Neonatal jaundice နဲ့ စိတ်ဝင်စားဖွယ်ရာအချက်များ
သတိမထားမိလောက်တဲ့အချက်တွေချည်း စုပြီး ရေးပေးထားပါတယ်။ Paediatrics (Child Health) ကို စထိတွေ့မယ့် FP1 တွေရော FP2 ကလေးတွေပါ အကျိုးရှိပါလိမ့်မယ်။ အချင်းချင်း share ပေးကြပါဦးနော်။ ;-)

RBC breakdown က ထွက်လာတဲ့ hemobogin ထဲက heme ကို heme oxygenase (HO) ကဖြိုခွဲမယ် biliverdin အဲကနေ bilirubin ဆက်ဖြစ်မယ်။
Total bilirubin (TB) ကို သွေးထဲမှာ ပုံစံ၎မျိုးနဲ့တွေ့ရပါတယ်...
1. unconjugated bilirubin (UC) bound to albumin
2. free or unbound bilirubin
3. conjugated bilirubin
4. conjugated bilirubin bound to albumin (δ-bilirubin)
Albumin-bound UC က အများဆုံးပါ sick or preterm newborn တွေမှာ albumin က concentration ရော binding affinity ပါကျလို့ UC တက်လာဖို့ အန္တရာယ်ပိုများပါတယ်။

သွေးထဲက bilirubin တွေကို liver ထဲပို့... conjugate လုပ် (UDP-glucuronyl transferase/UGT လို UGT မပါလာရင် UC တက် Crigler-Najjar $ လို့ ခေါ်ပါတယ်)... bile ထဲ secrete လုပ် တစ်ချို့သော conjugated bilirubin က enteric mucosal enzyme β-glucuronidase ကြောင့် UC ပြန်ဖြစ် အူကနေ liver ဆီပြန်စုပ်သွားပြန်တယ် (enterohepatic circulation/EHC) newborn မှာက gut flora မရှိသေးတာမို့ conjugated bilirubin ကို urobilinogen ဖြစ်အောင် reduce လုပ်တာ နည်းပါသေးတယ်... အဲဒီထဲမှာ hepatic uptake နဲ့ conjugation က newborn မှာ ခက်ခဲနေပါသေးတယ်... ဒီတော့ အကြောင်းတစ်ခုခုကြောင့်သာ hemolysis များနေရင် bottleneck effect နဲ့ UC တွေများနေမယ်... သူသာ albumin-binding capacity ကျော်သွားရင် free UC တွေများလာပြီး brain ဆီရောက် lipid-soluble မို့ kernicterus ဝင်နိုင်။
မွေးပြီး ၁ပတ်လောက်အတွင်း နို့ကောင်းကောင်းမဝင်ရင် relative starvation ဖြစ် delayed meconium pass ဖြစ် bilirubin ကို EHC နဲ့ ပြန်စုပ်သွားပြီး ဝါနိုင်တယ် ဒါကို breastfeeding jaundice လို့ အခေါ်ကြတယ် တစ်ကယ်က breastfeeding failure jaundice လို့ခေါ်ရင် ပိုမှန်မယ် (ဒီ principle က လူကြီးမှာလည်း ရှိတယ် >24 h လောက် ငတ်နေရင် လူကြီးလည်း နည်းနည်းဝါနိုင်တယ် starvation jaundice လို့ခေါ်ပါတယ်တဲ့)။ ဒီလိုမဝါအောင် မွေးပြီးစရက်တွေမှာ နို့သေချာတိုက်ဖို့လိုမယ် တစ်နေ့ကို ၈ကြိမ်ကနေ ၁၂ကြိမ်လောက်အထိပေါ့။
နို့ပိုဝင်လာတဲ့ မွေးပြီး ၃ရက် ၅ရက်လောက်ကျ အမေ့နို့ထဲပါတဲ့ Pregnane-3-α,20-β-diol နဲ့ nonesterified long-chain fatty acids က UGT ကို ပိတ်လို့ UC တက်တတ်ပြန် အမေ့နို့ထဲလည်း β-glucuronidase ပါတတ်ပြီး သူ့ကြောင့်လည်း EHC နဲ့ UC တက်ပြန် ဒါကိုကျ breast milk jaundice လို့ခေါ်တယ် ကလေး ၃ပတ်ကနေ လပိုင်းအထိ ကြာနေနိုင်တယ် သေချာချင်ရင် အမေနို့ ၁ရက်၂ရက်လောက်ဖြတ်ကြည့်လိုက်ပြီး formula feeding ပေးရင် UC တစ်ဝက်လောက်အထိ ပြုတ်ကျသွားပါတယ် သို့သော် ဒီလိုနို့ဖြတ်တာက breastfeeding ကို ပြဿနာပေးနိုင်လို့ သိပ်မလုပ်ချင်ကြဘူး ဒါဆို အခြား prolonged neonatal jaundice causes တွေကို exclude လုပ်ပြီး diagnose လုပ်လို့ရတယ် (hypothyroid, UTI စသည်ပေါ့) ကလေးကလည်း ကျန်တာအကုန်ကောင်းနေရမှာပေါ့။
EHC ကို ပိတ်နိုင်ရင်လည်း UC ကျဖို့ရှိတယ် orlistat ကို အဲဒီလိုသုံးနိုင်ပါတယ်တဲ့ သူက fecal fat excretion များလာစေတော့ bilirubin လည်း ပါသွားမယ်ပေါ့ (UC က lipid soluble ကိုး)။ β-glucuronidase ကိုပိတ်နိုင်သော L-aspartic acid or casein လည်း ပေးလို့ရတယ်တဲ့။ Adsorbent ဖြစ်တဲ့ activated charcoal လည်း ပေးနိုင်ပါတယ်။

