ads bit

Pages

Monday, April 25, 2022

Reproductive health-menstruation

Reproductive health-menstruation

#Menstruation

#အမျိုးသမီးဓမ္မတာလာခြင်း_ရာသီသွေးဆင်းခြင်း

အစကမရေးဘဲနေမလို့ပါပဲ။

ဒါမဲ့အငြင်းပွားတာတွေများလာလို့။

!စာရှည်ပါတယ်။သိချင်မှဖတ်ပါ။!

ရာသီလာတယ်ဆိုတာ………

သားအိမ်နံရံတွေပြိုကျခြင်းလို့ သင်ခဲ့ရပါတယ်။

အမျိုးသမီးတစ်ယောက်အပျိုစဖြစ်ပြီးဆိုရင်သားအိမ်ဖွံဖြိုးလာပါတယ်။

လိင်ဆက်ဆံဖို့နဲ့သန္ဓေတည်ဖို့ထိုအမျိုးသမီးကအဆင်သင့်ဖြစ်ပါပြီ။

ရာသီသွေးဆင်းရတဲ့အကြောင်းကတော့ သားအိမ်နံရံပါကပ်တွယ်စရာ

သားလောင်းမရှိလို့ပဲဖြစ်ပါတယ်။တစ်နည်းအားဖြင့် ကိုယ်ဝန်မရှိလို့။

ထို့ကြောင့်သားအိမ်နံရံတွေပြိုကျရခြင်းပဲဖြစ်ပါတယ်။

1 လက္ဖက္စားလို့ရလား?

စားလို့ကတော့ရပါတယ်။(မသေနိုင်ပါဘူး)

လက်ဖက်ထဲမှာပါတဲ့CAFFINEဆိုတဲ့ဓာတ်က

ရာသီသွေးစီးဆင်းရာလမ်းကြောင်းကိုတော့ နာကျင်စေနိုင်ပါတယ်။

အဲ့ဒါကြောင့် လူကြီးတွေက လက်ဖက်သုပ်မစားဖို့တားကြတာပါ။

tea,coffee မသောက်တာအကောင်းဆုံးပါ။

နာကျင်မှုကိုခံနိုင်ရင်တော့သောက်ပေါ့။

2 Sugar,Salt?

တစ်ချို့ဆရာဝန်ကတားပင်မဲ့တစ်ချို့ကတော့မတားပါဘူး။

သကြားနဲ့ဆားက ပုံမှန်အနေထားလောက်စားတာကိစ္စမရှိပင်မဲ့

periodအတွင်းအလွန်အကြူးစားသုံးမိရင်

ဆီးချိုနဲ့သွေးတိုး ဖြစ်စေနိုင်ချေများလို့ပါ။

အများအပြားစားရင် အသက်အန္တရာယ်စိုးရိမ်ရပါတယ်။

အအေးလည်းသောက်လို့ရပါတယ်နော်။

မသောက်ခိုင်းကြတာက အအေးအများစုသည်ချိုလို့

အဲ့အပြင် အေးနေတဲ့အရည်တွေက ဗိုက်အောင့်တတ်လို့ပါ။

3 ပြေးလို့ရလား?

ဒါကတော့ရှင်းရှင်းလေးပါ နေရာလွဲသွားမှာစိုးလို့ :")

ပြေးလို့ရပါတယ်။ဒါမဲ့ ပုံမှန်မိန်းကလေးတစ်ယောက်ဟာ

ရာသီလာနေချိန်ဆိုရင် ပင်ပန်းတတ်ပါတယ်။

တစ်ချို့မိန်းကလေးတွေကတော့ ရောဂါတစ်ခုသဖွယ်နာကျင်ကိုက်ခဲ၏။

Padဆိုတဲ့ဂွမ်းထုတ်တွေမပေါ်ခင်က ထဘီအစုတ်လေးခေါက်ပြီး

သုံးခဲ့ရတဲ့အတွက်လူကြီးတွေကမပြေးခိုင်းတာပါ။

သို့သော် အခုpadသုံးထားရင်တောင်ကျပ်နေတဲ့underwearနဲ့မှ

ပြေးလို့အဆင်ပြေပါလိမ့်မယ်။အပေါ်ကပြောထားသလိုပဲ

နေရာလွဲသွားမှစိုးလို့ပါ

4 ခေါင်းလျှော်ခြင်း ရေချိုးခြင်း?

တစ်ကိုယ်ရေသန့်ရှင်းရေးကတော့နေ့တိုင်းလုပ်သင့်ပါတယ်။

အထူးသဖြင့်periodကာလမှာပေါ့။အချိန်အခါနဲ့အခြေအနေအရ

ရေချိုးလို့လည်းရပါတယ်။ခေါင်းလျှော်လို့လည်းရပါတယ်။

ဒါမဲ့ အရမ်းအေးတဲ့ဒေသတွေ နှင်းအမြဲကျတဲ့ဒေသမှာနေတဲ့

မိန်းကလေးများအဖို့ကတော့ ရေမချိုး ခေါင်းမလျှော်တာအကောင်းဆုံးပါ။

အဓိက အကြောင်းအရင်းရယ်တော့မရှိဘူး။

သွေးခဲတတ်လို့ပါ။ရေမချိုးလည်းသေမသွားဘူးလေနော်။

ရာသီသွေးရပ်တန့်သွားခြင်း သွေးခဲသေခြင်း ဖြစ်တတ်၏။

5 ရာသီသွေးကသန့်စင်လား?

ဒါကအဓိကပြောပြချင်နေတဲ့အရာ!တစ်ချို့သောနိုင်ငံမှလူများနဲ့

မြန်မာနိုင်ငံရဲ့လူ၉၉ရာခိုင်နှုန်းသည် ရာသီသွေးကို ရွံတတ်ကြပါတယ်။

သွေးပုတ် သွေးညံံ့လို့လည်းခေါ်ကြသလို။

တစ်ချို့ဆို ရာသီလာရင် အခန်းပြင်တောင်ပေးမထွက်တဲ့အိမ်တွေရှိပါ၏

သန့်စင်လားမသန့်စင်လားမပြောခင် ဘာလို့ရွံကြရတာလဲ?

ရာသီလာနေတဲ့မိန်ကလေးတစ်ယောက်ကို ရွံစရာအကြည့်တွေနဲ့

ကြည့်တယ်။ (မသိရင် ပြစ်မှူကြီး ကျူးလွန်ထားသလိုပဲ)

ဘာလို့ရွံကြတာလည်းဆိုတော့ အဲ့သွေးဟာ အမျိုးသမီးအင်္ဂါထဲမှ

ထွက်လာခြင်းဖြစ်လို့ပါ။ စာများအနည်းငယ်ရိုင်းမည်။

သေချာစဉ်းစားကြည့်ရင့် မြင့်မြတ်လှပါတယ်ဆိုတဲ့ ယောကျာ်းတွေတောင်

အဲ့ထဲကထွက်လာကြတာလေ။ပုံမှန်အချိန်ဆိုပေါင်ကြားထဲခေါင်းစိုက်နေကြတဲ့ကောင်တွေက

ရာသီလာတာကို မတူသလိုမတန်သလို ရွံရှာပြောနေကြတယ်။

ဘုရင်ဆိုလူတောင်တဲ့ပလ္လင်ပေါ်ထိုင်ဖို့ အဲ့ထဲကမွေးလာရတာ။

ဒါကိုဘာလို့ရွံကြရတာလည်း အဲ့Logicကြီးလည်းပြင်ကြဦး။

မေးခွန်းကိုပြန်သွားရင် သန့်စင်ပါတယ်။

သွေးထဲမှာ ရောဂါပိုးမရှိမခြင်း ရာသီသွေးဟာသန့်စင်ပါတယ်။

လက်မောင်းကဖောက်ထုတ်လိုက်တဲ့သွေးနဲ့ရာသီသွေးက

တူညီစွာသန့်ရှင်းပါတယ်။

6 ဘာကြောင့်နံရတာ ဘာကြောင့်သွေးတွေညိုသွားရတာ?

