တတ်တယ်ဆိုတာ မသိကြပါဘူး။
၃။ ရူးနေတဲ့ ခွေး ကိုက်မှသာ
ကူးစက်ခံရတယ်လို့ သိကြပြီး
ခွေးကောင်းဖြစ်ပေမယ့်
ရောဂါပိုးသယ်ဆောင်ထားသောခွေး
ကိုက်လျှင်လည်း
ရောဂါကူးစက်ခံရနိုင်တယ်ဆိုတာ
မသိကြပါဘူး။ (ခွေးနဲ့တိရစ္ဆာန်များဟာ ရောဂါရပြီး ၁၀ရက်မှ ၁၄ရက်အတွင်းမှာတော့ ရူးပြီး သေပါတယ်။ ကိုက်တဲ့ခွေးကို ရိုက်သတ်လိုက်ရင် ကိုက်ခံရသူ မရူးတော့ဘူး ဆိုတာလည်း မှားယွင်းတဲ့အယူအဆပါ)
၎။ ခွေးရူးပြန်ရောဂါဟာ
ခွေးရူးကိုက်ပြီး မကြာခင် ဖြစ်တယ်လို့
ထင်ကြတာများပါတယ်။
ခွေးကိုက်ခံရပြီး ဆယ်နှစ်မက ကြာပြီးမှ
ခွေးရူးထပြန်ပြီး သေတတ်တယ်ဆိုတာ
မသိကြပါဘူး။
(ဒါ့ကြောင့် ခွေးကိုက်ခံထားရပြီး
အခုထိ ဘာမှ မဖြစ်သေးလို့
ငါတော့ ခွေးရူးမပြန်ပါဘူးဆိုပြီး
စိတ်ချမနေသင့်ပါ။
ကာကွယ်ဆေးထိုးထားသင့်ပါတယ်။
လူလတ်ပိုင်းဘ၀တုန်းက ခွေးကိုက်ခံထားရပြီး
အသက်ကြီးမှ ခွေးရူးပြန်ရောဂါနဲ့ဆုံးပါးသွားတဲ့လူနာ တစ်ဦးမြင်ဖူးပါတယ်
ကိုက်တဲ့ခွေးက ကိုက်ပြီး ၁၄ရက်ကျော်တဲ့အထိ မသေသေးရင်တော့ ခွေးကောင်းလို့ ဆုံးဖြတ်နိုင်ပါတယ် ကြောင်လည်း ဒီလိုပဲ မှတ်နိုင်ပါတယ်)
၅။ ခွေးရူးပြန်ရောဂါရယ်လို့ ဖြစ်လာရင်
၁၀၀ရာနှုန်းပြည့် သေမယ် ကုလို့မရဘူး ဆိုတာ
မသိပါဘူး ။
(အခု ကျွန်တော်တို့ ထိုးနေတဲ့
ကာကွယ်ဆေးနဲ့ ပဋိဇီဝပစ္စည်းတွေဟာ
ခွေးရူးပိုး ဦးနှောက်ဆီ မရောက်ခင်
ဓါတ်ပြယ်အောင် လုပ်နေတာမျိုးနဲ့
ခွေးရူးပိုးကို ဆန့်ကျင်တဲ့ ပဋိဇီဝပစ္စည်း ပေါ်လာအောင် လှုံ့ဆော်ပေးနေတာမျိုးပါပဲ။
ရောဂါရယ်လို့ ဖြစ်သွားပြီဆိုရင်
ကုလို့မရပါဘူး။
ရောဂါအဆင့်ဖြစ်ပြီးမှ
အသက်ရှင်ကျန်တဲ့လူနာဦးရေ လက်ချိုးရေလို့ရပါတယ်
အသက်ရှင်တဲ့လူနာသည်လည်း
ပုံမှန်လူလိုမဟုတ်ဘဲ
လေဖြတ်ထားတဲ့လူလို ဖြစ်သွားတာကို တွေ့ရပါတယ်တဲ့။)
၆။ ခွေး ကြောင် တွေကို ခွေးရူးကာကွယ်ဆေးထိုးရမယ်ဆိုတာ မသိကြပါဘူး ။
၇။ ခွေး ကြောင် ကိုက်ရင်
မေးခိုင်ပိုးမ၀င်အောင် အနာကို
ရေသန့်သန့် ဆပ်ပြာနဲ့ တစ်ထပ် ဆေး၊
အရက်ပျံ ၊ အိုင်အိုဒင်းနဲ့ တစ်ထပ်စီ ဆေးရမယ် လို့လည်း မသိကြဘဲ
