ads bit

Pages

Saturday, May 4, 2019

Tapping ^ Heaving ဘယ်လိုခွဲ

Tapping ^ Heaving ဘယ်လိုခွဲ
“Tapping မဟုတ်ဘူးလား။” လို့မေးလိုက်တော့ ကျောင်းသားက ပြာယာခတ်သွားတယ်။ မထူးပါဘူးလို့ တွေးပြီးတော့ စာမေးပွဲအချိန်လွန်တော့မှ အချိန်ခိုးပြီး သင်ပေးလိုက်ရတယ်။

“လက်ဝါးကို တင်းတင်းအားစိုက်ပြီး apex ပေါ် ဖိစမ်းကြည့်စမ်း” လို့ လက်တွေ့ လုပ်ခိုင်းကြည့်တယ်။

“ဘာတွေ့လဲ” ဆိုတာ့ ဘာမှ မတွေ့ဘူးတဲ့။

“ဒါဆို ဖွဖွလေးပြန်တင်ကွာ။ မိန်းခလေးတွေ နှတ်ခမ်းနီဆိုးတဲ့ အားမျိုးလောက်နဲ့ပေါ”့ လို့ ပြောလိုက်တယ်။

ဒီတော့မှ ကျောင်းသားက ပြုံးလာတယ်။ “အင်း Tapping လိုတိုးတာမျိုး ရှိတယ်” တဲ့။

ဒီတော့မှ Principle ကို ရှင်းပြရတယ်။

သာသာလေး ဖွဖွလေး လာနေတဲ့ Tapping apex တို့ Palpable P2 တို့လို Pulsation တွေကို စမ်းရင် ဖွဖွလေး စမ်းရမယ့်အကြောင်း။ အားနဲ့ လာနေတဲ့ Heaving apex & Left Parasternal Heave လို Pulsation တွေမှာ လက်ကို ဖွဖွလေးတင်စမ်းမိရင် လွတ်သွားတတ်ကြောင်း။ ဖိစမ်းမှ သိသာကြောင်း ညွှန်ပြရတယ်။

နောက်ဆက်တွဲ မေးခွန်းမေးကြည့်မိတယ်။ Heart Sound အသံကျယ်လာရင် လက်နဲ့ စမ်းလို့ ရနိုင်လား လို့မေးလိုက်တော့ ပါးစပ်အဟောင်းသား။ 1st Sound ကျယ်လာလို့ apex မှာ စမ်းလို့ရရင် Tapping apex လို့ ခေါ်ပြီး 2nd Sound ကျယ်လာလို့ pulmonary area မှာ စမ်းလို့ရတာကို Palpable P2 လို့ ခေါ်တယ်လို့ ထောက်ပြရတယ်။
https://www.facebook.com/drmaungmaungoo/posts/10153362032481707

No comments:

Post a Comment