နံပြီးညိုနေလို့ သွေးပုတ်တွေလို ရှေးမြန်မာတွေကယူဆခြင်းဖြစ်သည်။

ညိုရတဲ့အကြောင်းက သွေးဆိုတာလေနဲ့ထိရင်ညိုပါတယ်။

(မယုံရင် ဓားယူပြီးလက်ကိုလှီးလိုက် ၅မိနစ်ပဲစောင့် ညိုလာလိမ့်မယ်)

သွေးလှူတဲ့သွေးကဘာလို့မညိုလည်းဆိုတော့ အဲ့သွေးတွေကပြင်ပက

လေနဲ့မထိတွေ့ခင်မှာလေလုံအိတ်ထဲရောက်သွားလို့ပါ။

နံတာကတော့ ပြင်ပမှာရှိတဲ့Bacteriaတွေနဲ့ထိတွေ့သွားလို့ပါ။

ရာသီသွေးစဆင်းတာနဲ့ Padအသစ်လည်းထားတာတောင် နံနေရင်

Vaginaနဲ့pussyမှာbacteriaတွေရှိနေလို့။

ဆရာဝန်နဲ့ပြသင့်ပါတယ်။Padတစ်ခုဟာ ၄နာရီပဲအသုံးခံပါတယ်။

ထို၄နာရီအတွင်း ဆိုးဝါးစွာနံနေရင် သွေးထဲပါ ရောဂါပိုးရှိနေလို့ပါ။

၄နာရီကျော်မှနံလာရင် ဒါဟာ ပြင်ပလေနဲ့ထိတွေ့ပြီးတဲ့အပြင်

padက မသန့်ရှင်းတော့လို့ပါ။

ကိုယ်ဝန်ရှိတယ်ဆိုတာ အဲ့လိုတစ်လတစ်ခါ ဆင်းရမဲ့သွေးတွေက

မဆင်းတော့ပဲ သားအိမ်ထဲမှာပဲကလေးတစ်ယောက်ဖြစ်လာတာပါ။တစ်နည်းအားဖြင့်စဉ်းစားရင်ကလေးဆိုတာရာသီသွေးနဲ့ဖြစ်တည်လာတာ

 ရာသီသွေးကသွေးပုတ်တွေပါဆိုပြီး ရွံနေရင်

အဲ့သွေးတွေနဲ့ဖြစ်တည်လာခဲ့တဲ့ ကွကိုလည်းရွံ့လိုက်ပါ။

 မူရင်းရေးသားသူ Dr. Min Min Thway အား ကျေးဇူးဥပကာယ တင်အပ်ပါသည်။

https://www.facebook.com/thaesuyiwyne2022/posts/473954101147316?__cft__[0]=AZV6L7xGwpYAdgzUQUQVnZY9RwjvGd7VrqVZYyRBY2lHk2eCbJSzuGouyw2Xoawe3Ucic0i3CmvzbfdpXhHTJWC6uA3HD_MuwTXk1AOuCKKBEbWAjcIQfpPt1hExS-TfB6YoZ0gThZDg_Y6oPaj1ZzprNNN6kHC_-cpGOHPEUNg30Q&__tn__=%2CO%2CP-y-R

Monday, December 16, 2019


ဆီးချိုသွေးချိုရောဂါနှင့် အင်ဆူလင်" တိုက်ရိုက် Live အစီအစဉ်...
အမ်ိ ုး အစား ၁ ဆီး ခ်ိ ု
၂ ဆီးခ်ိ ု
အမျိုးအစား ၁ ဆီး ချိုသည် စတွေ့ကတည်းက ၉၀ လောက်က Insulin မရှိ မထုတ်နိုင် တာ
ဖြစ်တဲ့ အတွက်insulinကို  တစ်သက်လုံး ထိုး သွား၇မှာဖြစ်သည် အမြဲ ထိုး၇မည်ဖြစ်သည်
အမျိုး အစား ၂ ကို ဆေးရုံတက်ရတဲ့ အခါ လေဖြတ် လို့ ဖျားနာလို့ ခွဲစရာရှိလို့ တစ်ခုခု ကြောင့် တက်ရ
ပါက သောက်ဆေး ခဏနားပြီး ထိုး ဆေး ပေး
ဆေးရုံ ဆင်းရင် ထိုးဆေးနားပြီး
သောက်ဆေးများဖြင့် သွား၇မည်
=================
သကြားဓါတ် သဘောတရား
အပြင်က နေ စားလိုက်တဲ့ အစာတွေကနေ glucose ၇
အူလမ်းကြောင်း ကနေ စုပ်ယူပြီး သွေးထဲ ရောက်
သွေးထဲက နေ insulin အကူနဲ့ cell ထဲကို glucose ၇ိုက်သွင်းပြီး
စွမ်းအင် ရဖို့ ဖြစ်တယ်  ပိုနေတာကို liver မှာ ပြန် သိမ်းတယ်
လိုအပ်သော် အခါ အသည်းမှာ သိမ်းထားတဲ့ အပိုင်းတွေကနေ
ပြန် ထုတ် ပေးတယ်
insulin မ၇ှိတာ ဘဲ ဖြစ်ဖြစ် မထုတ် နိုင်တာဘဲ ဖြစ်ဖြစ်
ထွက်လာတဲ့ insulin တွေက အာနိ သင် မရှိတာဘဲ ဖြစ်ဖြစ်
အဲ့လို အခြေအနေ မှာ သွေးထဲ သကြားဓါတ် ၂၇ာ ကျော် များလာနိုင်
သွေးထဲ သကြားထဲများလာရင် သွေးကြောတွေ ပိတ် ဆို့မှု ဖြစ်ဖို့ အလားအလာ
များလာနိုင် ခြေ ထောက် မှာ သွားပိတ်ရင် ထုံ ကျင်မယ် ခြေ ထောက်တွေ ဖြတ်
ပြစ်ရတဲ့ အထိ ဖြစ်တတ်
ဦးနှောက်မှာ သွားပိတ်ရင် လေဖြတ်
နှလုံး မှာသွားပိတ်ရင် နှလုံး သွေးကြောကျဉ်း နှလုံးအောင့်
ကျောက်ကပ်မှာ သွားပိတ်ရင်ကျောက်ကပ်ပျက်
မျက်စိ အမြင်လွှာမှာ သွားတဲ့ သွေးကြောထိရင် မျက်စိ ကွယ်မယ်
စသဖြင့် ဆိုးကျိုးတွေ များလာပါလိမ့်မယ်
သွေး ထဲ သကြားဓါတ်ကို မထိန်း ပါက
 အမျိုး အစား၂ ဆီး ချိုတွေမှာ ဆေး ၃ မျိုး လောက်နဲ့
သွေးတွင်း သကြားဓါတ် ထိန်း မရတော့ရင်
Insulinနဲ့ ပြောင်း ထိန်းရပါတယ်   
အသက်ကြီးလာလေလေ insulin မထုတ် နိုင်  2 to 6 percent ပျက်
ဆီးချို ဖြစ်တာအနှစ် ၂၀ ရှိနေပြီးဆိုရင် 2 percent နဲ့ ဘဲ ပျက်အုံး 40 percent မ၇ှိ
50 percent ကလည်း မရှိတော့ရင် 10percent နဲ့ သောက်ဆေးနဲ့ ဘယ်လိုမှ မနိုင်တဲ့ အတွက်
ထိုးဆေး သုံးကို သုံးမှာဖြစ်တယ် insulin
နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကာကွယ် ဖို့ အတွက် insulin ကို ထိုးရမှာဖြစ်ပါတယ်
===========================
ပုံမှန် range or target အတွင်း ရောက်အောင် ထိန်း ရမှာ ဖြစ်သည်
fbs 80 to 130 mg/dl
2hpp 180 အောက် ဖြစ်ရမယ်
၃လ တစ်ခါ စစ် သော Hba1c သည် 7 percent အောက်ဖြစ်ရမယ်
ထိန်း နည်း  ၃ ခုရှိ
========================
၁  အစား အသောက်နဲ့ လေ့ကျင့် ခန်း ပုံမှန် လုပ်  ပြီး ထိန်း
သို့ သော် pancreas က လုံ လောက်တဲ့ insulin မထုတ် နိုင်ခြင်း
ထွက်လာတဲ့ insulin တွေက အလုပ် ကောင်း ကောင်း မလုပ်ခြင်း ဖြစ်မယ်ဆိုရင်
သောက်ဆေး သောက်ပြီး  insulin ကို cell ထဲကနေ ထွက် အောင် လှုံ့ ဆော် ခိုင်း
အစား အသောက်ကို ပုံမှန်စားဖို့ လို့အပ် များများစားဖို့ လည်း မလိုအပ်
များများစားလိုက်ပြန်ရင်လည်း ဆီးချိုတက်လာနိုင်သလို
အပြင် အထန်း လေ့ကျင့်ခန်း လုပ်လိုက်ရင်လည်း ဆီးချိုအရမ်းကျ ၈၀ အောက်
၇၀ အောက် ကျသွားပါက
အမြန် ဇွန်း တစ်ဇွန်း ပမာဏ
လက် ဖက်ရည် ဇွန်း 5g ၃ ဇွန်း  ၄ ဇွန်း
ဖန်ဝဲ ရေ တစ်ဝက်ထည့်ပြီးသောက်ရန်
လေ့ကျင့်ခန်းနဲ့ အစား အသော်ထိန်းတာသည် သောက် ဆေး ထိုးဆေး  အဆင့်မှာလည်း ဆက်လုပ်သွား၇မည်ဖြစ်သည်
========================
အစား အသောက် မထိန်း နိုင်  လေ့ကျင့်ခန်းတွေလည်း မလုပ်နိုင် သူများက ဆေးနဲ့ထိန်း
၂ သောက် ဆေးနဲ့ ထိန်း
သောက်ဆေး သဘောတ၇ားက cell တွေကို ဒုတ်နဲ့ ရိုက်ပြီး insulin ထပ်ထွက်အုံး
ဆို ပြီး  ထုတ် ခိုင်းနေတာဖြစ်တယ်
metformin   biguanide အုပ်စု   500 mg လာမယ် 850 mg နဲ့ လာမယ်
၁ နေ့  ၁ ကြိမ်  ၂ကြိမ် ၃ ကြိမ် အများဆုံး အဲ့ လောက်ထိ ပေး တာမျိုး ၇ှိ
Maximum dose: 2550 mg/day. 2000 mg/day
၅၀၀ mg ဆိုရင် ၄ လုံး ထက်ပို မသောက်ရ
850 mg ဆိုရင် ၂ လုံး ထက် ပို မသောက်ရ
gliclazide   sulfonylurea အုပ်စု   Diamicron MR 30 mg
The maximum recommended daily dose is 120 mg 4လုံး အများဆုံးပါဘဲ  အဲ့ ထက်ပို မသောက်သင့်ပါ
Sitagliptin 100 mg dipeptidyl peptidase-4 (DPP-4) inhibitors (JANUVIA)
Maximum daily dose is 100 mg
Sitagliptin is a once-daily DPP-4 inhibitor that works by blocking the action of DPP-4, an enzyme which destroys the hormone incretin. Incretins help the body produce more insulin only when it is needed and reduce the amount of glucose being produced by the liver when it is not needed.
ဆေး သုံး မျိုး လောက်နဲ့ အမြှင့် ဆုံး တင် လို့ ထိန်း မရတောလျှင်
ထိုး ဆေး ပြောင်းရ
========================
၃ ထိုးဆေးနဲ့ ထိန်း Insulin R N
1 နေ ၁ ကြိမ် ထိုးတာ နဲ့ အဆင်မပြေပါက
၁ နေ့ ၂ ကြိမ် ထိုး နည်း ရှိ
စားဆေးတွေက ထမင်း စားပြီးမှ သောက်ရ
ထိုးဆေးတွေက ထမင်း မစားခင် နာ၇ီဝက်ကြို ထိုးရ
insulin အမ် ိုး အစား ၂ မ်ိ ုးရိွ
R
N
G
RN ဆိုတာ၇ိွ