ဒါဖြင့် unconjugated hyperbilirubinemia ကို ဘယ်လို define လုပ်ကြလဲ... UC ≥2 mg/dL (34 µmol/L) လို့ အကြမ်းဖျင်းဆိုပါတယ်။
Conjugated hyperbilirubinemia ကျ conjugated bilirubin >1.5 mg/dL (26 µmol/L) and ">10% of TB concentration" ပါတဲ့။
(UC တက်တဲ့ကလေးတွေမှာ 10% UC က van den Bergh test မှာ direct reacting လုပ်နိုင်လို့ >10% of TB ဆိုတဲ့ cut-off ကို ထပ်ထည့်ထားတာပါ)
Unconjugated hyperbilirubinemia ဖြစ်စေတဲ့အထဲမှာ Rh incompatibility က နာမည်ကြီးပါတယ်။ အမေက Rh(-)ve ကလေးက Rh(+)ve ဆိုရင် အမေ့ anti-D IgG သာရှိရင် (subsequent pregnancies, previous fetomaternal hemorrhage စသည်ကြောင့်ပေါ့) ကလေး RBC ပေါ်က D-antigen ကို သွား bind မယ် WBC (Fc receptor ရှိတာကိုး) လာမယ် Hemolysis ဖြစ်မယ်ပေါ့ Bound IgG မို့ direct Coombs test (+)ve ပါ Rh blood group က CDE system (C,c; D,d; E,e) ဆိုပေမယ့် D က antigenic အဖြစ်ဆုံး (ကလေးသွေး 0.1 mL နဲ့တင် အမေ immune response လာတယ်ပြောတယ်)မို့ Rh D isoimmunization လို့ ခေါ်ပါတယ်။ H'lytic anemia မို့ bone marrow stimulation ဖြစ် immature RBCs ထွက် (ဒီတော့ erythroblastosis ဖြစ်) extramedullary eryropoiesis ဖြစ် (ဒီတော့ hepatosplenomegaly ဝင်) anemia သိပ်ဆိုး tissue hypoxia ဖြစ် capillary leak ဖြစ် generalizaed edema ဖြစ် (anemic heart failure ကြောင့်လည်း ပါမယ်) effusion တွေလည်း ဖြစ် (pleural, pericardial, peritoneal) ဒါကြောင့် hydrops fetalis ဟု ခေါ်သည်။ ဗိုက်ထဲမှာက ထွက်လာသမျှ UC ကို placenta က ဒိုင်ခံရှင်းပေးနေလို့ မွေးမွေးချင်း မဝါသေး မွေးပြီး နာရီပိုင်းအတွင်း liver conjugation မနိုင် secretion မနိုင်လို့ တရိပ်ရိပ်နဲ့ အဝါတက်လာမယ်။
ABO incompatibility ကျ အမေက 'O' ကလေးက 'A' or 'B' ဆိုပိုဖြစ်တယ် အမေ့ဆီမှာက anti-A/B က အစကတည်းကရှိပြီးသား ဒီတော့ 1st pregnancy လည်း မလွတ်ဘူး စိတ်ဝင်စားဖို့ကောင်းတာက အမေက A ကလေးက B (ဒါမှမဟုတ် အမေက B ကလေးက A) ဆို ကျ အမေ့ဆီက anti-A/B က IgM များပါတယ် သူက placenta သိပ်မဖြတ်နိုင်လို့ HDN သိပ်ဖြစ်လေ့မရှိ အမေ O ကျ anti-A/B က IgG များပါတယ်တဲ့ ဒီတော့ ပိုဖြစ်တယ်။ IgG က Rh incompatibility တုန်းကလိုပဲ ကလေး RBCs ကိုကပ် WBC လာ (Fc receptor နဲ့ပဲ) H'lysis ဖြစ်ပြန်။ A or B antigenic sites က Rh ရဲ့ D လောက် RBC ပေါ် မများဘူး တစ်ခါ A or B antigenic sites က RBC အပြင် အခြား cells တွေမှာလည်း ရှိတော့ IgG က RBC ပေါ်ရောက်သွားတာ ပိုနည်းတယ် ဒါတွေကြောင့် ABO incompatibility က Rh လောက်မဆိုးဘူး IgG-bound RBCs က spleen မှာ pitting အလုပ်ခံရတော့ spherocytosis လေးလည်း ရှိနေမယ်။
IgG နဲ့ ကလေး RBC မတွေ့အောင်တားနိုင်ရင် H'lysis နည်းဖို့ရှိပါတယ် ဒါကြောင်း IVIG ကို ထိုးတာရှိပါတယ် (500-1000 mg/kg over 2 h; m/b repeated after 12 h) phototherapy ပေးရင်း အဝါမကျရင် ဒါမှမဟုတ် within 2-3 mg/dL (34-51 µmol/L) of exchange level ဖြစ်လာရင်ပေါ့ Rh incompatibility ထက်စာရင် ABO case တွေမှာ ပို effective ဖြစ်ပါသတဲ့။

