Rove beetle (Paederus dermatitis or dermatitis linear - DL)
................……………………………………….…
Ans: မျိုးစိတ်တွေအများကြီးရှိပေမဲ့ အတိုချုံ့ပြောရရင် မြင်တဲ့အတိုင်းပါပဲ သူတို့က 7-8mm လောက်ပဲရှည်တဲ့ အကောင်သးသေးလေးတွေပါ. အမဲရောင်နဲ့ လိမ္မော်ရောင်စပ်ကြား ကိုယ်ထည် Tail ကတော့ metallic black color ချွန်ထွက်နေတယ်.
Ans: စိုစွတ်တဲ့နေရာတွေမှာနေပါတယ်. ဒါပေမဲ့ မိုးအရမ်းရွာလာပြီဆို ခြောက်သွေ့တဲ့နေရာတွေကိုသွားတတ်ပါတယ်. ကြည့်ရတာ အရမ်းစိုစွတ်တဲ့နေရာကိုတော့ကြိုက်ပုံမပေါ်ဘူး. မနက်ခင်းပိုင်းတွေဆို လေထဲကနေပြတင်းပေါက်တွေကနေတဆင့် နံရံတွေပေါ်မှာတွားသွားနေတာ တွေ့ရတတ်တယ်. ညခင်းတွေဆို မီးချောင်းတွေအလင်းရှိတဲ့နေရာတွေနားမှာနေတတ်ပါတယ်.
👍🏼 1. Primary Prevention
- အဓိကကတော့ မီးပိုးကောင်တွေကိုသွားမထိမိဖို့လိုပါတယ်. ကိုယ့်အရေပြားနဲ့မထင်မှတ်ပဲထိမိသွားရင် မြန်မြန် ဆပ်ပြာနဲ့ရေနဲ့သေချာဆေးထုတ်ပစ်ဖို့လိုပါတယ်. ဘာလို့လဲဆိုတော့ သူတို့ရဲ့ Toxin သည် easily penetrable through human skin ပါ. ဆပ်ပြာဆိုသည်မှာ dettol , ကာဘိုလစ်တို့လိုပြင်းတဲ့ဆပ်ပြာသုံးဖို့ တိုက်တွန်းချင်ပါတယ်. လက်နဲ့ကိုင်မိထိမိသွားရင်လဲ အရေးကြီးဆုံးဖြစ်တဲ့ မျက်စိနဲ့တခြား နူးညံ့တဲ့ခန္ဓာကိုယ်အစိတ်အစိတ်အပိုင်းတွေကိုမပွတ်မိအောင်လုံးဝရှောင်ရပါမယ်. မျက်စိကိုအဆိပ်ရည်ဝင်သွားတာနဲ့ severe conjunctivitis လို့ခေါ်တဲ့ပြင်းထန်တဲ့ မျက်စိယောင်ယမ်းခြင်းဖြစ်နိုင်ပါတယ်. နောက်တခုက အကျိင်္ဘောင်းဘီအရှည်တွေကိုဝတ်ဆင်ပေးဖို့လိုပါတယ်.
Ans : စိတ်မကောင်းစွာနဲ့ပဲ First aid treatment မရှိပါဘူးလို့ Australia NSW , AOCD (American Osteopathic College of Dermatology) က စာတမ်းတွေကပြောထားပါတယ်. မီးပိုးကောင်ကိုအရေပြားနဲ့တိုက်ရိုက်မထိတွေ့အောင်ရှောင်ရမယ်. ထိမိခဲ့ရင်လဲအထက်ပါအတိုင်း Soap & Water နဲ့သေချောဆးကြောသန့်ရှင်းပစ်ရပါမယ်.
