ads bit

Pages

Friday, March 29, 2019

သွေးကျဆေး ၃ မျိုးဟာ ကင်ဆာရောဂါ ဖြစ်စေနိုင်သည်ဟု အတည်ပြု

သွေးကျဆေး ၃ မျိုးဟာ ကင်ဆာရောဂါ ဖြစ်စေနိုင်သည်ဟု အတည်ပြု
▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️

စင်ကာပူမှာ လူနာပေါင်း ၁ သိန်းကျော်ဟာ အဆိုပါ ဆေးများကို လက်ရှိ သောက်သုံးနေတာပါ။

စင်ကာပူမှာ သွေးတိုးအတွက် သောက်ဆေး ၃ မျိုးဟာ ကင်ဆာရောဂါဖြစ်စေနိုင်တာမို့ ကျန်းမာရေးဝန်ကြီးဌာနမှ အဆိုပါသွေးကျဆေးများ သောက်နေသူ လူနာများကို ပြန်ပြီး ဆေးစစ်နိုင်ဖို့ စီစဉ်နေပါပြီ။

အဆိုပါ ဆေး ၃ မျိုးကတော့
(၁) Hyperten tablet
(၂) Losagan tablet
(၃) Losartas tablet.
တို့ ဖြစ်ပါတယ်။ ပုံထဲက ဇယားထဲမှာ ဆေးနာမည်၊ စင်ကာပူမှာ ဆေးရောင်းတဲ့ ကုမ္ပဏီနဲ့ ဆေးပမာဏကိုပါ အလွယ်တကူ နားလည်နိုင်ရန်ဖော်ပြထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံ ဆေးရုံ ဆေးခန်းများမှ သွေးတိုးရှိသူ လူနာများအတွက် အများဆုံး အသုံးပြုနေတဲ့ အဆိုပါ ဆေး မှာ ပါဝင်တဲ့ losartan postassium ဆေးပစ္စည်းဟာ သောက်သုံးသူလူနာများကို ရေရှည်မှာ ကင်ဆာရောဂါ ခံစားစေနိုင်တယ်ဆိုတာ စမ်းသပ်ချက်များအရ အတည်ပြုလိုက်ပြီမို့ လက်ရှိ သောက်သုံးရန် ညွှန်းထာသူ လူနာများကို ဆေးများကို ဆက်ပြီး မသောက်ရန် အသိပေးထားပါတယ်။

အဆိုပါ losartan postassium ဆေးပစ္စည်းကို အိန္ဒိယနိုင်ငံ ဆေးဝါးစက်ရုံ တစ်ရုံမှ ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ မှတ်တမ်းအရ စင်ကာပူမှာ အဆိုပါ ကို သောက်သုံးနေသူ လူနာပေါင်း ၁၃၇,၀၀၀ ရှိနေပါတယ်။ ဒါကြောင့် အဆိုပါဆေးများ သောက်နေတဲ့ လူနာများရဲ့ ကျန်းမာရေးအခြေအနေကိုစစ်ဆေးဖို့ သက်ဆိုင်ရာ ဆေးရုံ ဆေးခန်းများမှ တဆင့် အကြောင်းကြားပါလိမ့်မယ်။

ဆေးဝါးအတွက် အသုံးပြုတဲ့ ဆေးပစ္စည်းတွေထဲမှာ ပါဝင်တဲ့ nitrosamine inpurity, N-nitro-N-methyl-4-aminobutyric acid (NMBA) ဟာ နိုင်ငံတစ်ကာ ခွင့်ပြုတဲ့ သတ်မှတ်နှုန်ူထားတဲ့ ကျော်လွန်နေတယ်လို့ ဆိုပါတယ်။ nitrosamines ဓာတ် သောက်သုံးမှုများလာပါက ကင်ဆာ ရောဂါဖြစ်နိုင်တဲ့ အန္တရာယ်ရှိတာကိုလည်း စင်ကာပူ HSA မှ သတင်း ဌာနကို ရှင်းပြထားပါတယ်။

မြန်မာတွေထဲမှာ အဆိုပါ ဆေး ၃ မျိုးကို သွေးတိုးရောဂါအတွက် သောက်သုံးနေရင် သောက်နေရာမှ ချက်ခြင်း ရပ်တန့်တာမျိုး မလုပ်ဘဲ ဆရာဝန်နဲ့ တိုင်ပင်ကာ အစားထိုးမည့် ဆေးကို ဆရာရဲ့ ညွှန်ကြားမှုကို ခံယူသင့်ပါတယ်လို့ သတင်းမှာ ရေးထားပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ မတိုင်ခင် ဆေးစစ်ဆေးရန် ရက်ချိန်းယူပြီးသားသူများအတွက် ဆက်ပြီး ဆေးစစ်ချက်ရယူပါလို့ တိုက်တွန်းထားသလို နောက်ပိုင်းရက်များမှာ ရက်ချိန်းယူထားသူများကိုတော့ ဆေးရုံ ဆေးခန်းများမှ ဆက်သွယ်ပြီး ရက်ချိန်းအတွက် စီစဉ်မယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အထူး သတိပြုရန် - သောက်လက်စဆေးကို ချက်ခြင်း မရပ်ပါနှင့်၊ ဆေးအစားထိုးရန် ဆရာဝန်ရဲ့ ညွှန်ကြားချက်ရယူပါ။

သတင်းမူရင်း - CNA

https://www.channelnewsasia.com/news/singapore/hsa-recalls-3-brands-blood-pressure-drugs-losartan-impurity-11389238?fbclid=IwAR1pyVNETPXZGUEj5Yl-6vcPdB3hgLih6d1JWVa2kQ3LDRoKxNihj2KOX7U
https://www.facebook.com/permalink.php?story_fbid=2297698973883903&id=100009314671534

No comments:

Post a Comment