01.စားပြီးရင် တက်လာတဲ့ သကြားကို ချ ဖို့ insulin
စားရင် တက်လာမယ့် glucose ကို ထိန်းတဲ့ Insulin
==================================
(peripheral insulin ,bolus insulin , nutritional insulin,regular insulin
conventional insulin)
R သေင်္ကတ၇ှိ
ဆေး ထိုးပြီး နာရီ ၀က်အတွက် အစာ စားရတယ်
analog insulin နောက်ပိုင်းဝင်လာ rapid acting
အဲဒါက ဆေး ထိုးပြီး ၁၀ -၁၅ မိနစ် ဆို အစာ စားရတယ်

စားစား မစားစားရင် တက်လာမယ့် glucose ကို ထိန်းတဲ့ Insulin
==================================
စားရင်တက်လာမယ့် glucose ကို အပို အလျှံ တွေကို liver မှာသိမ်းတယ်
မစားတဲ့ Liver ကနေ glucose ပြန် ထုတ် ပေးတယ်
မစားတဲ့ အချိန် liver က နေ ပြန် ထွက်လာတဲ့ glucose ကို ထိန်း ဖို့ အတွက်
basal insulin အများသောအားဖြင့် ညဖက် ထိုးရ
conventional အထဲက Nဆိုတဲ့ insulin ကို ထိုးတာရှိ
စားစား မစားစား တက်လာမယ့် glucose ကို ထိန်း ဖို့ သုံး
နောက်ပိုင်း အသစ်ဝင်လာတဲ့ analog တွေ glagine G ညဖက်ထိုး N ဘဲဖြစ်ဖြစ်
1 နေ့ ၂ ကြိမ်ထိုးသမားတွေမှာ
r and n နဲ့ ရော ထားတာတွေ၇ှိတယ်
rapid acting + long acting ရောထားတာရှိ

==================================================
ထိုးနည်း
၁ နေ့ ၁ ကြိမ် နဲ့ ၁ နေ့ ၂ ကြိမ် တွေက အပြင်မှာ ထိုးတာများတယ်
၁ နေ့  ၁ ကြိမ် ထိုးနည်း၇ှိမယ်
၁ နေ့ ၂ ကြိမ် ထိုးနည်းရှိမယ်
၁နေ့ ၄ ကြိမ် ထိုး နည်း ၇ှိမယ်   ဆေး၇ုံမှာ ထိုး တာများတယ်
=========
၁ နေ့ ၁ ကြိမ် ထိုးနည်း တွင်
၁၂ နေ့ဖက် သောက်ဆေး   သုံး မျိုး သောက်
ညဖက် ၉ နာရီ ၁၀ နာ၇ီ
basal insulin N သို့ မဟုတ် G ကို ထိုး
အရင် အနှောက်လို့ ခေါ် တယ်
ခေါ်တာသိပ် မကြိုက် တဲ့ လူလည်း ရှိ
၉ နာရီ ၁၀ နာ၇ီ
ညဖက် insulin ထိုး ၁ ကြိမ်
အစာမစားလည်း ရတယ် ထိုးရတယ်
အကြမ်း ဖျင်း 10 unit လောက်နဲ့ စ
.2 unit per kg
eg  60 kg ဆို၇င် .၂ unit နဲ့ မြှောက်လိုက် ၁၂ unit နဲစ
မနက် မစာ မစားခင် ဖောက် စစ် ကြည့် လို့
၈၀ နဲ့ ၁၃၀ ကြား ရောက် ရင် အရင် ထိုး နေကြ အတိုင်း ထိုး
၈၀ အောက် ကျရင် 2 unit လျှော့  ထိုး
၁၃၀ အထက် များနေရင် ၂ unit တိုး ထိုး
ထိုး တိုင်း ဆီး ချိုမကျပါက လိုက် ညှိ ရမယ်
fbs စစ်လို့ အဖြေ ပေါ် မူတည်ပြီး လိုက်ညှိရမယ်
ည ၉ ၁၀ နားမှာ ၁၀ ထိုးတယ်
မနက် ၆ နာ၇ီ အဖြေကြည့်ပြီး
၈၀ အောက်ဆို ၂ unit လျှော့ 
၈၀နဲံ ၁၃၀ ကြားဆို ယခင် အတိုင်း ထိုးနေကြ အတိုင်းသွား
၁၃၀ ကျော်ရင် 2 unit တိုး ထိုး
၃ ၇က် လောက် စောင့် ကြည့် ပြီးမှ အတိုး အလျှော့ လုပ်တယ်
၃ရက် အတွင်း မကျရင် 12 12 12 to 14 14 14 တိုးကြည့်တယ်
မကျသေးရင် ၃၇က် အတွင်း မကျသေး၇င် 16 16 16 တိုး
အဲ့လို နည်းနဲ့ တိုးသွားလို့ ရ
အများဆုံး 50 unit အထိ တိုးသွားလို့ ရ
50 unit အထိ တိုးလို့ ဆီး ချို မကျရင်
၁ နေ့ ၂ ကြိမ် ထိုး စနစ်ကို ပြောင်း

ဆေး ပုံမှ သောက် ပုံမှန် ထိုးလို့ တက်နေရင်
မနက်ခင်း ဆီး ချိုး တက်နေ တတ်တယ်
သကြား မစားဘဲ တတ် တာသည် အသည်းကနေ ပြန် ထုတ် ပေးလို့ တတ်တာဖြစ်