TB ≥25 mg/dL (428 µmol/L) ဒါမှမဟုတ် high-risk baby ဆို ≥20 mg/dL (342 µmol/L) ဖြစ်ရင် intervention ၀င်ပါတယ်။
ပထမအဆင့် phototherapy ပါ UC တွေကို isomerization ဖြစ်စေပြီး ထွက်လာတဲ့ metabolites တွေကို bile ကနေ excrete လုပ်ပါတယ်။ နောက်ပိုင်း LED-based မီးလုံးတွေက မပူလို့ hyperthermia ဖြစ်မှာမပူရပေမယ့် တစ်ခါတစ်လေ ကလေးအေးနေမှာ သတိပြုရပါမယ်။
Conjugated hyperbilirubinemia ကို photo ပြမိရင် photoproducts က photobilirubin II ပါ သူက brown pigments အဖြစ် ပြိုကွဲပါတယ် bile က ကန်ချဖို့ကြိုးစားပေမယ့် conjugated hyperbilirubinemia ကလေးတွေက cholestasis ရှိတာမို့ သွေးထဲပြန်ဆန်တက်ပြီး skin နဲ့ urine မှာ brown-black (bronze) color ဖြစ်ပါတယ် ထူးထူးခြားခြားပြဿနာတော့ မပေးပါဘူးတဲ့။
တစ်ခုသတိထားရမှာက congenital erythropoietic porphyria ရှိရင်တော့ photo မပြရပါဘူး ပြမိရင် H'lysis ပိုဆိုးမယ် bullous lesions တွေပေါ်မယ် သေတဲ့အထိဖြစ်နိုင်ပါတယ်။