👍🏼3. Tertiary Prevention
Ans:ဖြစ်နိုင်တဲ့နောက်ဆက်တွဲဆိုးကျိုး (Possible Complication after infected ) တွေကိုအထက်မှာဖော်ပြပြီးဖြစ်ပါတယ်. လောလောဆယ် အဖြစ်များဆုံးကတော့ အမာရွတ်အညိုကွက်တွေပါ. အကြံပေးချင်တာကတော့ အမာရွတ်ပျောက်ဆေးစွဲလိမ်းပေးသင့်ပါတယ်. သက်ဆိုင်ရာဆေးဆိုင်တွေမှာ အမာရွတ်ပျောက်ဆေး (eg: hiruscar, hirudroid) တို့ရနိုင်ပါတယ်. ဒါပေမဲ့ ပျောက်ဖို့အချိန်အတော်ကြာပါတယ်နော်.
#Be_Safe_Be_Aware_Of_Rove_Beetle
#Sharing_is_caring
#credit_AOCD #NCBI #NSWs
(Unicode)
Rove beetle : မြန်မာအခေါ် မီးပိုးကောင်ပေါ့. အခုတလော outbreak တွေမြန်မာပြည်မှာအဖြစ်များလာလို့ chat box ကနေကြောက်ပြီး အကူအညီတောင်းလာကြတာနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေ သိသင့်သိထိုက်တဲ့အရာလေးတွေကို knowledge အနေနဲ့ရေးတင်ပေးလိုက်ပါတယ်. မိမိကိုယ်တိုင်လဲ infected တကြိမ်ဖြစ်ဖူးတော့ ရောင်ရမ်းနာကျင်တာကိုကိုယ်ချင်းစာမိတယ်.... အထူးသဖြင့်မိန်းခလေးတွေ မျက်နှာမှာဖြစ်ရင်အမာရွတ်ကျန်တတ်လို့ အထူးဂရုစိုက်ပေးဖို့လိုပါတယ်နော်... 💁🏼♀️
💥 Ok. Firstly, What is rove beetle?
(မီးပိုးကောင်ဆိုတာဘာလဲ? )
Ans: မျိုးစိတ်တွေအများကြီးရှိပေမဲ့ အတိုချုံ့ပြောရရင် မြင်တဲ့အတိုင်းပါပဲ သူတို့က 7-8mm လောက်ပဲရှည်တဲ့ အကောင်ေသးသေးလေးတွေပါ. အမဲရောင်နဲ့ လိမ္မော်ရောင်စပ်ကြား ကိုယ်ထည် Tail ကတော့ metallic black color ချွန်ထွက်နေတယ်.
(P.S: အကောင်သေးပေမဲ့အဆိပ်ကတော့ တော်တော်ကြီး ပြင်းပါတယ်နော် )
💥Where are rove beetle found?
(သူတို့တွေဘယ်နားမှာနေလဲ ဘယ်နေရာတွေမှာပေါက်ဖွားတတ်လဲ?)
Ans: စိုစွတ်တဲ့နေရာတွေမှာနေပါတယ်. ဒါပေမ့ဲ မိုးအရမ်းရွာလာပြီဆို ခြောက်သွေ့တဲ့နေရာတွေကိုသွားတတ်ပါတယ်. ကြည့်ရတာ အရမ်းစိုစွတ်တဲ့နေရာကိုတော့ကြိုက်ပုံမပေါ်ဘူး. မနက်ခင်းပိုင်းတွေဆို လေထဲကနေပြတင်းပေါက်တွေကနေတဆင့် နံရံတွေပေါ်မှာတွားသွားနေတာ တွေ့ရတတ်တယ်. ညခင်းတွေဆို မီးချောင်းတွေအလင်းရှိတဲ့နေရာတွေနားမှာနေတတ်ပါတယ်.