==============
၁ နေ့2  ကြိမ် ထိုးနည်း ကို
၁ နေ့ ကို ၁ ကြိမ် ထိုးနည်းနဲ 50 unit အထိ ဆေး မတိုးရင် စမယ်
၁ နေ့ ၄ ကြိမ် ထိုး စနစ် ကနေ အောက် ချ ခြင်တဲ့ ဆေးရုံကနေ ဆင်းမယ့် လူနာတွေကို
အကြိမ် ရေ နည်းဖို့ အတွက် ပြောင်းပေးတာမျိုးလည်း ၇ှိမယ်
၆နာရီမနက်စာ မစာခင်  နာ၇ီ ၀က် ကြိုတင် ထိုး
၆နာရီညနေစာ မစားခင် နာရီဝက်ကြိုတင် ထိုး
အရော insulin mix tard company နာမည်
အရော insulin နဲ့ စ
30 70   mixtard 30
insu nova 30
နှစ်မျိုးပါတယ်
R လို ခေါ်တဲ့ အခု ထိုး အခုကျတဲ့ ဆေး
အခု ထမင်းစား အခုထိုး အခု နာ၇ီဝက်အတွင်း ကျတဲ့ ဆေး
၆ နာ၇ီ ခံတယ်
Nဆိုတာ ညထိုး ၉ နာရီ ၁၀ နာရီ ထိုးတာ
၁၂ နာ၇ီခံတယ်
R and N ကို ပေါင်းထားတာ ၁ နေ့ ၂ ကြိမ် ထိုး စနစ် က
Novomix insulin
၆နာရီ မနက်စာ မစားခင် နာရီ ၀က်
တစ်ခါ ထိုး မယ်
ညနေ၆နာ၇ီ  အစာ မစားခင် နာရီဝက်
တစ်ခါ ထိုး မယ်
မစားခင် နာရီ ၀က်ကြိုထိုးရတယ်
မစားခင် သွေး ဖောက် မယ်
နာရီဝက် ကြိုတင် ဆေးကို ထိုးမယ်
နာရီဝက်ကြာရင် စား
ဖောက် ထိုး စား ဆို ပြီးအလွယ်မှတ်
.5 unit /kg နဲ့ သွား
eg 60 kg ဆိုရင် 30 unit ရမယ်
မနက်၆ ကို ၂၀  မနက် သုံး ပုံ ၂ ပုံ
နေလည် ၁၂ ကို ၁၀   သုံးပုံ ၁ ပုံ
အဲ့ မှာလည်း ပြန် ညှိရတာ၇ှိ
မနက် တက်ရင် မနက်ကို တိုးတယ်
နေလည်တက်ရင် နေလည်ကို တိုးတယ် ဆိုတာမှားတယ်
မနက် ၆ နာ၇ီမှာ ထိုးတယ် ဆိုရင်
R က 6 နာ၇ီ ခံတဲ့ အတွက် နေလည်၁၂ နာရီအထိ သွားမယ်
N က ၁၂ နာ၇ီ ခံတဲ့ အတွက်  ညနေ၆ နာ၇ီ အထိသွားမယ်
ဒါ ကြောင့် မို့ မနက် insulin အဖြေက
နေ့လည်စာ မစာခင် နဲ့ ညနေစာ မစားခင်နဲ့ သက်ဆိုင်တယ်
နေ့လည်စာ မစာခင် အဖြေ
့ ညနေစာ မစားခင်အဖြေ ကို ကြည့်
အတိုးအလျှော့ ကိုလည်း
နေ့လည်စာ မစာခင် နဲ့ ညနေစာ မစားခင်မှာ သွားပြင်ဆင်ရမယ်
၁၄၀ နဲ့ ၁၈၀  ကြားမှာ ရှိရမယ်
မ၇ှိဘူးဆို၇င်
၁၈၀ အထက် ကျော်နေမယ်ဆိုရင်
 မနက် insulin ကို တိုးရမယ်
၁၄၀ ထက် နည်းနေမယ်ဆို၇င်
မနက် Insulin ကို လျှော့ ရမယ်
မနက် Insulin အတိုး အလျှော့ သည်
နေလည်စာ မစားခင်
ညနေစာ မစားခင်နဲ့
တိုင်းတာမှု ရ လဒ်နဲ့ သက်ဆိုင်တယ်
ဒါကြောင့် ညနေ တက်ရင်  မနက်ကို တိုးရမယ်
နေလည်တက်ရင်လည်း မနက်ကို ဘဲတိုးရမယ်
မနက် ၆ နာရီ နဲ့ ညနေ ၆ နာရီ အတွင်း အတက် အကျကို
ညှိ ခြင်ရင် 
မနက်ကို ဘဲ ညှိယူရမည်
၁၄၀ နဲ့ ၁၈၀ ကြား ဖြစ်ရမယ် များနေ၇င် insulin ကို တိုးမယ်
နည်းနေရင် Insulin ကို လျှော့မယ် 2 unit
2 unit အတိုးအလျှော့ကို ၃ ရက်လောက် စောင့်ကြည့်ပြီးမှ
အတိုးအလျှော လုပ်တယ်
မနက် ထိုး တာ ကောင်း မကောင်း  နေ့လည်နဲ့ ညနေ ကို ကြည့်
၈၀နဲ၁၃၀ကြား ၀င် ၇င် ဒီ အတိုင်း ဆက်ထိုး
တက်နေရင်  မနက်ကို တိုး ပါ 
ကျနေရင် မနက်ကိုလျှော့ပါ
ညနေ၆ နာ၇ီ ထိုးတာ ကောင်း မကောင်းကိုကြည့်ခြင်ရင်
ညအိပ် ခါနီး၁၂နာရီ နဲ့ နောက် တနေ့ မနက်၆ နာရီကို ကြည့်ပါ
မနက်မှာ တက်နေ ရင် နေလည်၆နာ၇ီ Insulin ကို လျှော့မယ်
ပုံမှန်၈၀နဲ့ ၁၄၀ ကြားဆို ပုံမှန် အတိုင်းသွား
တိုးနေရင် နေလည်၆ နာရီ ထိုးတာလျှော့ ပေး
မနက်တက်နေရင် မနက်ကို မတိုးနဲ့
ညနေတက်နေရင် ညနေ မတိုးပါနဲ့
လုံးဝ မှားတယ်
မနက်တက်ရင် ညနေတိုး
ညနေတက်ရင် မနက်တိုး
===============
၁ နေ့ ၄ ကြိမ် ထိုး နည်း
စားသောက်မမှန်
စားသောက်များ ပမာဏများ
အစာအတွက် လိုအပ်သော insulin ထိုး ပေး
၆နာ၇ီ မနက်စာ မစားခင် ၁ ကြိမ်
၁၂နာရီ နေ့လည်စာ မစားခင် ၁ ကြိမ်
ညနေ ၆ နာ၇ီ ညစာ မစားမှီ ၁ ကြိမ်
အကယ် ၍  နေလည်စာ မစားရင် နေ လည်စာအတွက်
insulin ထိုး၇န် မလို
အစာ မစားရင် အဲ့ အတွက် ထိုးစရာ မလို
ညပိုင်းကျ basal insulin 12 နာရီ ထိုး
=========================
side effect ဆိုးကျိုးတွေ
သွေး ချိုအကျ လွန်ခြင်း 
-insulin ပို ထိုးမိခြင်း
-စားပုံမှန် မစားခြင်း
-နေမကောင်းလို့ ပျို့အန့်လို့ မစားနိုင်ခြင်း
သွေး ချို့တအားကျလာရင် ဖော်ပြလေ့ရှိတာက
မကြာမကြာဆာ
ချွေး စေး ပြန်
ကတုန်ကယင် ဖြစ်
ခေါင်းမူး
သတိလစ်
ရင်တုန်
တကယ် ကျ တာ သေချာဖို့ မြန်မြန် ဖောက်စစ်လိုက်လို့ ၇၀ အောက် ရောက်ခဲ့၇င်
သွေးချိုကို မြန်မြန် ပြန် ဖြည့်ရမယ်
ပြီးရင်ဆက်ထိန်း၇မယ် ပုံမှန် အတိုင်းရှိနေအောင်
သကြား လက်ဖက်ရည် ဇွန်းနဲ့ ၃ ဇွန်း ၄ ဇွန်း ရေတစ်ဝက်ထည့်  သောက်
သို့ မဟုတ် သကြားလုံး
သို့  မဟုတ်  အချိုရည်၁ခွက်သောက် glucose ချက်ချင်းစား
၁၅ မိနစ် အကြာ ပြန် တိုင်း  ကျနေရင် နောက်ထပ် ထပ် စားပေးရ
၁၅ မိနစ် အကြာ ပြန် တိုင်း  ကျနေရင် နောက်ထပ် ထပ် စားပေးရ
ဆက်လက်ကျဆင်းနေပါက ဆေး၇ုံ  ဆေးခန်းသွား ချက်ချင်း
စားလိုက်လို့ 70mg/dl အထက် တက်သွား၇င်
ဆက် ထိန်းဖို့ အတွက် ပါမုန့်  ဘီ စကစ် တွေ ဆက်စားပေးရ
==============
ကိုယ် အလေး ချိန် တက်
-insulin ထိုးလေ ဆာလေ စားလေ ၀လေ
ပုံမှန် လေ့ကျင့်ခန်း ပြန် လုပ်
==============
ဆေး ထိုးနေရာပိုးဝင် အနာဖြစ်
အဆီဖု ခဲများဖြစ်
===============================
ထိုးနည်း ထားသိုနည်း
ထိုးတောမယ် ဆို၇င်
လက်ကို အရက်ပြန် နဲ့ အ၇င်ဆေး
လက်မောင်း ပေါင်  ဗိုက် တစ်ဝိုက် ချက် တစ်ဝိုက်
တလှည့်ဆီ ထိုး
အေး၇င် ထိုး၇င် နာ
ထိုးမယ် အသားကို ဆွဲ
ဝရင် 90 degree ထိုး
ပိန်ရင် 45 degree ထိုး
ဆေးကို ရေခဲသေတ္တာ ထဲမှာ ထား
မဖောက်ရသေးရင် ရေခဲသေတ္တာမှာထား
ခဲသော အထပ်မှာ မထားရ အေး၇ုံလောက်နေရာမှာထား
ဖောက်ပြီးသွား၇င် အပြင်မှာထား 26 degree 1 လ ထားနိုင်
ပူလွန်းသောနေရာမှာ မထားရ
အေးလွန်းသော insulin ကို မထိုးရ
အခန်း အပူ အချိန် အထိ နွေး အောင် စော့င်
အနာသက်သာစေ၇န် ဖြစ်သည်
အေးရင် ထိုးရင် နာသည်
expired date အမြဲစစ်
မသုံး သေးရင် ၄၂၇က်ခံတယ်
pan ဆို၇င် 2 ပတ် နဲ့ ၄ ပတ် ခံ
ထိုးတဲ့ ပုလင်း သန့် မသန့် အမြဲ စစ် ပြီးမှ ထိုး
expired date ကြည့်ပြီးမှ ထိုးဆီးချိုသွေးချိုရောဂါနှင့်_အင်ဆူလင်.mp4
https://drive.google.com/file/d/19bZgmWLidS0vV8mQgLhBdb664dFRMa4L/view?usp=sharing
insulin ထိုး နေ သော သူများ သိရှိရမည် နည်းများ
https://www.facebook.com/HealthcareOnlineAdvice/posts/2490762811245867
https://www.facebook.com/zifammyanmar/videos/466790374022844/



"ကျန်းမာထက်မြက်ရင်သွေးအတွက်" တိုက်ရိုက် Live အစီအစဉ်..
ကျန်းမာထက်မြက်ရင်သွေးအတွက်.mp4
https://drive.google.com/file/d/1vMG1QPEB3baQaOd5Ry_tUkD2iDAcgMCw/view?usp=sharing
https://www.facebook.com/zifammyanmar/videos/609607903112645/

