ads bit

Pages

Saturday, May 4, 2019

Paracetamol ပါရာစီတမော သတင်း

Image may contain: text
Paracetamol ပါရာစီတမော သတင်း
Paracetamol ပါရာစီတမော သတင်း

ပုံပါပို့စ်တခုကို လွန်ခဲ့တဲ့ ၃ နှစ်တိတိကတွေ့ခဲ့တယ်။ ပုံထဲကလိုကောက်ချက်မျိုး လွယ်လွယ်နဲ့မချသင့်ပါ။

Acetaminophen ကို Paracetamol ပါရာစီတမောလို့ ခေါ်တယ်။ ၁၈၉ဝ ကတည်းကပေါ်ခဲ့ပြီး ဈေးကွက်ထဲကို ၁၉၅ဝ ကျော်မှာရောက်လာခဲ့ပေမဲ့ ဘယ်လိုနည်းနဲ့ အနာအကိုက်ကို သက်သာစေသလဲဆိုတာ မသိခဲ့ကြသေးဘူး။ အခုတော့ သုတေသနကနေ ဘယ်လိုဘယ်ပုံအလုပ်ဖြစ်စေတာကိုသိလာပါပြီ။

ပါရာစီတမောကိုအများကြီးသောက်ရင် အသက်ကိုပင် ထိခိုက်နိုင်တယ်လို့ ၂၃-၁၁-၂ဝ၁၁ နေ့ လန်ဒန်ကလာတဲ့ သတင်းတပုဒ်ကဆိုပါတယ်။ အအေးမိတာ၊ တုပ်ကွေးဖြစ်တာ၊ ကိုက်တာ-ခဲတာတွေအတွက် သုံးနေတဲ့ ပါရာစီတမော တခုတည်းဖြစ်ဖြစ် ပူးတွဲထားတဲ့ ဆေးတွေပဲဖြစ်ဖြစ် များများသောက်ရင် အန္တရာယ်ပေးနိုင်တယ်လို့ ဆိုလိုတာပါ။ သေနိုင်တာက အသည်းအလုပ်မလုပ်နိုင်တော့လို့ ဖြစ်တယ်။ မတော်တဆ ဆေးများများ သောက်မိရင် ကိုယ့်ကိုယ်ကို သတ်သေရာကျပါလိမ့်မယ်။

အီဒင်ဘတ်က သုတေသနလုပ်သူတွေတွေ့ရှိတာက 500mg ဆေးပြား၊ ၈ ပြား၊ တနည်းအားဖြင့် 4gm ဟာ တနေ့မှာ အများဆုံးဖြစ်သင့်တယ်လို့ဆိုတယ်။ လူနာပေါင်း ၆၆၃ ယောက်ကို ၁၉၉၂ ခုနှစ် ကတည်းကနေ ၂ဝဝ၈ အထိ လေ့လာခဲ့တာဖြစ်တယ်။ ဒီလူနာတွေဟာ ပါရာစီတမောကြောင့် အသည်းထိခိုက်ခဲ့ရသူတွေပါ။

တွေ့ရှိချက်အရပျမ်းမျှ အသက် ၄ဝ နှစ်ရှိသူ ၁၆၁ ယောက်မှာခေါင်းကိုက်၊ သွားကိုက်၊ ခါးနာ၊ ဗိုက်နာတာတွေကြောင့် ပါရာစီတမောဆေးကိုလိုတာထက် ပိုသောက်ခဲ့ကြတယ်။ သူတို့ထဲက ၅ ယောက်မှာ ၂ ယောက်က အသည်း အလုပ် မလုပ်နိုင်တော့ဘဲ သေဆုံးခဲ့ကြတယ်။ ဒါဟာ ဗြိတိသျှဆေးဝါးဗေဒမှတ်တမ်းအရ ဆေးအလွန်အကျွံပိုကဲမှုကြောင့် သေဆုံးရတဲ့နှုန်းထက် မြင့်မားတာဖြစ်တယ်။ အဲလိုဆေးအလွန်အကျွံ ပိုလွန်သောက်မိတာဟာ လူနာက နာတာ မသက်သာလို့ ဆေးထပ်သောက်ရာကနေ သောက်သင့်တဲ့ ဆေးအဆကိုမေ့လျှော့ ကျော်လွန်သွားတြာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဆေးဘယ်လောက် သောက်ပြီးပြီလဲဆိုတာ မှတ်တမ်းထားသင့်ကြတယ်။

ဆေးကို စိတ်ချရတဲ့အဆသောက်ရင် ကိုယ်ခန္ဓာကကောင်းကောင်းကျေချက် လက်ခံနိုင်ပေမဲ့ လွန်ကဲပြီးသောက်မိရင် မကျေချက်နိုင်တာတွေ စုဝေးပြီးအသည်းကိုထိခိုက်ရာကနေ ပြန်မကောင်းနိုင်တဲ့အထိရောက်စေနိုင်တယ်။

၂၃-၁၁-၂ဝ၁၁ နေ့ကဘဲနောက်သတင်းတခုကတော့ ပါရာစီတမောဆေးရဲ့ လှို့ဝှက်ချက်ကိုသိလာပြီ။ ဒါကို အသုံးချပြီး စိတ်ချရတဲ့ အနာအကိုက်ပျောက်ဆေးကိုဖေါ်စပ်နိုင်မယ်လို့ လန်ဒန် ဘုရင့်ကောလိပ် သုတေသန လုပ်သူတွေက ဆိုလိုက်ပါတယ်။

ဆေးသုတေသနကို ဆွီဒင် လန်းဒ်တက္ကသိုလ်နဲ့တွဲလုပ်ခဲ့တာ ဖြစ်တယ်။ အာရုံကြောဆဲလ်တွေရဲ့အဖုံးမှာရှိတဲ့ TRPA1 ဆိုတဲ့ ပရိုတင်း မော်လီကျူးကြောင့် ပါရာစီတမောထိရောက်စေတာ ဖြစ်တယ်။ ဒီတွေ့ရှိချက်ဟာ လှို့ဝှက်ချက်ရဲ့ သော့ချက်ကိုတွေ့လာတာပါလို့ ဝုလ်ဖ် အသက်နဲ့ဆက်စပ်တဲ့ရောဂါဌာနက ဒေါက်တာ ဒေးဗစ် အန်ဒါဆန်က ပြောလိုက်တယ်။ အခုလိုအနာသက်သာစေတဲ့ မော်လီကျူးကိုအာရုံစိုက်ပြီး၊ ပိုပြီးစိတ်ချရမဲ့ဆေးမျိုး၊ ဆေးများသွားလို့ မသေစေမှာမျိုးကိုရှာဘို့ဖြစ်လာပြီလို့ ဆက်ပြောပါတယ်။

- လူကြီး = 325 to 650 mg ၄ နာရီတကြိမ်။ 500 mg ၈ နာရီတကြိမ်။ တနေ့မှာ 4 grams ထက်မများစေရ။
- အသက် ၁၂ နှစ်မှ ၁၈ နှစ် = 40-60 mg/kg/day ၆ နာရီတကြိမ်။ တနေ့မှာ 3.75 g/day ထက်မများစေရ။
- အသက် ၁၂ နှစ်အောက် 10-15 mg/kg ၆-၈ နာရီတကြိမ်။ တနေ့မှာ 2.6 g/day ထက်မပိုစေရ။

Dr. တင့်ဆွေ
၎-၅-၂ဝ၁၆
၎-၅-၂ဝ၁၉
https://www.facebook.com/photo.php?fbid=1540886356041342&set=a.192997507496907&type=3

No comments:

Post a Comment