💥How can rove beetles afftect the humans? (လူတွေကိုဘယ်လိုအန္တရယ်ဖြစ်စေလဲ)
Ans: "မီးပိုးကောင် ကိုက်တယ်" လို့သာပြောကြပေမဲ့ တကယ်တမ်းသူတို့တွေက ကိုက်တာ အမြီးနဲ့ထိုးတာမျိုးတွေမလုပ်ကြပါဘူးတဲ့ (unless ကိုယ်ကသွားမထိရင်ပေါ့).. ပုံမှန်ဆိုမကိုက်တတ်ကြပေမဲ့ သူတို့သွေးထဲမှာတော့ Pederin လို့ခေါ်တဲ့ potent toxin တမျိုးပါပါတယ်. အဲ့အဆိပ်ကလူတွေနဲ့ထိမိတဲ့နေရာမှာ ချက်ချင်းလက္ခဏာမပြတတ်ဘူး. ၁၂-၃၆နာရီကြာပြီးမှ ပထမရက်မှာနီရဲပြီးယားမယ် (appear reddish rash or erythema) ပြီးရင် Sign of inflammation တွေဖြစ်လာမယ်. (အောက်ပုံတွေထဲမှာ မြင်ရပါလိမ့်မယ်).. ဆိုလိုချင်တာက ယောင်ယမ်းမယ် ပူပြီးနာလာမယ် burning sensation လို့ခေါ်တဲ့အထိ မီးစနဲ့ထိုးသလိုနာပါတယ်. နောက်ရက်တွေမှာ အဆိပ်ရည်နဲ့ ထိမိတဲ့အရေပြားပေါ်မှာ အညိုအမဲကွက်တွေဖြစ်လာမယ်. အဆိပ်နဲ့ထိမိတဲ့နေရာတဝိုက်မှာ blister လို့ခေါ်တဲ့ အရည်ကြည်ဖုလေးတွေပေါက်လာမယ် ကုတ်မိရင် အဲ့ဒိ့အရည်ကြည်ဖုလေးတွေပေါက်သွားပြီး ပိုးဝင်ပြီး အခြေအနေပိုဆိုးသွားနိုင်ပါတယ်. အဲ့ဒိ့လက္ခဏာတွေက ၄ ရက်ကနေ ၁၀ ရက်ထိကြာနိုင်ပါတယ်.
🗨️Complication ( နောက်ဆက်တွဲဆိုးကျိုးများ) :
- ပုံမှန်ဆို ၂-၃ ပါတ်အကြာမှာ အနာသက်သာပြီးလူကအကောင်းအတိုင်းပြန်ဖြစ်သွားပေမဲ့ အဆိုဝါးဆုံးပြဿနာက အမာရွတ်ကျန်တတ်ပါတယ်. အဖတ်တွေလန်မယ်. အရေပြားခြောက်ပြီး အက်ကွဲတာမျိုးလဲဖြစ်တတ်ပါတယ်. အသားပတ်သလိုမျိုးပေါ့. အဲ့ဒါကြောင့် လက်နဲ့သွားမကုတ်မိဖို့အထူးလိုအပ်ပါတယ်နော်..
💥How can I protect myself from rove beetle bites?
( မိမိကိုယ်ကိုယ်ဘယ်လိုကာကွယ်ရမလဲ?)
🌡️ Prevention and Control
👍🏼 1. Primary Prevention
(ဆေးမလိမ်းမသောက်ပဲ ရောဂါမဖြစ်ခင် ဘယ်လိုကာကွယ်ရမလဲ?)
Ans: မိမိပတ်ဝန်းကျင်မှာ သူငယ်ချင်းမိသားစုတွေ အပေါ်မှာဖော်ပြထားတဲ့ အကောင်အမျိုးအစား, အရေပြားပြသနာတွေတွေ့ရပြီဆို မိမိကိုယ်ကိုယ်ကာကွယ်လို့ရပါတယ်.
- အဓိကကတော့ မီးပိုးကောင်တွေကိုသွားမထိမိဖို့လိုပါတယ်. ကိုယ့်အရေပြားနဲ့မထင်မှတ်ပဲထိမိသွားရင် မြန်မြန် ဆပ်ပြာနဲ့ရေနဲ့သေချာဆေးထုတ်ပစ်ဖို့လိုပါတယ်. ဘာလို့လဲဆိုတော့ သူတို့ရဲ့ Toxin သည် easily penetrable through human skin ပါ. ဆပ်ပြာဆိုသည်မှာ dettol , ကာဘိုလစ်တို့လိုပြင်းတဲ့ဆပ်ပြာသုံးဖို့ တိုက်တွန်းချင်ပါတယ်. လက်နဲ့ကိုင်မိထိမိသွားရင်လဲ အရေးကြီးဆုံးဖြစ်တဲ့ မျက်စိနဲ့တခြား နူးည့ံတဲ့ခန္ဓာကိုယ်အစိတ်အစိတ်အပိုင်းတွေကိုမပွတ်မိအောင်လုံးဝရှောင်ရပါမယ်. မျက်စိကိုအဆိပ်ရည်ဝင်သွားတာနဲ့ severe conjunctivitis လို့ခေါ်တဲ့ပြင်းထန်တဲ့ မျက်စိယောင်ယမ်းခြင်းဖြစ်နိုင်ပါတယ်. နောက်တခုက အကျင်္ိဘောင်းဘီအရှည်တွေကိုဝတ်ဆင်ပေးဖို့လိုပါတယ်.