Friday, December 13, 2019


မိသားစုကျန်းမာဖို့ဆီးချိုသွေးချိုကာကွယ်စို့” တိုက်ရိုက် Live အစီအစဉ်...
ဆီးချိုဖြစ်ရင် ပြ သော လက္ခာများ
ရေများများ သောက်  သေများများ ပေါက်
ပင်ပန်းနွမ်းနယ်
ယားယံခြင်း
ဆီး ချို ထိန်းရန်
fbs ည၁၀ နာရီနောက်ပိုင်း မစားဘဲ မနက် ၆ နာရီတိုင်း ပါ က 126 mg/dl မကျော် ရ  အောက်မှာရှိရ
2hpp ထမင်းစားပြီး ၂နာရီ တိုင်း ၁၈၀ မကျော် ရ ၁၈၀ အောက်မှာ ရှိရ
HBA1c သုံး လ တစ်ခါ စစ် ဆေး မှုသည် 7 percent အောက်သို့ ရောက်နေရမယ်
အစားအသောက်နဲ့
လေ့ကျင့်ခန်း ပုံမှန် လုပ် ပြီးထိန်းရန် လို့
တစ်ရက်ကို 30 min လုပ်ရန် လိုအပ်
လုပ် သော အခါ  ချွေး ထွက် သော aerobic လေ့ကျင့်ခန်းမျိုး ဖြစ်ရမည်
အဆီဓါတ် ကို ထိန်းရန် လိုအပ်
ထို့  သို့ အစား အသောက် နဲ့
အနေ အထိုင် ပြောင်း လဲ နိုင်ရင် ဆီးချိုပျောက်ဖို့  အလား အလာ များသလို
ထိန်း ချုပ်မှုရပါက ဆေး များ လုံးဝ မသောက်ရန် အလာအလာ ရှိနိုင် သလို
ဆေး များ လျှော့ ပေါ့ သုံးနိုင် ဖို့ အလာ အလာလည်း ၇ှိလာနိုင်
လူ ထု မှာ ၁၀ ယောက်မှာ ၁ ယောက်ကရှိနိုင်တဲ့ အရာဖြစ်
ကာကွယ်နိုင် သော အရာ ဖြစ် သလို
ပို မို မဆိုးရွှာအောင် ထိန်း လို့ လည်း ရ နိုင် သော အရာ ဖြစ် သည်
ကာကွယ်ဖို့ အတွက် စပေးတဲ့ အခါ 3 မျိုး၇ှိ
အများစု က metformin နဲ့ သွား
ကျန်တဲ့ ၂ ခုက acarbose နဲ့ pioglitazone
ဆီး ချိုရဲ့ နောက် ဆက်တွဲ ရော ဂါ တွေ ဖြစ်တဲ့
သွေးကြောကျဉ်းတာ  ကျောက်ကပ် ပျက်တာ လေ ဖြတ် တာ စသဖြင့် ကာကွယ်နိုင်
အသက် ၄၅ ကျော် လာရင် စစ်သင့်တယ် သွေး ချို ဓါတ် ကို
ဆက် လက် နား ထောင်ရန်
https://drive.google.com/file/d/1AyouCiq2875BiVQW7GyZM-WQSCUrBm1l/view?usp=sharing
https://www.facebook.com/myanmardiabetes/videos/430444731199549/

Thursday, December 12, 2019


"ဆီးချိုလူနာများနှင့်ဆွေးနွေးခြင်း" တိုက်ရိုက် Live အစီအစဉ်...
ဆီး ချိုး ၁ ၂ 
သွေး ချိုထိန်း
fbs   ည၁၀ နာ၇ီ နောက်ပိုင်း မစားဘဲ မနက် ၆ နာ၇ီစစ် ၁၂၀ ၁၃၀ အောက်ရှိရမယ်
rbs 2hpp  ထမင်းစားပြီး ၂ နာရီတိုင်း စစ်  ၁၈၀ အောက်ရှိ၇မယ်
၈၀ အောက် ၅၀ ၆၀ အောက်ဆိုရင် သကြားဓါတ် ကျဆင်း တာဖြစ်တယ်
သကြား tea spoon နဲ့ ၁ ဇွန်းမှာ 5 g ပါ တယ် 3 ဇွန်း  ၄ ဇွန်း လောက် ရေ ဖန်ခွက် တစ်ဝက် ထည့်ပြီး
သောက်ပါ
များလာတာတို့ ထိန်း ချုပ်မ ရတာတို့ ဆိုရင်
ဆေး ထိန်းညှိ မှုအတိုး အလျှော့  များ နေ ဆေး တိုး 
ရမလား အစား အသောက် နဲ့ လေ့ကျင့်ခန်းနဲ့  လျှော့  မလား  
စား သောက်နဲ့ လေ့ကျင့် ခန်း ပုံမှန် လုပ်ရင်   သကြား ဘယ်လောက်ကျ မလဲ
ဆေး ဘယ်လောက် နဲ့ ဘယ် နှစ် ကြိ မ်တိုး မလဲ လျှော့ မလဲ ဆိုတာ ချင့်ချိန်ပြီး
သကြားဓါတ်ကို  fbs 130 အောက် 2hpp 180 အောက် အတွင်း ရောက်အောင် လုပ်ရမည် ဖြစ်သည်
ကိုယ်ဝန် ဆောင် ဆီး ချိုသည် စားပြီး ၁နာရီ ၁၄၀ အောက်  စားပြီး ၂ နာ၇ီ သည် ၁၂၀ အောက် ၇ှိရ
ကိုယ် ၀န် ဆောင်ဆီးချိုသည် ကလေးထွားတတ် စောမွေးတတ်
သားပျက် သားလျှော ဖြစ်တတ် 
hba 1c သုံးလ တစ်ခါ စစ် ၇ အောက်  မှာ ရှိရမယ်
၇ ကျော်ရင် မကောင်း
4.5 to 5.6 normal
ဆက် လက် ဖတ် ရှုရန်  video ဒေါင်း၇န်
https://drive.google.com/file/d/1g2AviFs4_2ySZpFBXXBEtTk1UCVM16LV/view?usp=sharing
https://www.facebook.com/zifammyanmar/videos/435668860660480/

Wednesday, November 27, 2019

ကြောက်ဖို့ကောင်းလွန်းတဲ့ တို့ဆေး (သို့) KATAMINE အကြောင်း လူတိုင်းသိအောင် မျှဝေပေးကြပါ

ကြောက်ဖို့ကောင်းလွန်းတဲ့ တို့ဆေး (သို့) KATAMINE အကြောင်း လူတိုင်းသိအောင် မျှဝေပေးကြပါ

တို့ဆေး(Ketamine) ဟု လူပြောများနေသော်လည်း အမှန်မှာ အထူးပြုလုပ်ထားသည့် အပ်အသေးစားက လေးဖြင့် လူကိုယ်တွင်းသို့ လျှက်တပျက် ထိုးသွင်းလိုက်ခြင်းဖြစ်သည်ခြင်းကိုက်သလို စစ်ကနဲ့ စူးရှနာကျင်သွားမည်၊ ဌင်းဆေးအသားတွင်း ၀င်သွားသည်နှင့် စက္ကန့်ပိုင်းအတွင်းမှာ မူးဝေလာမည်-အမြင်အာရုံဝေးဝါးကာ သတိလွတ်သွားမည် ထိုအချိန်မှာ သင့်ကိုအနားမှာ အလိုက်သင့်တွဲခေါ်သူနောက်ပါသွားရတာပါ။သည်ဆေးဝါ့းတွေကတော့ တရားဝင် ဆေးဝါး မဟုတ်ပါ။
ခွဲစိတ်ရာမှာ သုံးတဲ့သူ မေ့ဆေးအမျိုးစား တွေ date of rape သည့် မိန်းခလေးများအား ဆေးခတ် မုဒိန်းကျင့်နိုင်သောတားမြစ် မူးရစ်ထုံထိုင်း ဆေး တွေကို များသောအားဖြင့်သုံးကြသည်။အဆိုပါဆေးဝါးတွေဟာ အမှုန့်-အဆီ-အရည် အမျိုးမျိုးထုတ်လုပ်ပြီး ဒုစရိုက်သမားများ သုံးနေကြ သည်၊ သူအဆက်သွယ်သွယ်နဲ့ ရှာရပါတယ် မူးရစ်ဆေးဝါးရှာရသည်ထက် လောက် မခက်လှပါ၊ ရန်ကုန်တွင်ကား အဌားယဉ်မောင်းသူ -ဇိမ်းခမ်းနဲ့ ကွမ်းယာဆိုင်တွေမှာပင် မျက်မှန်းတန်းမိလျှင်အလွယ်တကူဝယ်ရနိုင်၏။