ရိုးရာဆေးမှုန့်တွေ သိပ်ထည့်တတ်ကြပါတယ်။
မေးခိုင်ရောဂါပိုးဟာ
စပိုးခေါ် အသွင်ပြောင်းခုခံခြင်းပုံစံအနေနဲ့
အပူဒဏ်ကို ပတ်ဝန်းကျင်ကို အံတုပြီး
ဖုန်မှုန့်တွေထဲမှာ အကြာကြီးနေနိုင်ပါတယ်
တိုင်းရင်းဆေးကို စနစ်တကျမဖော်တဲ့အခါ
ဖုန်တွေသဲတွေ ပါလာပြီး
မေးခိုင်ပိုးရဲ့ စပိုးတွေ ပါလာပါတယ်
(အထူးသဖြင့် ကျွဲ နွား ချေးများမှာ ပါဝင်ပါတယ်)
ဒါကို အနာမှာ သိပ်ပြီး
အနာကို အလုံပိတ်လိုက်တဲ့အခါ
အောက်စီဂျင်မရှိတော့တဲ့ အခြေအနေဖြစ်သွားလို့
စပိုးဘ၀ကနေ အကောင်ပေါက်လာပြီး
အဆိပ်တွေ ထုတ်ပါတယ်
အဆိပ်ကြောင့်
မေးရိုးတ၀ိုက်တောင့်တင်းတာမျိုးက
အစပြုပြီး
ဒီအဆိပ်တွေ အာရုံကြောကတဆင့် ပြန့်သွားရင် ခွေးရူးရောဂါလိုမျိုးပဲ
ကြောက်စရာကောင်းတဲ့ လက္ခဏာတွေနဲ့
သေဆုံးရတတ်ပါတယ်
သူလည်း ကုလို့ရပြီဆိုပေမယ့်
သေနှုန်းက နောက်ကျသွားလေလေ
ပိုများလာလေလေပါပဲ ။
ခွေးများကြောင်များ မြွှေများ ကြွက်များဟာ တွေ့သမျှ အစာ လျှောက်စားတတ်သောကြောင့်
မြေကြီးမှုန်များမှတဆင့် မေးခိုင်ပိုးများဟာ
သူတို့ရဲ့ သွားအကြိုအကြားတွေထဲမှာ
ပွားများမှီခိုနေတတ်ကြပါတယ်
ဒါ့ကြောင့်
ဒီသတ္တ၀ါတွေ ကိုက်တါခံရတဲ့အခါ မျိုးမှာ
ခွေးက ကာကွယ်ဆေးထိုးထားသော်လည်း
မေးခိုင်ပိုးကို ထပ်မံ သတိပြုရမှာဖြစ်ပါတယ်။
အနာကို သန့်သန့်ထားရမယ်
အလုံမပိတ်ရပါ။
မေးခိုင်ကာကွယ်ဆေးနဲ့ပိုးသတ်ဆေးကို
သက်ဆိုင်ရာကျန်းမာရေးဌာန ဆေးခန်းမှာ
သွားရောက်ထိုးရ စားရပါမယ်။
(ဒီလို မသိဘဲ အသိမှားနေသူတွေမှာ
ဘွဲ့ရပညာတတ်တွေပါ ပါဝင်နေပါတယ်
သုတေသနကို
မကွေးတိုင်း စလင်း၊ပွင့်ဖြူဘက်မှာ လုပ်ခဲ့တာပါ)
(အတူသုတေသနပြုခဲ့သော ဒေါက်တာမလွတ်နော်တောင်နှင့်တကွ အခြား သူငယ်ချင်းများအားလုံးကို ကျေးဇူးအောက်မေ့ပါတယ်)
ဒေါက်တာမျိုးသန့်နိုင် (ဆေးမကွေး)
#HealthKnowledge
#HealthEducation
#Tetanus
#Rabies
#Awareness
#PublicHealth
#ကျန်းမာရေးအသိပညာသုတ
#ခွေးရူး
#မေးခိုင်
#တောစိမ့်
https://www.facebook.com/minnayhlyan/posts/1219641658212848

No comments:
Post a Comment