- ကိုယ်နေတဲ့ပတ်ဝန်းကျင် - မီးချောင်းတွေပြတင်းပေါက်တွေကို မလိုအပ်ပဲမဖွင့်ပါနဲ့. မီးပိုးကောင်တကောင်တေလများ တွေ့ခဲ့သည်ရှိသော် တအိမ်လုံးကိုချက်ချင်းပိုးသတ်ဆေးဖြန်းပေးပါ. (unfortunately, သူတို့ကအသက်ပြင်းပါတယ်). အိမ်သန့်ရှင်းရေးနဲ့အရမ်းတော့မဆိုင်ပေမဲ့ ဖုန်တွေအမှိုက်တွေလှဲထုတ်ပစ်ဖို့လဲတိုက်တွန်းချင်ပါတယ်. အိပ်ယာခင်း အဝတ်အသုံးအဆောင်တွေကို သန့်ရှင်းရေးလုပ်ပါ. သန့်ရှင်းရေးလုပ်နေစဉ်အရေးကြီးဆုံးက လက်အိတ် လက်ရှည်ဝတ်ဖို့လိုပါတယ်နော်..
👍🏼 2. Secondary Prevention
( သောက်ဆေးလိမ်းဆေးလိုလား?)
Ans : စိတ်မကောင်းစွာနဲ့ပဲ First aid treatment မရှိပါဘူးလို့ Australia NSW , AOCD (American Osteopathic College of Dermatology) က စာတမ်းတွေကပြောထားပါတယ်. မီးပိုးကောင်ကိုအရေပြားနဲ့တိုက်ရိုက်မထိတွေ့အောင်ရှောင်ရမယ်. ထိမိခဲ့ရင်လဲအထက်ပါအတိုင်း Soap & Water နဲ့သေချာေဆးကြောသန့်ရှင်းပစ်ရပါမယ်.
- နောက်တခုက Cold compression : ယောင်နေတဲ့နေရာတွေကိုရေခဲကပ်ပေးလို့ရပါတယ်
- Antihistamine lotion : မြန်မာပြည်ကဆေးဆိုင်တွေမှာတော့ colordryl or calamine lotion အမည်နဲ့ဆေးရည်တွေလိမ်းလို့ရပါတယ်
-Aloe vera : ရှားစောင်းလက်ပတ် cream လဲလိမ်းပေးလို့ရပါတယ်
- အထက်မှာပြောထားတဲ့အတိုင်းလုပ်ကြည့်ပေမဲ့ အရေပြားပြသနာအရမ်းဆိုးလာတယ် ယောင်လာတယ် ဖျားလာတယ် အရိုးတွေထိပါနာလာတယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းမှာဆရာဝန်နဲ့ ထိထိရောက်ရောက်ပြသင့်ပါတယ်.
- တချို့ study တွေမှာတော့ စဖြစ်ဖြစ်ချင်းပထမရက်မှာ Combine treatment ပေးလို့ရပါတယ်. သောက်ဆေးအနေနဲ့ သက်ဆိုင်ရာပိုးသတ်ဆေး (antibiotics ), အယောင်ကျဆေး (antihistamine) + လိမ်းဆေး (Topical steroids) တွေပေးရင်အထောက်အကူဖြစ်တယ်လို့ပြောထားပါတယ်.