တို့ဆေးများကို ဒုစရိုက်လောကသားများ သုံးပြုနေပုံ

ဥပမာ ဘန်ကောက်မြို့ကိုစရောက်လာပြီး နိုက်ကလပ်လိုနေရာမျိုးအားတဦးတည်း တယောက်ထဲ သွားမိသူတွေ အများဆုံး ခံရသည်၊ ညကပွဲရုံမှာ သားကောင်ရှာသူ အမျိုးသမီးနှင့်တွဲကမိရင် ရင်းနှီးကြ-အတူသောက်ပြီးရင် ကောင်မလေးက “အကိုနောက်လိုက်ခဲ့မယ်နော်” ဟုပြောကာ လူရှင်းသည့် တည်းခိုခန်းတွင်းရောက်သွားသည့်အခါအမျိုးသားအား ရေချိုးခိုင်း ပါလိမ့်မယ်။အတူချိုးမယ်ဆိုလည်းလိုက်မည်မဟုတ်ပါ၊
မိန်းခလေးရေချိုးသည့်အလှည့်တွင် သူမဖွတ်ယူ လာသည့် ဆေးအဆီရည်ပုလင်းလေးတွင်းမှ ဆေးရည်စက်များကို လက်ဝါးပေါ်ထည့်၍ သူမရင်သားပေါ်မှာ လိမ်းထားပါလေသည်၊ဒါအပြင် ဘီယာခွတ်အတွင်းမှာလည်ူ အစက်ချထားတတ်သည်။ကုတင်ပေါ်အိပ်တဲ့ကြတဲ့အခါ မှာ သာမန်နဲ့မတူတဲ့ လိုက်လျှောမှုပေးပြီး သူမရင်သားကို ယောက်ကျားလေးမျက်နှာပေါ်ကပ်ရင်းမြူဆွယ်မည်၊မူးနေတဲ့ငနဲကတော့သိတဲ့အတိုင်း…ရင်သားတွေကို လျှာဖြင့်လျှက်သည့်ဖြစ်စေ ပါးစပ်ဖြင့်စုတ်သည်ဖြစ်စေ ဆေးရည်အဆီမှာ အမျိုးသား ပါစပ်တွင်းဝင်သွားပြီးနောက်မိနစ်ပိုင်းအတွင် ခေါင်းတွင်းချာချာလည်၍ အိပ်မောကြသွား ပါလိမ့်မယ်။
ဒီဆေးဟာ သုံးလေးနာရီလောက် သတိလစ်သွားစေနိုင်သဖြင့်၊ နိုးလာလျှင်တော့ အတွင်းခံ ဘောင်း ဘီသာကျန်ပါလိမ့်မည်။ သင်မှာတန်ဘိုးရှိတဲ့ အရာအားလုံးဇိမ်နဲ့မွေနှောက်ယူသွားပါပြီ။နောက်သုံးတဲ့တနည်းက အငွေ့ပါ -ရေမွေးဆပ်ပြာ အစရှိတဲ့ ရူရှိုက်မည့် ပစ္စည်းတွေမှာ အသင့်လုပ်ထားကြသည်၊ သားကောင်တွေကတော့ ပိုက်ဆံချမ်းသာတဲ့အိမ်မှာ တယောက်ထဲ နေတဲ့လူကြီးတွေ မိသားစုအပြင်ရောက်နေကြတုံး ၀တ်ကောင်းစားလှတွေဝတ်ပြီး အရောင်း စာရေး များကဲ့သို့ ဟန်ဆောင်ရင်း ဖေါ်ရည်စွာ ဆက်ဆံလျှက်အိမ်တွင်းသို့ဝင်ဘို့ကြိုးစားပါလိမ့်မည်။
နှစ်ယောက်သုံးယောက် အုပ်စုလိုက် လုပ်ကြသတဲ့ အလှပစ္စည်း အရောင်းကြော်ငြာပုံစံနဲ့ဝင်ပြီး ရေမွှေး(သို့ )ဆပ်ပြာအား လူကြီးရော အိမ်ဖေါ်ပါ မည်းမျှအနံ့ကောင်းကြောင်း နမ်းကြည့်ခိုင်း တဲ့အခါ မူးဝြေပီး မေ့သွားရော၊အဲဒိတော့မှ တအိမ်လုံးမှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေ အေးဆေးယူ သွားကြမည်။
This image has an empty alt attribute; its file name is Screen-Shot-2019-11-27-at-2.26.09-PM.png
ယခုပြည်တွင်းမျာအများဆုံးသုံးနေတာ တို့ဆေးဆိုပြီးေ၇ွှတွေဆင်ထားတဲ့ သူတွေ ခလေးတွေ ကို အနားကပ်ပြီး ဆေးထည့်ထားတဲ့ အပ်နဲ့ပုတ်ထိုးခြင်း လိုက်ခြင်းဖြစ်သည် ခံရတဲ့သူက အဆိုပါမူး ရစ် ဆေး အသားတွင်းရောက်သည်အခါ ချက်ချင်း ဆေးရှိန်တက်လာလို့ ယိုင်လည်းခွေကျ သွားနိုင် ၏၊ ဘာမှမသိတော့အောင် မျှောသွားပြီး ကိုယ်အတွင်း ပိုင်းကြွက်သားများ လှုပ်မရ အောင်ထုံနေ ပါသည်။

အများဆုံးသုံးနေသည့် ဆေးဝါးများ

This image has an empty alt attribute; its file name is Screen-Shot-2019-11-27-at-2.25.45-PM-1024x754.png
Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များ အတွက် မေ့ဆေး တစ်မျိုး အဖြစ် တရားဝင် သုံးစွဲကြ သည်။ သို့သော် ဥရောပနှင့် မက္ကစီကိုတို့တွင် အိပ်မပျော်သည့် ရောဂါများ အတွက် သောက်ရန် ညွှန်လေ့ရှိပြီး ခွဲစိတ်ရာတွင် မေ့ဆေး အဖြစ်လည်း တရားဝင် အသုံးပြု တတ်ကြသည်။တိရစ္ဆာန်များတွင် အများဆုံး အသုံးပြု ကြသည်။ တိရိစ္ဆာန် ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏ လုယက် ခံကြရကြောင်း သိရသည်။ဆေးခတ် ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက် များအား မမှတ်မိခြင်း သွေးပေါင်ချိန် ကျခြင်း အိပ်ချင်လာခြင်း ကြွက်သားများ အားလျှော့ လာခြင်း သို့မဟုတ် ကြွက်သားများအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း အရက်မူး သကဲ့သို့ ဖြစ်ခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ် ဖြစ်ခြင်း စကား မပြောနိုင်တော့ခြင်း လှုပ်ရှားရန် ခက်ခဲလာခြင်း အသိစိတ် ပျောက်ဆုံးခြင်း ဇဝေဇ၀ါ ဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း မူးဝြေခင်း အစာအိမ် မအီမသာ ဖြစ်ခြင်းများ ဖြစ်ပါသည်။

GHB ၏ အာနိသင်များ

အာရုံ စူးစိုက်နိုင်မှု လျှော့ကျခြင်း အိပ်ချင်မူးတူး ဖြစ်ခြင်း မူးဝြေခင်း မအီမသာနှင့် ပျို့ချင် အန်ချင် စိတ်ဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း သတိလစ်ခြင်း လေဖြတ်သကဲ့သို့ ဖြစ်ခြင်း ဆေးခတ်ခံ ရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း အသက်ရှူရန် ခက်ခဲခြင်း တုန်တုန် ယင်ယင်ဖြစ်ခြင်း ချွေးထွက်ခြင်း အော့အန်ခြင်း နှလုံးခုန်နှုန်း နှေးကွေးခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း သတိမေ့မြောခြင်း (ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း – coma) သေဆုံးခြင်း

KETAMINE ၏ အာနိသင်များ

စိတ်အာရုံ ချောက်ခြားခြင်း အချိန်နှင့် အမှတ်အသား များအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း အမြင်နှင့် အကြား အာရုံများ မမှန်မကန် ဖြစ်လာခြင်း မိမိကိုယ်ကို မထိန်းသိမ်းနိုင်ဟု ခံစားလာရခြင်း လှုပ်ရှား နိုင်စွမ်းအား ထိခိုက်လာခြင်း အသက်ရှူရန် ခက်ခဲလာခြင်း အူတက်အောင်ရယ်ခြင်း အော့အန်ခြင်း ခန္ဓာကိုယ် ထိတွေ့ ခံစားနိုင်စွမ်း မရှိတော့ခြင်း မှတ်ဉာဏ် ထိခိုက်ခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း ထုံထိုင်းခြင်း လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း အမူအရာ ကြမ်းတမ်းလာခြင်း များဖြစ်ပါသည်။ကြိုတင်၍ ကာကွယ်ဘို့ဆိုသည်မှာ အနီးပါတ်ဝန်ကျင်မှ လူစိမ်းများကို အခါမလပ် သတိဖြင့် စောင့်ကြ ည့်ရမည့် အပြင် အသွားအလာကို တဦးတယောက်ထဲသွားမည့်အစား အဖေါ်နှင့် သွားလာရပါမည်၊ ခလေးများအား တဦးတည်း မိမိမျက်စေ့အောက်မှ နာရီပိုင်းမိနစ်ပိုင်းသွား ရမည့် နေရာများအား မလွှတ်မိစေရန် လိုပါသည်။ခေတ်ပျက် ကာလတွင် မသမာသူများ-ဒုစရိုက်သမားများ လူယုတ်မာများ ပေါသည်ထက်ပေါ လာပြီဖြစ်၍ သွားသတိ-စားသတိ-နေသတိ ရှိနိုင်ကြပါစေ။
Source : Ko Tin Aung’s Facebook

Sunday, November 24, 2019

Rove beetle (Paederus dermatitis or dermatitis linear - DL)

Rove beetle (Paederus dermatitis or dermatitis linear - DL)
................……………………………………….…


Ans: မျိုးစိတ်တွေအများကြီးရှိပေမဲ့ အတိုချုံ့ပြောရရင် မြင်တဲ့အတိုင်းပါပဲ သူတို့က 7-8mm လောက်ပဲရှည်တဲ့ အကောင်​သးသေးလေးတွေပါ. အမဲရောင်နဲ့ လိမ္မော်ရောင်စပ်ကြား ကိုယ်ထည် Tail ကတော့ metallic black color ချွန်ထွက်နေတယ်.


