ads bit

Pages

Saturday, May 4, 2019

Chlorphrenamine & Loratidine allergy

No photo description available.
Chlorphrenamine & Loratidine
“ဆရာဝန်ကလည်း မယုံဘူး။ အကိုက်အခဲပျောက်ဆေးနဲ့ မတည့်တာပါလို့ ပြောပြီး ဒီဆေးတွေ ပေးလိုက်တာပဲ။ သောက်ပြီး ၁ နာရီကျော်တော့ မနေနိုင်တော့ဘူး။”

လူနာက နှာစေး ချောင်းဆိုးကုတိုင်း ဆေးမတည့်တာ ဖြစ်နေကြ လို့ လူနာရှင် သတိပေးသော်လညါး Allergy ကုတဲ့ ဆေးကို allergic ဖြစ်တယ် ပြောနေတော့ ဆရဝန်ကလည်း မယုံနိုင်ဘူး။

GP က လွှဲစာထဲမတော့ Chlorphrenamine & Loratidine သောက်ပြီးတော့ Tachycardia, Hypotension, Red eyes & Wheeze တွေ ရကြောင်း Adrenaline & Steroids နဲ့ ကယ်တင်ခဲ့ရကြောင်း ရေးပေးထားတယ်။

"ဟား.. ငယ်ငယ်က ဖတ်ဖူးတဲ့ မိုးရေ အလာဂျီ ဆိုတဲ့ ဝထ္တုလေး သတိရတယ်။ အရမ်းအောင်မြင်တဲ့ ဆရာဝန်ဆီကို ဆင်းရဲတဲ့ လူနာ တစ်ယောက်လာပြသတဲ့။ ဆရာ ထိုးချင်တာ ထိုး မိုးရေတော့ မတည့်ဘူးလို့ လူနာက ပြောတယ်။ အရာရာ အောင်မြင်နေတဲ့ ဆရာဝန်က မဖြစ်နိုင်ဘူး။ လူ ခန္ဓာထဲမှာတောင် ရေလို့ ခေါ်တဲ့ H2O က ၂/၃ ပါနေတာလို့ ပြန်ငြင်းသတဲ့။ နောက်ဆုံး ငြင်းကြရင်းနဲ့ အလောင်းအစား လုပ်ကြသတဲ့။ ဆရာဝန်က သူရှုံးရင် စည်းစိမ်ပြုတ် ပေးမယ်တဲ့။" ကျနော် ပြောပြမိ။

"အလောင်းအစားနေ့မှာ သက်သေတွေရဲ့  ရှေ့မှာ မိုးရေကို လူနာထဲ နည်းနည်းလေး ထိုးထဲ့လိုက်တော့တော့ Anaphylaxis ရသတဲ့။ ဒါနဲ့ Adrenaline ထိုးမယ်ဆိုတော့ H2O…. Burmeton ထိုးမယ်ဆိုတော့ H2O .. Hydrocortisone ထိုးမယ်ဆိုတော့ H2O… အားလုံး H2O နဲ့ မလွတ်တော့ ရူးမတတ် ဖြစ်ပြီး လူနာကြီးကို ဆေးရုံမ ပြေးသတဲ့။"

မိုးက မပြိုတတ်ပါဘူး။ သို့သော် မတော်တဆ မိုးပြိုခဲ့သည် ရှိသော်… ပေါ့လေ...။
https://www.facebook.com/photo.php?fbid=10155826477006707&set=a.10150266764596707&type=3

No comments:

Post a Comment