- နောက်တခုပြောချင်တာက Potassium permanganate ပါတဲ့ Calamine လိမ်းပေးတာက Steroid လိမ်းတာထပ်ပိုပြီးအကျိုးရှိတယ်လို့ NCBI ကပြောထားပါတယ်. AOCD ကတော့ Ciprofloxacin ပိုးသတ်ဆေးသောက်ဆေးကို Strong Topical Corticosteroid လိမ်းဆေးနဲ့တွဲပေးခြင်းဟာ အနာကျက်နှုန်းပိုမြန်တယ်လို့ဆိုပါတယ်.
- ဆိုးရွားစွာမျက်စိယောင်ယမ်းခြင်း (Severe conjunctivitis ) ဖြစ်လာပြီဆိုရင်တော့ နုနယ်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်း ဖြစ်တဲ့အတွက် သက်ဆိုင်ရာမျက်စိဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှုခံယူတာအကောင်းဆုံးဖြစ်ကြောင်းအကြံပေးချင်ပါတယ်.
👍🏼3. Tertiary Prevention
( Infection ကနေနလန်ပြန်ထပြီး နောက်ဆက်တွဲပြသနာတွေကိုဘယ်လိုဖြေရှင်းမလဲ?)
Ans:ဖြစ်နိုင်တဲ့ေနာက်ဆက်တွဲဆိုးကျိုး (Possible Complication after infected ) တွေကိုအထက်မှာဖော်ပြပြီးဖြစ်ပါတယ်. လောလောဆယ် အဖြစ်များဆုံးကတော့ အမာရွတ်အညိုကွက်တွေပါ. အကြံပေးချင်တာကတော့ အမာရွတ်ပျောက်ဆေးစွဲလိမ်းပေးသင့်ပါတယ်. သက်ဆိုင်ရာဆေးဆိုင်တွေမှာ အမာရွတ်ပျောက်ဆေး (eg: hiruscar, hirudroid) တို့ရနိုင်ပါတယ်. ဒါပေမဲ့ ပျောက်ဖို့အချိန်အတော်ကြာပါတယ်နော်.
💥Conclusion (နိဂုံးချုပ်)
- ချုံပြောရရင်တော့ မီးပိုးကောင်က အေးတဲ့ရာသီစိုစွတ်တဲ့ရာသီမျိုးတွေမှာပိုပေါလို့ ရှေ့လာမဲ့ဆောင်းတွင်းမှာ အထက်ပါအချက်လေးတွေအတိုင်း မဖြစ်ခင်ကြိုတင်ပြီး မိမိကိုယ်ကိုယ်ကော မိသားစု မိတ်ဆွေတွေကိုကော ကာကွယ်တတ်ဖို့လိုပါတယ်. Prevention is better than cure ပါနော်. နောက်တခုအရေးကြီးဆုံးမှာချင်တာကတော့ ဆေးမီးတိုတွေနဲ့လုံးဝလုံးဝ ❌🙅♀️မကုကြပါနဲ့. ရောဂါပိုဆိုးပြီး ပြင်ပကပိုးတွေပါဝင်ပြီးအခြေအနေတွေဆိုးသွားတတ်ပါတယ်..
P.S: Rove beetle ခေါ် မီးပိုးကောင်မှာ မြန်မာပြည်တွင် outbreak သဘောအသွင်ဆောင်လာတဲ့အတွက်ကြောင့်သော်လည်းကောင်း, ပြင်းထန်တဲ့လက္ခဏာတွေကြောင့်သော်လည်းကောင်း လူတိုင်း ဗဟုသုတရစေရန်အလို့ငှာ International အကိုးအကားတွေနဲ့တကွရေးသားပြီးတင်ပေးလိုက်ပါတယ်. မှားယွင်းရေးသားမိသည်ရှိသသော်လည်းသည်းခံပေးကြပါလို့ တောင်းပန်အပ်ပါတယ်နော် 😊
Dr Thin Mon Kyaw @ Dr Sofia Daud
https://www.facebook.com/shinnine.mon/posts/10212865490185716