Ans: စိုစွတ်တဲ့နေရာတွေမှာနေပါတယ်. ဒါပေမဲ့ မိုးအရမ်းရွာလာပြီဆို ခြောက်သွေ့တဲ့နေရာတွေကိုသွားတတ်ပါတယ်. ကြည့်ရတာ အရမ်းစိုစွတ်တဲ့နေရာကိုတော့ကြိုက်ပုံမပေါ်ဘူး. မနက်ခင်းပိုင်းတွေဆို လေထဲကနေပြတင်းပေါက်တွေကနေတဆင့် နံရံတွေပေါ်မှာတွားသွားနေတာ တွေ့ရတတ်တယ်. ညခင်းတွေဆို မီးချောင်းတွေအလင်းရှိတဲ့နေရာတွေနားမှာနေတတ်ပါတယ်.





👍🏼 1. Primary Prevention

- အဓိကကတော့ မီးပိုးကောင်တွေကိုသွားမထိမိဖို့လိုပါတယ်. ကိုယ့်အရေပြားနဲ့မထင်မှတ်ပဲထိမိသွားရင် မြန်မြန် ဆပ်ပြာနဲ့ရေနဲ့သေချာဆေးထုတ်ပစ်ဖို့လိုပါတယ်. ဘာလို့လဲဆိုတော့ သူတို့ရဲ့ Toxin သည် easily penetrable through human skin ပါ. ဆပ်ပြာဆိုသည်မှာ dettol , ကာဘိုလစ်တို့လိုပြင်းတဲ့ဆပ်ပြာသုံးဖို့ တိုက်တွန်းချင်ပါတယ်. လက်နဲ့ကိုင်မိထိမိသွားရင်လဲ အရေးကြီးဆုံးဖြစ်တဲ့ မျက်စိနဲ့တခြား နူးညံ့တဲ့ခန္ဓာကိုယ်အစိတ်အစိတ်အပိုင်းတွေကိုမပွတ်မိအောင်လုံးဝရှောင်ရပါမယ်. မျက်စိကိုအဆိပ်ရည်ဝင်သွားတာနဲ့ severe conjunctivitis လို့ခေါ်တဲ့ပြင်းထန်တဲ့ မျက်စိယောင်ယမ်းခြင်းဖြစ်နိုင်ပါတယ်. နောက်တခုက အကျိင်္ဘောင်းဘီအရှည်တွေကိုဝတ်ဆင်ပေးဖို့လိုပါတယ်.



Ans : စိတ်မကောင်းစွာနဲ့ပဲ First aid treatment မရှိပါဘူးလို့ Australia NSW , AOCD (American Osteopathic College of Dermatology) က စာတမ်းတွေကပြောထားပါတယ်. မီးပိုးကောင်ကိုအရေပြားနဲ့တိုက်ရိုက်မထိတွေ့အောင်ရှောင်ရမယ်. ထိမိခဲ့ရင်လဲအထက်ပါအတိုင်း Soap & Water နဲ့သေချော​ဆးကြောသန့်ရှင်းပစ်​ရပါမယ်.


👍🏼3. Tertiary Prevention






#Be_Safe_Be_Aware_Of_Rove_Beetle
#Sharing_is_caring
#credit_AOCD #NCBI #NSWs
(Unicode)

Rove beetle : မြန်မာအခေါ် မီးပိုးကောင်ပေါ့. အခုတလော outbreak တွေမြန်မာပြည်မှာအဖြစ်များလာလို့ chat box ကနေကြောက်ပြီး အကူအညီတောင်းလာကြတာနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေ သိသင့်သိထိုက်တဲ့အရာလေးတွေကို knowledge အနေနဲ့ရေးတင်ပေးလိုက်ပါတယ်. မိမိကိုယ်တိုင်လဲ infected တကြိမ်ဖြစ်ဖူးတော့ ရောင်ရမ်းနာကျင်တာကိုကိုယ်ချင်းစာမိတယ်.... အထူးသဖြင့်မိန်းခလေးတွေ မျက်နှာမှာဖြစ်ရင်အမာရွတ်ကျန်တတ်လို့ အထူးဂရုစိုက်ပေးဖို့လိုပါတယ်နော်... 💁🏼‍♀️

💥 Ok. Firstly, What is rove beetle?
(မီးပိုးကောင်ဆိုတာဘာလဲ? )

Ans: မျိုးစိတ်တွေအများကြီးရှိပေမဲ့ အတိုချုံ့ပြောရရင် မြင်တဲ့အတိုင်းပါပဲ သူတို့က 7-8mm လောက်ပဲရှည်တဲ့ အကောင်​ေသးသေးလေးတွေပါ. အမဲရောင်နဲ့ လိမ္မော်ရောင်စပ်ကြား ကိုယ်ထည် Tail ကတော့ metallic black color ချွန်ထွက်နေတယ်.
(P.S: အကောင်သေးပေမဲ့အဆိပ်ကတော့ တော်တော်ကြီး ပြင်းပါတယ်နော် )

💥Where are rove beetle found?
(သူတို့တွေဘယ်နားမှာနေလဲ ဘယ်နေရာတွေမှာပေါက်ဖွားတတ်လဲ?)

Ans: စိုစွတ်တဲ့နေရာတွေမှာနေပါတယ်. ဒါပေမ့​ဲ မိုးအရမ်းရွာလာပြီဆို ခြောက်သွေ့တဲ့နေရာတွေကိုသွားတတ်ပါတယ်. ကြည့်ရတာ အရမ်းစိုစွတ်တဲ့နေရာကိုတော့ကြိုက်ပုံမပေါ်ဘူး. မနက်ခင်းပိုင်းတွေဆို လေထဲကနေပြတင်းပေါက်တွေကနေတဆင့် နံရံတွေပေါ်မှာတွားသွားနေတာ တွေ့ရတတ်တယ်. ညခင်းတွေဆို မီးချောင်းတွေအလင်းရှိတဲ့နေရာတွေနားမှာနေတတ်ပါတယ်.

💥How can rove beetles afftect the humans? (လူတွေကိုဘယ်လိုအန္တရယ်ဖြစ်စေလဲ)

Ans: "မီးပိုးကောင် ကိုက်တယ်" လို့သာပြောကြပေမဲ့ တကယ်တမ်းသူတို့တွေက ကိုက်တာ အမြီးနဲ့ထိုးတာမျိုးတွေမလုပ်ကြပါဘူးတဲ့ (unless ကိုယ်ကသွားမထိရင်ပေါ့).. ပုံမှန်ဆိုမကိုက်တတ်ကြပေမဲ့ သူတို့သွေးထဲမှာတော့ Pederin လို့ခေါ်တဲ့ potent toxin တမျိုးပါပါတယ်. အဲ့အဆိပ်ကလူတွေနဲ့ထိမိတဲ့နေရာမှာ ချက်ချင်းလက္ခဏာမပြတတ်ဘူး. ၁၂-၃၆နာရီကြာပြီးမှ ပထမရက်မှာနီရဲပြီးယားမယ် (appear reddish rash or erythema) ပြီးရင် Sign of inflammation ​တွေဖြစ်လာမယ်. (အောက်ပုံတွေထဲမှာ မြင်ရပါလိမ့်မယ်).. ဆိုလိုချင်တာက ယောင်ယမ်းမယ် ပူပြီးနာလာမယ် burning sensation လို့ခေါ်တဲ့အထိ မီးစနဲ့ထိုးသလိုနာပါတယ်. နောက်ရက်တွေမှာ အဆိပ်ရည်နဲ့ ထိမိတဲ့အရေပြားပေါ်မှာ အညိုအမဲကွက်တွေဖြစ်လာမယ်. အဆိပ်နဲ့ထိမိတဲ့နေရာတဝိုက်မှာ blister လို့ခေါ်တဲ့ အရည်ကြည်ဖုလေးတွေပေါက်လာမယ် ကုတ်မိရင် အဲ့ဒိ့အရည်ကြည်ဖုလေးတွေပေါက်သွားပြီး ပိုးဝင်ပြီး အခြေအနေပိုဆိုးသွားနိုင်ပါတယ်. အဲ့ဒိ့လက္ခဏာတွေက ၄ ရက်ကနေ ၁၀ ရက်ထိကြာနိုင်ပါတယ်.

🗨️Complication ( နောက်ဆက်တွဲဆိုးကျိုးများ) :
- ပုံမှန်ဆို ၂-၃ ပါတ်အကြာမှာ အနာသက်သာပြီးလူကအကောင်းအတိုင်းပြန်ဖြစ်သွားပေမဲ့ အဆိုဝါးဆုံးပြဿနာက အမာရွတ်ကျန်တတ်ပါတယ်. အဖတ်တွေလန်မယ်. အရေပြားခြောက်ပြီး အက်ကွဲတာမျိုးလဲဖြစ်တတ်ပါတယ်. အသားပတ်သလိုမျိုးပေါ့. အဲ့ဒါကြောင့် လက်နဲ့သွားမကုတ်မိဖို့အထူးလိုအပ်ပါတယ်နော်..

💥How can I protect myself from rove beetle bites?
( မိမိကိုယ်ကိုယ်ဘယ်လိုကာကွယ်ရမလဲ?)

