ads bit

Pages

Friday, May 24, 2019

Round teaching in surgical ward

Round teaching in surgical ward
Round teaching in surgical ward

ဒီ patient ရဲ့  breast lump biopsy result ရပြီလား။
မရသေးပါဘူး ဆရာကြီး။

တကယ်လို့  cancer ဖြစ်မယ်ဆိုရင် ဘာ အမျိုးအစား ဖြစ်နိုင်မယ်ထင်လဲ။
Ductal carcinoma ဖြစ်နိုင်လောက်ပါတယ် ဆရာကြီး။

ဘာလို့ လဲ။
Commonest type မိုလို့ ပါ။

အေးပေါ့ ဒါကတော့ common thing is common ပေါ့လေ။ may be Ductal carcinoma in situ or may be invasive Ductal carcinoma ပေါ့။ တကယ်လို့  biopsy result က lobular carcinoma လို့ များ အဖြေထွက်ခဲ့ ရင် ဘာစဉ်းစားမလဲ။
.........
ဖြေပါအုံး။ နောက်တစ်ယောက် ဖြေကြည့်ပါအုံး။
.........

မဖြေတတ်ဘူးဆိုရင် နောက်တစ်မျိုး ပြောင်းမေးမယ်။
တကယ်လို့  biopsy result က lobular carcinoma လို့ များ အဖြေထွက်ခဲ့ ရင် mammogram and ultrasound result အပေါ် ဘယ်လိုသုံးသပ်မလဲ။
ဟုတ်ကဲ့ ပါ ဆရာကြီး..Lobular carcinoma မှာ abnormal lesion ဆိုလိုတာက breast lump က diffuse and less obvious ဖြစ်တတ်တဲ့  သဘောရှိပါတယ်။ အဲတော့ mammogram and ultrasound တို့ result မှာ disease's condition may be understaged ဖြစ်သွားနိုင်ပါတယ် ဆရာကြီး။

အရေးကြီးလား။ ဘာလို့ လဲ။
ကြီးပါတယ် ဆရာကြီး။ inadequate Tx ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။

အဲတော့ ဘာလုပ်မလဲ။
MRI ရိုက်ပါ့မယ့် ဆရာကြီး။

အေးဟုတ်ပြီး ပြောချင်တာက challenge for radiological detection of lobular carcinoma of breast ဆိုတာရှိတယ်။ ဘာလို့ လည်း ဆိုတော့ less cohesive pattern of lobular carcinoma ကြောင့် mammogram တို့  Ultrasound တို့ မှာ lower ability to recognize or underestimate ဖြစ်နိုင်တယ်။ even may be mammographically occult ဖြစ်နိုင်တယ်.

ဆိုတော့ lobular carcinoma နဲ့  patient ၊ အထူးသဖြင့် breast conserving surgery လုပ်ချင်တယ်ဆိုရင် MRI breast က ရိုက်ကို ရိုက်ရမယ်။ ultrasound, mammogram တို့ မှာ may be understaged ဖြစ်တတ်တယ်။ inadequate treatment ဖြစ်သွားမှာ သတိထားရမယ်။ ပြီးတော့ lobular carcinoma တွေက ပိုပြီး Multifocal or multicentericity ဖြစ်တတ်တယ်။ contralateral breast ကို metastasis ဖြစ်တတ်တယ်။

အေးပါ biopsy result ကြည့်တာပေါ့။

ဆရာကြီးတွေက စာသင်ပေးချင်ရင် အဲလိုပါ။ biopsy result တောင် မထွက်သေးဘူး။ တကယ်လို့  lobular carcinoma breast လို့  အဖြေထွက်ခဲ့ ရင် radiological challenge ဆိုတဲ့  အချက်လေးက အမြဲထည့်စဉ်းစားရပါ့မယ် လို့ သင်ပေးခဲ့ တာပါ။

မှတ်ချက် ။ ။ ဒီ post သည် Mx of Ca breast ကို ပြောခြင်း မဟုတ်ပါဘူး။ Mx တွေထဲက စဉ်းစားရမယ့် အချက်များစွာထဲက တစ်ခု (ဆရာကြီး တစ်ယောက်သင်ပေးထား) ကို ပြောခြင်းသာဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
If you get benefit from my post, please like and share for others.
Thanks for your attention...
https://www.facebook.com/labialletterwma/posts/438684353154288?__tn__=K-R

No comments:

Post a Comment