ads bit

Pages

Friday, May 17, 2019

အမျိုးသမီး ရင်သားကင်ဆာ လူနာတွေထဲက Estrogen Receptor, Progestrone Receptor စတဲ့ Hormone Receptors များ

အမျိုးသမီး ရင်သားကင်ဆာ လူနာတွေထဲက Estrogen Receptor, Progestrone Receptor စတဲ့ Hormone Receptors များ
အမျိုးသမီး ရင်သားကင်ဆာ လူနာတွေထဲက Estrogen Receptor, Progestrone Receptor စတဲ့ Hormone Receptors များ Positive ဖြစ်တဲ့ လူနာတွေမှာ ဟောမုန်းဆေး ခေါ်ခေါ် ငါးနှစ်ဆေး ခေါ်ခေါ် စတဲ့ဆေးတွေကို ကင်ဆာဆရာဝန်များက ပေးလေ့ရှိတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ အလွယ်တစ်ကူရရှိနိုင်တဲ ဆေး အမျိုးအစားတွေက Tamoxifen, Letrozole နဲ့ Anastrazole တို့ဖြစ်ကြတယ်။ ဒီဆေးတွေကို ပေးတဲ့အခါမှာ Dose ဆေးအား အနေနဲ့က Tamoxifen 20 mg တစ်နေ့ တစ်ကြိမ်၊ Letrozole 2.5 mg တစ်နေ့ တစ်ကြိမ်နဲ့ Anastrazole 1 mg တစ်နေ့ တစ်ကြိမ် ဖြစ်တယ်။
ဆေးသောက်ရာမှာ ဆောင်ရန် ရှောင်ရန်လေး အနည်းငယ် ရှိတယ်။ အချိန်မှန်သောက်သင့်တယ်။ ဥပမာ မနက် ၈ နာရီတိုင်း။ အကြောင်းအမျိုးမျိုးကြောင့် ဆေးသောက်ဖို့ မေ့သွားခဲ့ရင် နောက်နေ့ ၂ လုံး သောက်စရာမလိုဘူး။ ဟောမုန်းဆေးနဲ့မတည့်တဲ့ဆေးတွေရှိတာဖြစ်တဲ့ အတွက် အခြားဆေးများနဲ့တွဲသောက်ရမယ်ဆိုရင် တည့်မတည့် ဆရာဝန်ကို သေချာပြန်မေးဖို့လိုမယ်။ Letrozole နဲ့ Anastrazole ဆေးကို သောက်တဲ့ လူနာများအနေနဲ့ အရိုးပါးတာ ဖြစ်နိုင်တဲ့ အတွက် Calcium နဲ့ Vitamin D အားဆေးကို သောက်ဖို့လိုအပ်မယ်။ သားအိမ်နံရံထူတာ၊ ပုံမှန်မဟုတ်ပဲ သွေးဆင်းတာဖြစ်နိုင်တဲ့အတွက် မီးယပ်ဆရာဝန်နဲ့ တစ်နှစ် တစ်ခါပြသပြီး စစ်ဆေးဖို့လိုမယ်။ ချွင်းချက်အနေနဲ့ သားအိမ်ထုတ်ပြီးသားလူများမှာ မလိုအပ်ဘူး။ အရိုးသိပ်သည်းဆတိုင်းတာမျိုး လုပ်ဖို့လိုအပ်မယ်။ ဟောမုန်းဆေးသည် အကြမ်းဖျင်း ၅ နှစ်သောက်ရမယ်။ ၅ နှစ်ပြည့်ပြီးသွားလို့ ရောဂါ ပြန်ဖြစ်တာ မရှိရင် နောက်ထပ် ၅ နှစ်ထပ်သောက်လို့ရမယ်။ သောက်ရင် ပိုပြီးကောင်းမယ်။

ခုနောက်ပိုင်းတွေ့ရှိချက်များ အရ ရင်သားကင်ဆာဟာ ပြန်ဖြစ်တတ်တယ်။ ရောဂါအဆင့်စောတဲ့ လူနာများမှာတောင် ရောဂါပြန်ဖြစ်တတ်တယ်။ ဘယ်အပေါ်မှာ မူတည်လဲ ဆိုတော့ ချိုင်းကြိတ် ဘယ်နှစ်လုံးမှာ ကင်ဆာရောဂါ ရှိတယ်ဆိုတာ အပေါ် မူတည်ပြီး ပြန်ဖြစ်တဲ့ ရာနှုန်းကပိုများလာတယ်။

 ပြန်ဖြစ်တဲ့ရာနှူန်းများတာနဲ့အမျှ သေဆုံးနှုန်းတက်လာတယ်။ အကြမ်းအားဖြင့် အဆင့် IA လူနာမှာတောင် ၅ နှစ်ကြာပြီးနောက် ရောဂါ ပြန်ဖြစ်နိုင်တဲ့ နှုန်းက ၅ နှစ်ကနေ နှစ် ၂၀ အတွင်း တစ်နှစ်ကို တစ်ရာနှုန်းတက်တက်လာတယ်။ ဒါကြောင့် ဟောမုန်းဆေးကို ၁၀ နှစ်သောက်တာဟာ အလွန်အကျိုးရှိတယ်။
ဆိုးကျိုးတွေ အနည်းငယ်ရှိတာ မှန်ပေမဲ့ ကောင်းကျိုးက အလေးသာတယ်။
ဆိုးကျိုးတွေထဲမှာ အရေးကြီးတာက သားအိမ်ကင်ဆာ ဖြစ်နိုင်ချေ ၀.၄ ရာနှုန်းလောက်ရှိနေတာရယ်၊ သွေးကြောပိတ်တဲ့ ပြဿနာတွေ ရှိနေတယ်။ အခြားဆိုးကျိုးများကတော့ အရိုးပါးတာ ပျော့တာကတစ်ဆင့် ကျိုးနိုင်တယ်။ အရိုးအဆစ်တွေ ကိုက်ခဲနိုင်တယ်။ သွေးတိုးနိုင်တယ်။ သွေးတွင်းအဆီ Cholesterol တက်နိုင်တယ်။
ဒါကြောင့် ရင်သားကင်ဆာ လူနာများ ဟောမုန်းဆေး သောက်ဖို့ လိုအပ်ရင် ၅ နှစ်ကနေ ၁၀ နှစ်အထိ နေ့စဉ်မှန်မှန် သောက်ကြဖို့ တိုက်တွန်းပါတယ်။ တစ်ပြိုင်ထဲမှာလည်း ဆေးရဲ့ ဆိုးကျိုးတွေကို သတိပြုမိဖို့ လိုအပ်တယ်။
https://www.facebook.com/dr.heinmyintaung/posts/2379133622316222?__xts__%5B0%5D=68.ARA8fOiiw4nbHLQyIKxL2kyB9O1ZDhfD27OIIjAgcYM4BLarYFVNgpdeYCjg9ucFO5qGVAiIaQzw-6_GItv9LZ0RHm-mXYQUZ0ule11xrRKO-YlJAtEF3KLnoq6J2uYishOYzknKv84VHStUUhHiVRVZw5Hee7XBVQF3TksAMt-LIsGwK9PXNBRBK0FyCJN4pIEJolH2NpCOzT2TE5D7euvQLXq5JPhh_5zxBtw0-CtMWRSaAFvE_-o2BqdkTTq4CpGcevHTqdGWfAV_DOQ1RnHqUjHrgo5dvggNl1d2JAtB8ntnO1utJT93vuUXOVCbs6czKQP-N2Xyq6A3SFtk-ShM&__tn__=-R

No comments:

Post a Comment