🌡️ Prevention and Control
👍🏼 1. Primary Prevention
(ဆေးမလိမ်းမသောက်ပဲ ရောဂါမဖြစ်ခင် ဘယ်လိုကာကွယ်ရမလဲ?)

Ans: မိမိပတ်ဝန်းကျင်မှာ သူငယ်ချင်းမိသားစုတွေ အပေါ်မှာဖော်ပြထားတဲ့ အကောင်အမျိုးအစား, အရေပြားပြသနာတွေတွေ့ရပြီဆို မိမိကိုယ်ကိုယ်ကာကွယ်လို့ရပါတယ်.
- အဓိကကတော့ မီးပိုးကောင်တွေကိုသွားမထိမိဖို့လိုပါတယ်. ကိုယ့်အရေပြားနဲ့မထင်မှတ်ပဲထိမိသွားရင် မြန်မြန် ဆပ်ပြာနဲ့ရေနဲ့သေချာဆေးထုတ်ပစ်ဖို့လိုပါတယ်. ဘာလို့လဲဆိုတော့ သူတို့ရဲ့ Toxin သည် easily penetrable through human skin ပါ. ဆပ်ပြာဆိုသည်မှာ dettol , ကာဘိုလစ်တို့လိုပြင်းတဲ့ဆပ်ပြာသုံးဖို့ တိုက်တွန်းချင်ပါတယ်. လက်နဲ့ကိုင်မိထိမိသွားရင်လဲ အရေးကြီးဆုံးဖြစ်တဲ့ မျက်စိနဲ့တခြား နူးည့ံတဲ့ခန္ဓာကိုယ်အစိတ်အစိတ်အပိုင်းတွေကိုမပွတ်မိအောင်လုံးဝရှောင်ရပါမယ်. မျက်စိကိုအဆိပ်ရည်ဝင်သွားတာနဲ့ severe conjunctivitis လို့ခေါ်တဲ့ပြင်းထန်တဲ့ မျက်စိယောင်ယမ်းခြင်းဖြစ်နိုင်ပါတယ်. နောက်တခုက အကျင်္ိဘောင်းဘီအရှည်တွေကိုဝတ်ဆင်ပေးဖို့လိုပါတယ်.

- ကိုယ်နေတဲ့ပတ်ဝန်းကျင် - မီးချောင်းတွေပြတင်းပေါက်တွေကို မလိုအပ်ပဲမဖွင့်ပါနဲ့. မီးပိုးကောင်တကောင်တေလများ တွေ့ခဲ့သည်ရှိသော် တအိမ်လုံးကိုချက်ချင်းပိုးသတ်ဆေးဖြန်းပေးပါ. (unfortunately, သူတို့ကအသက်ပြင်းပါတယ်). အိမ်သန့်ရှင်းရေးနဲ့အရမ်းတော့မဆိုင်ပေမဲ့ ဖုန်တွေအမှိုက်တွေလှဲထုတ်ပစ်ဖို့လဲတိုက်တွန်းချင်ပါတယ်. အိပ်ယာခင်း အဝတ်အသုံးအဆောင်တွေကို သန့်ရှင်းရေးလုပ်ပါ. သန့်ရှင်းရေးလုပ်နေစဉ်အရေးကြီးဆုံးက လက်အိတ် လက်ရှည်ဝတ်ဖို့လိုပါတယ်​နော်..

👍🏼 2. Secondary Prevention
( သောက်ဆေးလိမ်းဆေးလိုလား?)

Ans : စိတ်မကောင်းစွာနဲ့ပဲ First aid treatment မရှိပါဘူးလို့ Australia NSW , AOCD (American Osteopathic College of Dermatology) က စာတမ်းတွေကပြောထားပါတယ်. မီးပိုးကောင်ကိုအရေပြားနဲ့တိုက်ရိုက်မထိတွေ့အောင်ရှောင်ရမယ်. ထိမိခဲ့ရင်လဲအထက်ပါအတိုင်း Soap & Water နဲ့သေချာ​ေဆးကြောသန့်ရှင်းပစ်​ရပါမယ်.
- နောက်တခုက Cold compression : ယောင်နေတဲ့နေရာတွေကိုရေခဲကပ်ပေးလို့ရပါတယ်
- Antihistamine lotion : မြန်မာပြည်ကဆေးဆိုင်တွေမှာတော့ colordryl or calamine lotion အမည်နဲ့ဆေးရည်တွေလိမ်းလို့ရပါတယ်
-Aloe vera : ရှားစောင်းလက်ပတ် cream လဲလိမ်းပေးလို့ရပါတယ်
- အထက်မှာပြောထားတဲ့အတိုင်းလုပ်ကြည့်ပေမဲ့ အရေပြားပြသနာအရမ်းဆိုးလာတယ် ယောင်လာတယ် ဖျားလာတယ် အရိုးတွေထိပါနာလာတယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းမှာဆရာဝန်နဲ့ ထိထိရောက်ရောက်ပြသင့်ပါတယ်.

- တချို့ study တွေမှာတော့ စဖြစ်ဖြစ်ချင်းပထမရက်မှာ Combine treatment ပေးလို့ရပါတယ်. သောက်ဆေးအနေနဲ့ သက်ဆိုင်ရာပိုးသတ်ဆေး (antibiotics ), အယောင်ကျဆေး (antihistamine) + လိမ်းဆေး (Topical steroids) တွေပေးရင်အထောက်အကူဖြစ်တယ်လို့ပြောထားပါတယ်.
- နောက်တခုပြောချင်တာက Potassium permanganate ပါတဲ့ Calamine လိမ်းပေးတာက Steroid လိမ်းတာထပ်ပိုပြီးအကျိုးရှိတယ်လို့ NCBI ကပြောထားပါတယ်. AOCD ကတော့ Ciprofloxacin ပိုးသတ်ဆေးသောက်ဆေးကို Strong Topical Corticosteroid လိမ်းဆေးနဲ့တွဲပေးခြင်းဟာ အနာကျက်နှုန်းပိုမြန်တယ်လို့ဆိုပါတယ်.
- ဆိုးရွားစွာမျက်စိယောင်ယမ်းခြင်း (Severe conjunctivitis ) ဖြစ်လာပြီဆိုရင်တော့ နုနယ်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်း ဖြစ်တဲ့အတွက် သက်ဆိုင်ရာမျက်စိဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှုခံယူတာအကောင်းဆုံးဖြစ်ကြောင်းအကြံပေးချင်ပါတယ်.

👍🏼3. Tertiary Prevention
( Infection ကနေနလန်ပြန်ထပြီး နောက်ဆက်တွဲပြသနာတွေကိုဘယ်လိုဖြေရှင်းမလဲ?)

Ans:ဖြစ်နိုင်တဲ့​ေနာက်ဆက်တွဲဆိုးကျိုး (Possible Complication after infected ) တွေကိုအထက်မှာဖော်ပြပြီးဖြစ်ပါတယ်. လောလောဆယ် အဖြစ်များဆုံးကတော့ အမာရွတ်အညိုကွက်တွေပါ. အကြံပေးချင်တာကတော့ အမာရွတ်ပျောက်ဆေးစွဲလိမ်းပေးသင့်ပါတယ်. သက်ဆိုင်ရာဆေးဆိုင်တွေမှာ အမာရွတ်ပျောက်ဆေး (eg: hiruscar, hirudroid) တို့ရနိုင်ပါတယ်. ဒါပေမဲ့ ပျောက်ဖို့အချိန်အတော်ကြာပါတယ်နော်.

💥Conclusion (နိဂုံးချုပ်)

- ချုံပြောရရင်တော့ မီးပိုးကောင်က အေးတဲ့ရာသီစိုစွတ်တဲ့ရာသီမျိုးတွေမှာပိုပေါလို့ ရှေ့လာမဲ့ဆောင်းတွင်းမှာ အထက်ပါအချက်လေးတွေအတိုင်း မဖြစ်ခင်ကြိုတင်ပြီး မိမိကိုယ်ကိုယ်ကော မိသားစု မိတ်ဆွေတွေကိုကော ကာကွယ်တတ်ဖို့လိုပါတယ်. Prevention is better than cure ပါနော်. နောက်တခုအရေးကြီးဆုံးမှာချင်တာကတော့ ဆေးမီးတိုတွေနဲ့လုံးဝလုံးဝ ❌🙅‍♀️မကုကြပါနဲ့. ရောဂါပိုဆိုးပြီး ပြင်ပကပိုးတွေပါဝင်ပြီးအခြေအနေ​တွေဆိုးသွားတတ်ပါတယ်..

P.S: Rove beetle ခေါ် မီးပိုးကောင်မှာ မြန်မာပြည်တွင် outbreak သဘောအသွင်ဆောင်လာတဲ့အတွက်ကြောင့်သော်လည်းကောင်း, ပြင်းထန်တဲ့လက္ခဏာတွေကြောင့်သော်လည်းကောင်း လူတိုင်း ဗဟုသုတရစေရန်အလို့ငှာ International အကိုးအကားတွေနဲ့တကွရေးသားပြီးတင်ပေးလိုက်ပါတယ်. မှားယွင်းရေးသားမိသည်ရှိသသော်လည်းသည်းခံပေးကြပါလို့ တောင်းပန်အပ်ပါတယ်နော် 😊

Dr Thin Mon Kyaw @ Dr Sofia Daud
https://www.facebook.com/shinnine.mon/posts/10212865490185716