ads bit

Pages

Sunday, March 3, 2019

Gym မှာ သုံးနာရီ ဆော့လိုက်တာ။ ဆော့တုန်းက ဘာမှ မဖြစ်ဘူး။ နောက်နေ့မှ တစ်ကိုယ်လုံးနာပြီး မျက်နှာတွေ ယောင်လာလို့ပါ။

Gym မှာ သုံးနာရီ ဆော့လိုက်တာ။ ဆော့တုန်းက ဘာမှ မဖြစ်ဘူး။ နောက်နေ့မှ တစ်ကိုယ်လုံးနာပြီး မျက်နှာတွေ ယောင်လာလို့ပါ။
“Gym မှာ သုံးနာရီ ဆော့လိုက်တာ။ ဆော့တုန်းက ဘာမှ မဖြစ်ဘူး။ နောက်နေ့မှ တစ်ကိုယ်လုံးနာပြီး မျက်နှာတွေ ယောင်လာလို့ပါ။”

တကယ်တော့ မျက်နှာယောင်ယုံမက မျက်လုံးထဲမှာ သွေးခြေတွေ ဥနေသေးတာ။

“ဆော့နေကျလား။”

“မဟုတ်ဘူး။ ခုမှ စဆော့တာ။ ပထမဆုံးနေ့ပဲ။ အရက်ဖြတ်လိုက်ပြီး သုံးရက်မြောက်တဲ့နေ့ သောက်ချိန်ရောက်တော့ သောက်ချင်နေမှာ စိုးလို့ Gym ထဲမှာ သွားဆော့နေလိုက်တာ။”

“Gym နည်းပြဆရာက ဘာမှ မပြောဘူးလား။ သူ့မှာ တာဝန်ရှိတယ်။”

“နည်းပြ မသိဘူး။ ကျနော်ဘာသာ ပိုက်ဆံပေးပြီး ဝင်ဆော့တာ။”

မလုပ်ဘူးတဲ့ ကာယလှုပ်ရှားမှု တစ်ခုကို အလွန်အကျွံလုပ်လိုက်ရင် ခန္ဓာကိုယ်က ကြွက်သားတွေ ပျက်စီးကုန်ပြီး ထွက်လာတဲ့ Myoglobin တွေက ကျောက်ကပ်ကို ဒုက္ခ ပေးတတ်တယ်။

တခါတလေမှာ Gym နည်းပြဆရာတချို့က ကစားသူ လူသစ်ရဲ့ ရှိရင်းစွဲ လှုပ်ရှားနိုင်မှုကို အကဲမခတ်ဘူး။ ဘယ်သူလာလာ ဒီနည်းပဲ လုပ်၊ ဘယ်ဝါလာလာ ဘယ်လောက်ကြာအောင်လုပ်ဆိုပြီး One size fit for all နည်းနဲ့ ခိုင်းတတ်ကြတယ်။ ဒီလို မှားခိုင်းခံရလို့ ၄-၅ ရက် အိပ်ယာထဲ လဲသွားသူတွေ တစ်ရက်ထဲနဲ့ နောက်မလာရဲတော့သူတွေ ရှိတယ်။ လာကစားသူရဲ့ မူရင်းလှုပ်ရှားမှု body တည်ဆောက်ပုံကိုကြည့်ပြီး သင့်တော်တဲ့နည်း သင့်တော်တဲ့ ပမာဏနဲ့ စဖို့လိုမယ်။ လောဘ တကြီးစလိုက်ရင် မအောင်မြင်တာ များတယ်။

ကျန်းမာရေး လိုက်စားချင်သူတွေ အနေနဲ့လည်း ဖြေးဖြေးနဲ့ နည်းနည်း ကိုယ်နဲ့ သင့်တော်သလောက်က စသင့်တယ်။

ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အားလုံးမှာ ဇွဲလိုပါတယ်။ ၁၀ ပေါင်လောက်ကို တစ်လနဲ့ ရအောင် weight ချပြီး နောက်လတွေ ဆက်မကစားတော့လို့ ပေါင် ၃၀ ထပ်တက်သွားသူတွေ များနေတယ်။ ကောက်ရိုးမီးက တကယ်တမ်း အသုံးမဝင်လှပါဘူး။

#Rhabdomyolysis
https://www.facebook.com/photo.php?fbid=10155699791471707&set=a.10150266764596707&type=3

No comments:

Post a Comment