Intensive phototherapy နဲ့မှ ၆နာရီအတွင်း TB က ကျမသွားဘူးဆို exchange transfusion ကိုစဉ်းစားပါတယ်။ Blood group က O-negative ဆို ကောင်းပါတယ် (အမေသွေးရော ကလေးသွေးနဲ့ပါ compatible ဖြစ်ပြီးသားဖြစ်ပါတယ်) ဒါမှမဟုတ် ABO/Rh compatible to maternal serum ပါ (အမေ့ serum နဲ့ cross matching လုပ်ရမယ်လို့ ဆိုလိုပါတယ်)။ ကလေးရဲ့ blood volume ၂ဆနဲ့ သွေးလဲလို့ double-volume exchange transfusion လို့ခေါ်ပါတယ် term ကလေးဆို 2×85mL/kg (170 mL/kg) preterm ဆို 2×100mL/kg (200 mL/kg) သွေးအသွင်းအထုတ်ကို မကြမ်းစေရပါဘူး တစ်ခါကို 10% total blood volume (TBV) မကျော်စေရပါဘူး တစ်ခါအသွင်းအထုတ်လုပ်တဲ့သွေးကို aliquot လို့ခေါ်ပါတယ် အကောင်းဆုံးက တစ်ခါကို 5 mL/kg or 5% of TBV ကို 2-10 minutes ကြာအောင် အသွင်းအထုတ်လုပ်သင့်ပါတယ်။ Exchange တစ်ကြိမ်လုပ်လိုက်ရင် 85% of circulating RBCs လဲပြီးဖြစ်တယ် (Ig-G bound RBCs နည်းစေတယ်ပေါ့) bilirubin က ထက်ဝက်ထိကျပါတယ်။ လဲရင် ၅ရက်အတွင်းလှူထားတဲ့ fresh blood ဆို ပိုကောင်းပါတယ် မရနိုင်လို့ old blood သုံးရင် acidosis ကို correct လုပ်ဖို့ Na bicarbonate ပေးရပါလိမ့်မယ် (သွေးအိတ်ထဲက citrate က alkali ထွက်လာဦးမှာမို့ pH 7.1 အထိပဲ ညှိထားရင် လုံလောက်ပါတယ်)။
သွေးမလဲခင် ၁နာရီ ၂နာရီအလိုမှာ salt-poor albumin (1 g/kg) ပေးလိုက်ရင် albumin က tissues တွေထဲက UC တွေကို သွေးထဲဆွဲထုတ်ပေးထားလို့ exchange transfusion ကို effective ပိုဖြစ်စေပါတယ် (UC 40% လောက် ပိုကျတယ်ပြောပါတယ်)။

အခုပြောနေတဲ့ bilirubin ပြဿနာတွေက heme breakdown ကနေလာတာမို့ အပေါ်ဆုံးမှာပြောထားတဲ့ HO enzyme ကို ပိတ်လိုက်ရင် ကိစ္စပြတ်ပါတယ် ဒီလိုတွေးပြီး HO inhibitor တွေထွင်လာကြတယ် metalloporphyrins တွေလို့ ခေါ်ပါတယ် tin protoporphyrin, tin mesoprophyrin, zinc protoporphyrin စသည်ဖြင့်ပေါ့ သူတို့ကို Crigler-Najjar $ မှာတော့ သုံးနေကြပါပြီ။ Non-metalloporphyrin inhibitor တွေလည်း ရှိပါတယ် ဥပမာ azalanstat ပါ။
---------------------
By the way စာသင်နေပါတယ်နော်... ရေစက်ဆုံတဲ့ကလေးများ တက်ချင်ရင် စုံစမ်းနိုင်ပါတယ် လူအများကြီးမဟုတ်လို့ လူနည်းနည်းနဲ့ အာရုံပိုစိုက်ချင်တဲ့ကလေးတွေအတွက် အဆင်ပြေပါမယ်နော်။

CHILD
Final Part I: Sat, Sun (7:30-9:30AM)
Final Part II Junior: Sat, Sun (1:30-3:30PM)
Final Part II Senior: Mon, Wed (4:00-6:00PM)

အခြားဘာသာတွေလည်း သင်ပါတယ်။
3rd MB Surgery: Friday (4:30-5:30PM)
Final Part I OG: Sat, Sun (9:30-11:30AM)
လူစုမိရင်လည်း လိုက်သင်ပေးပါတယ်။

Final Part II Junior
Surgery: Tue, Thu (4:00-6:00PM)
Medicine: Tue, Thu (6:00-8:00PM)
OG: Sat, Sun (11:30AM-1:30PM)
Surgery: Tue, Thu (4:00-6:00PM)
Medicine: Tue, Thu (6:00-8:00PM)
OG: Sat, Sun (11:30AM-1:30PM)
Final Part II Senior
OG: Sat, Sun (11:30-1:30PM)
OG: Sat, Sun (11:30-1:30PM)
Pharmacology လည်း သင်နေပါတယ်... စုံစမ်းနိုင်ပါတယ်။
ကျူရှင်မဟုတ်ဘဲ Guide သဘောမျိုး study facilitator အဖြစ်လည်း သင်ပါတယ် message ကနေ စုံစမ်းပါနော်။
https://www.facebook.com/permalink.php?story_fbid=2085883704959966&id=100006150708554&O:-)